(27.4.2014)
"၁၉၅၄ ဥပဒေရှိတာပဲ.....
ဒီ အမျိုးစောင့်ဥပဒေဆိုတာဟာ လိုသေးလို့လားကွာ"လို့
ကျွန်တော့်ကို အမျိုးစောင့်ဥပဒေကိုလက်မခံတဲ့အမကြီး
တယောက်ပြောဖူးတယ်.....ကြာတော့ကြာပါပြီ....
ဒါပေမယ့် အခုထိမှတ်မှတ်ရရရှိနေပါသေးတယ်....
အဲ၅၄ ဥပဒေအကြောင်းလည်း ဘာမှမသေးတဲ့အချိန်မှာ
အဲလိုအပြောခံရပေမယ့် မိမိယုံကြည်တဲ့၊ လိုအပ်နေတဲ့
အမျိုးစောင့်ဥပဒေအပေါ် ထောက်ခံအားပေးမှု
နည်းနည်းမှမလျော့ခဲ့ပါဘူး.....
ဒါပေမယ့်ခုလိုမသိသေးတာမို့ ပြန်တော့မပြောနိုင် ခဲ့ပေ...
(((၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ
အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ)))
အဆိုးဆုံးနှင့် ပြဿနာအဖြစ်ဆုံးအချက်
-------------------------------------------
ပုဒ်မ ၅ - လူပျိုတော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်
မဟုတ်သော တခြားဘာသာခြား ယေက်ျားတစ်ယောက်နှင့်
အသက်၁၄ နှစ်အောက်မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမ
တစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်၊၊
အထက်ပါပြဌာန်းချက်ကို ဖတ်ရှုလေ့လာရုံမျှဖြင့်
မိခင် နို့ရည်မစင်သေးသော နုနုထွတ်ထွတ်
အရွယ်မျှသာ ရှိသေးသော ပညာဗဟုသုတ
လုံးဝမပြည့်စုံသေးသည့် အရွယ်မျှသာရှိသေးသော
မြန်မာဗုဒ္ဓဘာသာအမျိုးသမီးငယ်ကို လူပျိုတော်ဝင်ပြီး
ဖြစ်သည့် အသက်အပိုင်းအခြားမရှိ အသက်ကြီးရွယ်အို
မည်သည့်ဘာသာခြားကမဆို လက်ထပ်ယူနိုင် သည်
ဆိုသော အချက်မှာ မည်မျှ ရင်လေးဖွယ် ရာ ဖြစ်သည်ကို
အလွယ်တကူသိရှိနိုင်သည်၊၊
ထိုသို့ အသက်၁၄နှစ်အရွယ်ကို လက်ထပ်ခွင့်ပြုပါက
ရာဇသတ်ကြီးပုဒ်မ ၃၇၅ အရ မုဒိမ်းမှုမှ ကင်းလွတ်စေရန်
(တနည်းအားဖြင့်) ထို ပုဒ်မ ၃၇၅ ပထမခြွင်းချက်အရ
“ မိန်းမက ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ
ထိုမိန်းမသည် အသက် ၁၄နှစ်အောက် အရွယ်ရှိသူဖြစ်သည် မုဒိမ်းမှုမြောက်သည်
" ဟူသော ပြဌာန်းချက်နှင့်
လွတ်ကင်းစေရန် အသက် ၁၄ နှစ်ကို သတ်မှတ်ခြင်း
ဖြစ်ပါသည်၊၊“သို့သော် ထိုသူမသည် အသက် ၂၀
မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏
သဘောတူညီချက်ကို သော်လည်းကောင်း၊
မိဘတို့ဆုံးပါမူ အမှန်အုပ်ထိန်းသူ(သို့)တရားဥပဒေအရ
အုပ်ထိန်းသူရှိလျှင် ထိုအုပိထိန်းသူ၏ သဘောတူညီချက်
ကိုလည်းကောင်း ရရှိပြီးဖြစ် ရမည် " ဟူ၍ ပါရှိသည်၊၊
ယင်းကိစ္စ၌ မိဘ (သို့) အုပ်ထိန်းသူဘက်က
ရပ်တည်မှုခက်ခဲ၍လည်းကောင်း၊ ငွေကြေးပြဿနာ
ကြောင့်လည်းကောင်း တစ်စုံတရာသောအကြောင်းကြောင့်
ဘာသာခြားနှင့်လက်ထပ်ခွင့်ကို ပြုလျှင် ထိုသူငယ်မသည်
မိဘအုပ်ထိန်းမှုအောက်တွင် မရှိတော့ဘဲ
ဘာသာခြားကာမပိုင်လင်၏ ချက်ခြင်းရောက်ရှိသွားမည်
ဖြစ်ပါသည်၊၊ထိုသို့ ဘာသာခြားလင်ယောက်ျား၏ တရားဝင်လားအဖြစ်သို့ရောက်ရှိသွားသည်နှင့်
တစ်ပြိုင်နက်
ထိုဘာသာခြားလင်ယောက်ျားမှ လည်းကောင်း
ကိုးကွယ်သည့်ဘာသာသို့ နည်းမျိုးစုံဖြင့်
ကူးပြောင်းသိမ်းသွင်းခြင်းကို မိန်းမဖြစ်သူသည်
မရှုမလ ခံစားရပါသည်၊၊ထိုသို့ ဘာသာခြားလင်ယောက်ျားက
၎င်းကိုးကွယ်သည့် ဘာသာသို့ ကူးပြောင်းသိမ်းသွင်းရန်
အဓိကအကြောင်းမှာ ထိုလင်ယောက်ျားကိုးကွယ်သည့်
ဘာသာသို့ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးက
ကူးပြောင်းဝင်ရောက်မှသာ ထိုယောက်ျား၏ တရားဝင်မယားအဖြစ်ရောက်ရှိမည်ဆိုသောအချက်မှာ
အဓိက အကြောင်းဖြစ်သည်၊၊
ထိုအချက်ကို ၁၉၅၄ ခုနှစ်ဥပဒေက ဘာသာခြား
လင်ယောက်ျားက ၄င်း၏ ဗုဒ္ဓဘာသာဝင်မယားကို
၎င်းကိုးကွယ်သည့် ဘာသာသို့ ကူးပြောင်းစေချင်ခြင်းမပြုရန်
တစ်စုံတရာ တားမြစ်ပိတ်ပင်ထားသည့် ပြဌာန်းချက်
လုံးဝမရှိခြင်းမှာ ထို ၁၉၅၄-ခုနှစ်ဥပဒေ၏အဓိက
အဆိုးဆုံးအချက်ဖြစ်သည်။
အမျိုးစောင့်ဥပဒေ
ပြဌာန်းလိုခြင်း၏ ရည်ရွယ်ချက်
------------------------------------------------------
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးငယ်သည် ဘာသာခြား
ကာမပိုင်လင်ယောက်ျား၏ မယားအဖြစ်သို့
ရောက်ရှိသွား၍ မိမိ၏ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွင်
မရှိတော့ဘဲ အပျိုရည်ပျက်ရခြင်းဘဝ၊ ကလေးများ
တစ်ယောက်ပြီး တစ်ယောက် မွေးဖွားရသည့်အခြေအနေ၊
ထိုယောက်ျား ကျွေးသမျှ ပေးသမျှသာ စားသုံးရပြီး
ထိုယောက်ျား၏ အိမ်တွင်းနေ၍ ဘာသာခြား
ဆွေမျိုးသားချင်းများအလယ်၌ မျက်စိသူငယ်ဖြင့်
ရပ်တည်နေရသည့်ဘဝသည် ထိုဗုဒ္ဓဘာသာဝင်
သူငယ်မအဖို့ "နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း"
ဆိုသော အခြေအနေသို့ ရောက်ခြင်းမက
ရောက်ရှိသွားပြီး မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘာသာအပေါ်
မည်သို့ပင် ယုံကြည်ကိုးကွယ်မှုရှိပါစေ မတတ်သာသည့်
အဆုံး ဘာသာခြားလင်ယောက်ျား၏ ကိုးကွယ်သည့်
ဘာသာသို့ ကူးပြောင်းလိုက်ရခြင်း ဖြစ်ပေသည်၊၊
တဆက်တည်းပင် မွေးဖွားလာသော ကလေးများမှာလည်း ဘာသာခြားလင်ယောက်ျား၏
ကိုးကွယ်ရာဘာသာ
အောက်သို့ အလိုအလျောက်ရောက်ရှိသွားရစမြဲဖြစ်ပါသည်၊၊
၁၉၅၄-ခုနှစ် ဥပဒေက မြန်မာဗုဒ္ဓဘာသာအမျိုးသီး
အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သွားမည်
ဆိုသော်လည်း အထက်တွင်ဖော်ပြခဲ့သည့်
အကြောင်းအရာများအရ စာရွက်ပေါ်တွင်သာ
ရှိနေသော အခွင့်အရေးဖြစ်ပါသည်၊၊
ဘာသာခြားနှင့် လက်ထပ်ပြီးပါက ထိုအမျိုးသမီးငယ်မှာ
ဘာသာခြားဖြစ်သွား၍ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ
ဟူသော အနေအထားအဆင့်ပင် မရရှိနိုင်တော့ပါ၊၊
အင်မတန်ကံကောင်းမှသာ မြန်မာဗုဒ္ဓဘာသာဝင်
အမျိုးသမီးအဖြစ်ရပ်တည်နိုင်မည် ဖြစ်ပါသည်၊၊
ထိုသို့ ရပ်တည်နိုင်သည် ဆိုစေကာမူ ဘာသာခြား
လင်ယောက်ျား၏ ကိုးကွယ်ရာဘာသာရေးဥပဒေအရ
တရားဝင်ဇနီးမဟုတော့၍ လက်ထပ်မှု ပျက်ပြယ်သည့်အခါ
ကွားရှင်းပြတ်စဲသည့်အခါ၊ လင်ဖြစ်စေ မယားဖြစ်စေ
ကွယ်လွန်သည့်အခါ အမွေဆက်ခံရသည့်အခါ
ပစ္စည်းခွဲခြမ်းရေး သားသမီးအုပ်ထိမ်းရေးကိစ္စတို့တွင်
အငြင်းပွားရသည့် အခါမျိုးမှသာ ထို၁၉၅၄-ခုနှစ်
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအခွင့်အရေးကို တရားရုံး
အဆင့်ဆင့် တက်ရောက်နိုင်ပြီး ငွေကြေးအမြောက်အများ
အကုန်ခံနိုင်သည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကသာ
ရရှိကောင်း ရရှိမည်ဖြစ်သည်၊၊
သာမန်လူတန်းစားများအနေဖြင့် ထိုအခွင့်အရေးမျိုးကို
မရနိုင်ကြပါ၊၊ဥပမာအားဖြင့် ရောဂါကျွမ်းမှ
ဆေးပေးရသည့်အခါတွင် ရောဂါပျောက် မပျောက်မသိ ငွေကြေးအမြောက်အများကုန်ကြမည်ဖြစ်
ရာ
ထိုမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးအနေဖြင့်
ရှာဖွေရန်မဖြစ်နိုင်တော့ပါ၊၊
ထို၁၉၅၄-ခုနှစ်ဥပဒေသည် ဒုက္ခမဖြစ်အောင်
ကြိုတင်ကာကွယ်သည့် အမျိုးအစားဥပဒေမျိုးမဟုတ်ဘဲ
ပြဿနာပေါင်းစုံနှင့် ကူ၍မရ ကယ်၍မရသည့် ဘဝအခြေအနေမျိုးရောက်မှသာလျှင်
ရင်ဆိုင်ရသည့်
ဥပဒေဖြစ်နေပါသည်၊၊ ထိုဥပဒေမှာ
“ ပေးကာ ပေး၏၊ မရ၊ ကျွေးကာ ကျွေး၏ မဝ
"
ဆိုသော ဥပဒေမျိုးဖြစ်ပါသည်၊၊
ထိုကြောင့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး
အသင်းကြီး၏ “ မီးမလောင်ခင် ကြိုတင်တား "၊
“ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ် "ဆိုသည့်
ဆောင်ပုဒ်တို့နှင့် အညီ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ
လက်ထပ်ခြင်းဆိုင်ရာ အရေးပေါ်ဥပဒေမူကြမ်းကို
သက်ဆိုင်ရာတို့က ပြဌာန်းပေးပါရန်၊ လက်ရှိဆိုးရွား
လာသော ဒုက္ခမှလည်း ကင်းဝေးစေရန်၊
အနာဂတ်ပဋိပက္ခများ ထပ်မံမပေါ်ပေါက်စေရန်၊
မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် ငြိမ်းချမ်းစွာ
ယုံကြည်စိတ်ချစွာဖြင့် နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း
ပေါ်ပေါက်စေရန်၊ သူ့စည်း ကိုယ့်စည်းခြား၍
ဘာသာပေါင်းစုံဖြင့် အေးချမ်းစွာ နေထိုင်နိုင်ရန်
ရည်ရွယ်၍ ထိုအမျိုးစောင့်ဥပဒေကြမ်းကို
အကောင်အထည်ဖော်ပေးရေးအတွက်
သံဃာတော်များက အမျှော်အမြင်ကြီးစွာဖြင့်
စေတနာသန့် သန့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊
(သာကီသွေးဂျာနယ် အတွဲ (၁)၊ အမှတ် (၅/၆)၊ စာမျက်နှာ ၃၈)
0 comments:
Post a Comment