Monday, April 21, 2014

နိုင်ငံရေးသမားများသို့အိတ်ဖွင့်ပေးစာ



October 26, 2013

တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးအလို ဆိုတဲ့ စကားဟာ …..
အခုအချိန်မှာတော့ ….
မြန်မာပြည်မှာ ရယ်စရာ အကောင်းဆုံးပြက်လုံး တစ်ခု အဖြစ် …..
ခင်ဗျားတို့ ဖြစ်စေချင်သလို ဖြစ်သွားခဲ့ပါပြီ..။
ကောင်းပါတယ်.
ကျေးဇူးလည်း တင်ပါတယ်.
အဲအတိုင်းပဲ ဆက်ပုံဖော်ပါ..
ခင်ဗျားတို့ ကျေးဇူးကြောင့် ….
ကျွန်တော်တို့ ပိုပြီး ညီညွတ်သွားပါတယ်
ပိုပြီးသွေးစည်းသွားပါတယ် ……

ပိုပြီး လက်တွေကို တင်းတင်းဆုပ်ဖြစ်တယ်.
ပိုပြီးတော့ ကျောချင်းကပ်လာတယ်..
ပိုပြီးတော့ ခင်ဗျားတို့ ကို သတိထားစောင့်ကြည့်ပါတယ်..။
အမျိုးသားရေးနဲ့ တပ်မတော်ကို ….
အင်အားချိနဲ့ ပြိုကွဲသွားအောင် လုပ်မယ့် …..
ဥပဒေမျိုးတွေ ပြဌာန်းလို့ မရအောင် ….
လွှတ်တော် ထဲမှာ တပ်က ၂၅ ရာခိုင်နူန်းကို ….
အချိန်အတိုင်းအတာ တစ်ခုအထိ …..
ဝင်ယူထားဖို့ လိုတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို …..
တပ်မတော်ခေါင်းဆောင်တွေ …..
အမြော်အမြင် ရှိရှိ ဘာလို့ ချခဲ့လဲဆိုတာ ….
အခု ကျွန်တော်တို့  ကောင်းကောင်း သဘောပေါက်နေပါပြီ……
ခင်ဗျားတို့ ကို စိတ်နာပါတယ်..။
ပြည်ပြေး မျိုးဖျက် တွေ ....
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရဲ့ ….
ဝါဒဖြန့် ချိရေး ဌာနခွဲတွေက …..
လုပ်ကြံဖန်တီးထားတဲ့ အဖြစ်အပျက်တွေ.
ဇာတ်မနာနာအောင် ချဲ့ ကားထားတဲ့  ပုံပြင်တွေ အောက်မှာ..
ကျွန်တော်တို့ ကို ....
ဘရိန်းဝပ်ရှ် လုပ်ခံထားရတဲ့ ကောင်တွေလို့ …..
ခင်ဗျားတို့ စွပ်စွဲနေကြ စကားလို့ …..
ခင်ဗျားတို့ ကိုယ်တိုင်လဲ ဘရိန်းဝပ်ရှ် လုပ်ခံထားရပါပြီ…….။
စဉ်းစားကြည့်ပါ …..
ကျွန်တော်တို့ …..
Licence to rape လုပ်တယ် ဆိုတာကို ယုံပါတယ်.
သူတို့ ….
တက္ကသိုလ်ကျောင်းသူ ၆၀ ကို အားရအောင်စော်ကားပြီး.
တရုတ်ဖြူတွေဆီ လက်နက်နဲ့ လဲခဲ့တာကို မယုံပါဘူး.။
ကျွန်တော်တို့  …..
Genocide လူမျိုးတုန်း သတ်ဖြတ်မှု လုပ်တယ် ဆိုတာ ယုံပါတယ်.
သူတို့ လုပ်ခဲ့တဲ့ ဖြူးလူသတ်ပွဲ ဆိုတာ မယုံပါဘူး ….။
တပ်တွေက …..
ရွာတွေ မီးရှို့ …..
တွေ့ သမျှ ခိုးဝှက်နေတယ် ပြောတော့ ယုံပါတယ်..
သူတို့ …..
မြန်မာပြည်အနှံ့ က မီးရထားတွေ ကားတွေ …..
တဂျိမ်းဂျိမ်း ဗုံးခွဲ ....
တွေ့ သမျှ လုယက် နေတယ်ဆိုတာ မယုံပါဘူး..။
ကျွန်တော် တို့ ကို ဓားပြတိုက်နေတဲ့ …..
တပ်မတော်ကြီး အဖြစ် ပုံဖော်တော့ ယုံပါတယ်..
သူတို့ တလကြမ်း တောင်းနေတဲ့  …..
ဆက်ကြေးတွေ ပြန်ပေးငွေတွေကို မယုံပါဘူး..။
ကျွန်တော်တို့ ဆီက ကလေးစစ်သားကို ….
တခမ်းတနား မျက်နှာဖုံးသတင်း လုပ်ပါတယ်..
သူတို့ ရွာလုံးကျွတ် .....
၁၁ နှစ်သားလောက် စပြီး ….
လူသစ်စုတာကို မယုံပါဘူး.။

အကြောင်းရှိလို့ အကျိုးဖြစ်တာပါ..
ခင်ဗျားတို့ သိထားဖို့ က.
အနှစ် ၅၀ လောက် …..
ကျွန်တော်တို့ စစ်သည်တွေရဲ့ အသက်တွေ …..
ထောင်ပေါင်း သောင်းပေါင်းများစွာ ….
စတေး အသေခံပြီးမှ ….
ဒီအခြေအနေကို ရောက်လာတာပါ..။
အခု အချိန်မှာ ….
ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုတာ.
အကောင်းဆုံး ပြက်လုံး ဆိုရင်.
ရန်ကုန် အစိုးရ လက်ထက်တုန်းက ….
ဘယ်တော့မှ ခွဲမထွက်ပါနဲ့ လို့ ပြောတဲ့သူဟာ..
အကောင်းဆုံး ပြက်လုံးပါ.။
ရွှေတိဂုန် ဘုရားက ရွှေခွာရောင်းမယ့် …
ဘ၀ ဟစ်တိုင် လှုပ်ရှားမှု ….
ဆင်စွယ်ရွာ လူသတ်မှု တွေရဲ့ ဖခင် …..
ဗကပ လက်ထက်မှာ.
ဒီမိုကရေစီ နဲ့ ဘာသာ သာသနာ ဆိုတာ …..
အကောင်းဆုံးပြက်လုံးပါ.။
တရုတ်ဖြူ ကျူးကျော်မှု..
တရုတ်နီ ကျူးကျော်မှု ကာလတုန်းက.
ကုလသမဂ္ဂ နဲ့  အနောက်နိုင်ငံတွေ ရဲ့ လူသားချင်းစာနာမှုဆိုတာ.
အကောင်းဆုံး ပြက်လုံးပါ..။
၁၉၉၀ ပြည့်လွန်နှစ်တွေ အထိ ….
ဘာ.နိုင်ငံတော်..ညာ.သမ္မတ လို့ …..
ခဏခဏ ကြေငြာနေတဲ့ ကောင်တွေကြားမှာ ……
စစ်မှန်တဲ့ ဖက်ဒရယ်ဆိုတာ အကောင်းဆုံးပြက်လုံးပါ…….။
တပ်မတော် မှာ တပ်မလေး ၃ …၄ မ နဲ့ …..
မြန်မာတစ်ပြည်လုံး ....
အရူးမီးဝိုင်း တိုက်ပွဲဝင်နေရတုန်းက..
ဒီမိုကရေစီရေး…….
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး..
ဘာကြီး ညာကြီး......ဆိုတဲ့ အသံတွေ မကြားရပဲ ….
တပ်မတော် က တပ်မ ၄၀ လောက်ရှိလာပြီး ….
ပြည်တွင်းက အခြေစိုက်စခန်းတွေ …..
အားလုံး တိုက်ထုတ် ခံရပြီးချိန်ကျမှ.
သမိုင်းတစ်လျောက်လုံး ကျွန်တော်တို့ က..
ဗိုလ်ချုပ် မသေခင်ကတည်းက …..
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို …..
သိပ်လိုချင်ခဲ့ တာပါ ဆိုတဲ့  အပြောမျိုးကို ယုံရင်တော့..
စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်နေတာ …..
ခင်ဗျားတို့ ကိုယ်တိုင်ပါ……
မြန်မာပြည်ရဲ့ မွေးရာပါ အခြေအနေကိုက..
ရှုပ်ထွေးပါတယ်……
စစ်တိုက်ပြီး အဖြေရှာလို့ မရနိုင်ပေမယ့်.
ဒီနိုင်ငံလို နိုင်ငံမျိုးမှာ..
ဗဟို အစိုးရ ရဲ့ တပ်မတော်ဟာ.
အင်အားကြီးဖို့ လို ကိုလိုပါတယ်..။
တပ်မတော် အစိုးရဟာ.
တပ်ကို အင်အားကြီးအောင် လုပ်ခဲ့ပြီးပါပြီ..။
အခု အသွင်ကူးပြောင်းရေး အစိုးရဟာ.
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်နေပါတယ်...။
ခင်ဗျားတို့ အရပ်သား အစိုးရတွေ လက်ထက်မှာ.
ဖက်ဒရယ် ပြည်ထောင်စု အတွက် …..
အာဏာနဲ့ အရင်းအမြစ်တွေ ….
ဘယ်လိုဖြန့် ခွဲဝေခြမ်းမယ်ဆိုတာ..
ဆက်ဆွေးနွေးရပါလိမ့်မယ်…….။
အဲဒီအခါကျရင် ….
ကန့် လန့် တိုက်မယ့် အဖွဲ့ တွေ ….
ဘယ်လောက်များလဲဆိုတာ ခင်ဗျားတို့ သိပြီး …..
တအံ့တသြ ဖြစ်ရပါအုန်းမယ်..။
အဲခါကျရင်.
တပ်က ဘာလို့ နာမည်အပျက်ခံပြီး.
ကျန်တဲ့ စီးပွားရေး ကျန်းမာရေး ပညာရေး တွေထက်..
ကာကွယ်ရေးကို အများကြီး အင်အားဖြည့်ခဲ့တယ် ဆိုတာ.
ခင်ဗျားတို့ ကောင်းကောင်း သဘောပေါက်လာပါလိမ့်မယ်..။
ဘယ်လိုပဲဖြစ်ဖြစ် ….
ဘယ်လောက်ပဲ စိတ်နာနာ …..
ခင်ဗျားတို့ နောက်မှာ ကျွန်တော်တို့ ရှိပါတယ်..
ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့  …..
ခင်ဗျားတို့ ရဲ့ ညှိနိုင်းချက်တွေကို သဘောမတူပဲ.
ကိုယ်ထင်ရာ ကိုယ်စိုင်းမယ့် အဖွဲ့ တွေအတွက်..
ကျွန်တော်တို့ တာဝန်ထားလိုက်ပါ..
မခံချင်လို့ တစ်ခုတော့ ပြောပါရစေ……
ခင်ဗျားတို့ ရဲ့ ဘာ အရေးအခင်း …
ညာ အရေးအခင်း..
ဘာသူရဲကောင်း ….
ညာ သူရဲကောင်း ဆိုတာတွေဟာ
တပ်မတော် ဖြတ်သန်းခဲ့ရတဲ့  သမိုင်းနဲ့ စာရင်..
မြင့်မိုရ်တောင် နဲ့  ဇီးစေ့ ပါ.။
( မခံချင်တဲ့  စစ်ခွေး ရဲမိုး )

0 comments:

Post a Comment