Monday, April 21, 2014

ကြေးတိုက်သူများမလာရ



အတိုက်အခံ ပါတီ ကို ဝေဖန်မိတဲ့ အခါတိုင်း..
အမြဲတန်း ဖြစ်လေ့ ရှိတာကတော့..
ဆိုလိုရင်းကို နားမလည်ပဲ.
စစ်အာဏာရှင်တွေ နဲ့ လိုက်ပြီး ….
ကြေးတန်း ညှိခံ ရ တတ် လေ့ ရှိတာပါပဲ…….
တကယ်တော့ ..
ကျွန်တော်တို့ ဆီမှာ …
အာဏာသုံးရပ်ရဲ့ .....
အပြန်အလှန် ထိန်းကျောင်းပဲ့ ကိုင် ရမယ့် သဘောကို …..
သတိလစ်နေတဲ့ သူ အတော် များပါတယ်..
အာဏာသုံးရပ်လို့ ဆိုလိုက်တာနဲ့ …..
ဒေါ်စု နဲ့ အတိုက်အခံ ပါတီဝင် လေးဆယ် …..
ပါဝင် လှုပ်ရှားနေတဲ့  …..
ဥပဒေပြုရေး အာဏာ ဆိုတာကြီးဟာ..
ဘယ်လိုဟာမျိုးလဲ လို့  လဲ လို့  .....
မေးစရာရှိလာပါတယ်..
တကယ်တော့ ….
ဥပဒေပြု အာဏာအတွင်းမှာ ရှိနေတဲ့ ….
အမတ်တွေရဲ့ တာဝန်တွေဟာ ….
မရေမတွက်နိုင်အောင် များပြားလှပါတယ်..
လွှတ်တော်က ကျင်းပပြုလုပ်နေတဲ့ ….
အစည်းအဝေး တွေ အားလုံးကိုလဲ.
မလွတ်တန်းတက်ရ..
မေးဖို့  လိုအပ်တဲ့ မေးခွန်းတွေကို ထ မေးရ
တစ်ခါ ကိုယ်ပါဝင်တဲ့ …..
ကိုယ် တာဝန်ယူထားတဲ့ ကော်မတီကို ရောက်လာတဲ့ ….
တိုင်စာတွေကို စစ်ဆေးဖတ်ရူရ.
ခေါ်ယူမေးမြန်း သင့်တယ်ထင်တဲ့ …
ကိစ္စတွေကို ခေါ်ယူမေးမြန်းရ.
ကြားနာ စစ်ဆေးသင့်တဲ့ ကိစ္စတွေကို ကြားနာစစ်ဆေးရ..
တွေ့ ရှိချက်တွေကို အစီရင်ခံစာတွေ ရေးရ..
လွှတ်တော်ကို တင်ပြရ ....အကြံပြုရ......
အဲဒါတွေ ပါးသွားတဲ့ အချိန်မှာ …..
ကိုယ့်မဲဆန္ဒနယ်ကို ကွင်းဆင်းပြီး လူထုနဲ့ တွေ့ ရ.
လွှတ်တော် အစည်းအဝေးတွေ မှာ …..
ကိုယ် ဘ၀င်မကျဖြစ်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ …
အချက်အလက်တွေ စုဆောင်းရ..
အသစ်ရေးဆွဲဖို့ လိုတယ်ထင်ရင်လဲ …..
ဥပဒေကြမ်းတွေ ပြုစုရေးဆွဲ တင်ပြရ……
တကယ်တော့ လွှတ်တော်အမတ်ဆိုတာ.
ယားရင်တောင် ….
ကောင်းကောင်း မကုတ်နိုင်လောက်အောင်.
တစ်နှစ်ပတ်လုံး ……
အလုပ်ရှုပ် နေရမှာဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ……
ဥပဒေပြုရေး အာဏာလို့ ဆိုတဲ့ အတွက် ….
ဥပဒေပဲ ပြုရမယ်လို့ ထင်ရင်တော့ …..
အမှားကြီး မှားပါလိမ့်မယ်.
အုပ်ချုပ်ရေး အာဏာက ….
ဆောင်ရွက်နေသမျှ ကိစ္စတွေဟာ..
တော်တည့် ညီညွတ် မှန်ကန်နေသရွေ့ …..
ဘာမှ ပြသနာမရှိ လှပါဘူး.
တစ်ခုခု စပြီး ချို့ ယွင်းလာပြီ ဆိုရင်တော့……
သူ တိုက်ရိုက် ရင်ဆိုင်ရမယ့် ….
အဖွဲ့ အစည်း ၄ ခုရှိလာပါပြီ
ပထမ တစ်ခုက မီဒီယာပါ..
ဒုတိယ က အတိုက်အခံ ပါတီပါ …..
တတိယ က တရားရုံးတော်ပါ.....
စတုတ္ထ က လွှတ်တော်က ရေးရာကော်မတီတွေပါ..
တကယ်ဆို …..
ဒီ ဘိလပ်မြေ စက်ရုံကိစ္စဟာ …..
နံပါတ်တစ် ….မီဒီယာတွေနဲ့ ထိပ်တိုက်တွေ့ ရမှာပါ.
စီကနဲ ညံသွားအောင် …..
လှုပ်လှုပ်သဲသဲ ဖော်ပြရမယ့် ကိစ္စပါ..
အဲ ဒီ စက်ရုံ အနီး တစ်ဝိုက်မှာ …..
သတင်းထောက်တွေ ….
ခြေခြင်းလိမ် နေရမှာဖြစ်တဲ့  အနေအထားပါ.
ဒုတိယ ခြေခြင်းလိမ် ရမှာကတော့ …..
အတိုက်အခံပါတီ .....
အဲနယ်မြေက အဖွဲ့ တွေပါ …..
တတိယက တော့ ….
တရားရုံး အဆုံးအဖြတ်ပါ..

အမှန်ကတော့ .....
ဒီ သုံးခုနဲ့ တင် ကိစ္စပြတ်ပါတယ်..
ဒါပေမယ့် ကိုယ်တော်များ က ……
Watch Dog မဟုတ်ပဲ Sleeping Dog ဖြစ်နေတဲ့ အတွက် ….
တရားစီရင်ရေး အာဏာကို ….
အုပ်ချုပ်ရေး အာဏာက ၀င်စွက်တယ်လို့  …..
စွပ်စွဲမှုတွေ ရှိနေတဲ့ အတွက်..
နောက်ဆုံးမှာတော့ …..
တာဝန်ရှိတဲ့ …..
ရေးရာ ကော်မတီတွေကိုပဲ တ ရ ပါတော့တယ်
ထပ်ပြောပါရစေ ……
တာဝန် ရှိတာပါ.
အုပ်ချုပ်ရေး အာဏာရဲ့  ချွတ်ချော်မှုတွေ အားလုံးကို …..
စောင့်ကြည့် ထောက်ပြပေးနေဖို့ …..
လွှတ်တော် ရဲ့  ....
သက်ဆိုင်ရာ ရေးရာ ကော်မတီတွေမှာ …..
တာဝန်ရှိ ကို .... ရှိပါတယ်
နောက်ဆုံး ....
တရားဝင် မေးတာ မဟုတ်ပဲနဲ့ တောင် ….
ကို ဘယ်သူရေ.နေကောင်းရဲ့ လား..
အဲ..ဟိုကိစ္စလေးက ဘယ်လို ဖြစ်တာတဲ့ လဲ ….
ကျွန်မဆီလဲ တိုင်စာတွေ ရောက်လို့ ပါ …
စစ်ဆေးမှုတွေ ပြီးရင်တော့ ….
အကျိုးအကြောင်းလေး ပြန်ပြောပေးပါအုန်း ဆိုရုံနဲ့ တင်..
ကိစ္စက ပြတ်ပါတယ်..
ဒါဆို အဲဒါတွေ အားလုံး …..
လိုက်လုပ်နေရတော့မလားလို့ …..
မေးစရာ ပေါ်လာပါတယ်.
မဟုတ်ပါဘူး.မလိုပါဘူး..
အုပ်ချုပ်ရေးအာဏာရဲ့ စီမံခန့် ခွဲမှုဟာ.
ချွတ်ချော်လွဲမှား နေပြီ ဖြစ်တဲ့ အခါမှသာ ….
ဝင် ထိန်းညှိပေးရမှာပါ.
အရေးအကြီးဆုံးတစ်ခု ပြောရရင်တော့.
ဒါ ဘယ်ပါတီ တက်တက်..
ဒီလိုပဲ အမြဲတန်း ထိန်းကျောင်းခံရမှာပါ..
၂၀၁၅ မှာ အန်အယ်လ်ဒီ အစိုးရ ဖြစ်သွားလို့ ….
ပြည်ခိုင်ဖြိုး ပျက်သွားလိမ့်မယ် ….
စိတ်ကူးမယဉ်ပါနဲ့ ..
အတိုက်အခံပါတီအနေနဲ့ ….
Shadow Government ဖွဲ့ စည်းပြီး..
( အတိုက်အခံ ပါတီမှာ ၀န်ကြီးဌာနအလိုက်ဖွဲ့ စည်းပြီး
အာဏာရ အစိုးရ လုပ်သမျှကို စောင့်ကြည့် ထောက်ပြနေခြင်း )
အာဏာရ ပါတီကို လိုက်လံစောင့်ကြည့်တဲ့ ကိစ္စကို …..
လက်ရှိ အတိုက်အခံပါတီက မလုပ်ခဲ့ပေမယ့် ….
နောင် အတိုက်အခံ ဖြစ်လာမယ့် ပါတီ က....
သေချာပေါက် လုပ်လာ ပါလိမ့်မယ်
လုပ်နိုင်တဲ့ လူအင်အား ငွေအင်အားလဲ ရှိပါတယ်……
အဲဒီ အခါ ....
အာဏာရပါတီ အနေနဲ့ …..
ကိုယ့်လူ ကိုယ် နိုင်အောင် မအုပ်ချုပ်နိုင်ရင်တော့.
အရှက်တော် ဗြန်းဗြန်းကွဲရမယ့် ကိစ္စတွေ ….
အများကြီး ပေါ်ပေါက်လာ နိုင်ပါတယ်.….
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့.
အခုပို့ စ်လို..
အနာဂတ် အစိုးရအဖွဲ့ လောင်းလို့ ယူဆရတဲ့ ပါတီကို ….
တစ်ခုခု ထောက်ပြလိုက်တိုင်း.
အဘတွေ တုန်းက ဘယ်လို ….
စစ်အာဏာရှင်တွေ လက်ထက်က ဘယ်ဝါ.
ခရိုနီတွေ ကဆို ဘယ်ချမ်းသာ..
ဒါတွေပဲ ကြေးတန်းလာညှိနေသူ..
ကောမန့် လာရေးနေသူတွေ အတွက်.
ဟဲ့ သမီး …ညနေစောင်းပြီ …
အပြင် မသွားနဲ့ တော့လေ .....လို့ ပြောတိုင်း.အဖေ ကလဲ ….
ဟိုဟာ လုပ်စားတဲ့  ------- မ တွေဆို …..ကျုံးထောင့်မှာ ည တစ်နာရီ လောက် ထိတောင် ….
ဆိုင်ကယ် ပတ်စီးနေတာ ဆိုတဲ့…….
အပြောလေးကို ….
အလွတ်ကျက် ထားကြပါ လို့ ပဲ ….
အကြံပေးချင် မိကြောင်းပါ…….။

( ပတ္တရောင် ရဲမိုး )

0 comments:

Post a Comment