ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊
နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား.......
တိုင်းပြည်ကိုအမှန်တကယ်ချစ်မြတ်နိုးပြီး ကိုယ်ကျိုးမကြည့်တဲ့ စာနာတတ်တဲ့
လူငယ်များသာ DSA ဝင်ခွင့်အောင်ပါစေဘုရား...။
စီးပွားရေးလုပ်ချင်သူများ DSA ဝင်ခွင့်ဖြေပါက စာမေးပွဲကျပါစေဘုရား....။
လေကျယ်၍ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားချင်သော ဂွမ်ညှော်တို့လို
KIA များကို အမြစ်ပြတ် ချေမှုန်းမယ့် စစ်သူရဲကောင်းများ များများပေါ်ထွန်းပါစေဘုရား...။
လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း ကိစ္စများ အမြန်ဆုံးပြေလည်ပါစေဘုရား...။
နိုင်ငံရေးယောင်ယောင် ဟိုယောင်ယောင်၊ ဒီယောင်ယောင် ရဟန်းတု ရဟန်းယောင်များ
သာသနာတွင်းမှ ကင်းစင်ပပျောက်ပါစေဘုရား....။
ယူနီဖေါင်းဝတ်ပြီး နိုင်ငံခြားထွက်ချင်နေတဲ့ ဗိုလ်ချုပ်များ ဆေးကျပါစေဘုရား...။
သူခိုးကျင့် သူခိုးကြံ ဝန်ထမ်းများ နာတာရှည်ရောဂါတစ်မျိုးမျို
းနဲ့ အမြန်ဆုံး ပင်စင်ယူပါစေ ဘုရား.....။
မြင့်မြတ်သော ထေရဝါဒ ဗုဒ္ဓသာသနာ့မြေမှာ နိုင်ငံတော်ကို နည်းလမ်းအမျို
း မျိုးဖြင့် ဖျက်လိုဖျက်ဆီးလုပ်နေသူများရန်မှ အမြန်ဆုံးရှင်းလင်းရန် စစ်မှန်သည့်
ပြည့်အင်အား ကို အောင်မြင်မှုအခွင့်ပေးတော်မူပါဘုရား....။
ပြည်သူ့မြေယာကို အာဏာနဲ့သိမ်းပြီး ပြေလည်အောင်မဖြေရှင်းတဲ့ သက်ဆိုင်ရာ
အာဏာပိုင်များ ရောက်ရာ ဘဝမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ပါစေဘုရား...။
ကိုယ်ပိုင်မြေယာ မဟုတ်ဘဲ ပွဲလန့်တုန်းဖျာခင်းသော အယောင်ဆောင် ဆန္ဒပြသူများ
ဖြစ်လေရာ ဘဝတိုင်း အိုးမဲ့ အိမ်မဲ့ ဖြစ်ပါစေဘုရား...။
မိမိတို့ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ပြောဆိုကြေညာရဲခြင်းမရှိတဲ့ အမတ်မင်းများ
ဘဝဆက်တိုင်း အစိုးရအရာရှိများ၊ အမတ်မင်းများ မဖြစ်ပါစေနဲ့ဘုရား...။
တောခိုကျောင်းသားများရဲ့ ဘဝပေါင်းများစွာအားနင်းခြေပြီး စီးပွားရှာအမြတ်ထုတ်သူများ
လွှတ်တော်အပေါက်ဝသို့ အနားပင် မသီနိုင်ပါစေနဲ့ ဘုရား....။
ဆင်ဖိုးထက် ချွန်းဖိုးကြီးသောသူများရဲ့ လုပ်ပိုင်ခွင့်များကို ရုတ်သိမ်းတော်မူပါဘုရား...။
အခြေအမြစ်ရှိရှိ မရှိရှိ စစ်တပ်မကောင်းများများရေးပြီး သူပုန်လော်ဘီလုပ်နေသော
မီဒီယာများ အမြန်ကျဆုံးပါစေဘုရား....။
နည်းလမ်းအမျိုးမျိုးဖြင့် လုပ်အားခ ခေါင်းပုံဖြတ်သော၊ အလုပ်ချိန်ခေါင်းပုံဖြတ်သော
အလုပ်ရှင်များ အမြန်ဆုံး ကျဆုံးပါစေဘုရား....။
ဗုဒ္ဓသာသနာအကျိုး ဆထက်တံပိုးတိုးလို့ ဆောင်ရွက်နိုင်သူ သူတော်ကောင်းများ
တိုင်းပြည်ကို တော်တည့်မှန်ကန်ဖြောင့်မတ်စွာ ဦးဆောင်နိုင်ပါစေ ဘုရား....။
ရဲကျော်သူရ
0 comments:
Post a Comment