စစ်သားဟောင်းတစ်ယောက်အနေနဲ့ ဒီပုံလေးတွေမြင်တိုင်း
ကျွန်တော်ခံစားရတယ်။
ကျွန်တော်တို့ခေတ်တုန်းက မရှိခဲ့တဲ့
ခြင်းတောင်းလေးတွေရက်ပြီး ကိုယ့်ရဲ့ ခဲယမ်း၊ ရိက္ခာတွေကို သယ်နေကြရတဲ့ စစ်သည်တွေလေ...။
ပေါ်တာက ဆွဲချင်တိုင်းဆွဲလို့မရဘူး၊
အမေရိကန်လို လေယာဉ်လည်း ဖေါဖေါသီသီ မသုံးနိုင်ဆိုတော့ အရံကျည်တွေ၊ လက်နက်ကြီးဗုံးသီးတွေသယ်ဖို့ရာ
ဒီကျောပိုးအိတ်နဲ့ သယ်နိုင်မှာ မဟုတ်ဘူးလေ....။
ဒီတော့ ပစ္စည်းများများဆံ့အောင် ကြံဖန်လုပ်ကြရတာပေါ့။
အင်မတန် ပင်ပန်းကြပါလိမ့်မယ်....။ ဘယ်မအေမွေးမှ
မလုပ်နိုင်ပါဘူး...။
တောင်တန်းတွေ၊ လျှို မြောင်တွေကြားမှာ
အသက်ကို စတေးပြီး ခွေးတွေကို ရှင်းနေရတဲ့ ဘဝ...။
ရောက်တဲ့နေရာထိုးအိပ်...။ မနက်ပြန်ထွက်...။
ကျဆုံးတဲ့ စစ်သည် ကျတဲ့နေရာ မြှပ်ခဲ့။
ဘာစောဒကမှ မတက်ဘူး၊ ဘာလူ့အခွင့်အရေးမှ
မတောင်းဆိုဘူး။
ဘာမှ နားမလည်တဲ့ကောင်တွေလို့တော့မထင်နဲ့......။
စစ်သားတွေလေ...။
စစ်ကိုမုန်းလို့ စစ်တိုက်နေကြတာပါ။
စကားလုံးတွေနဲ့ ချူ ပြီး ဘယ်လိုကရုဏာမျို
းကိုမှ မျှော်ကိုးနေတာမဟုတ်ဘူး...။
ရင်ထဲမှာ ရှိတာ.....
ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်..........။
ဘဝပေါင်းများစွာ ကျိုးပျက်ကြေမွ မြေခခဲ့တာတောင်မှ
တပ်မတော်ကိုချစ်နေကြတဲ့ သူရဲကောင်းတွေ.............................။ ။
0 comments:
Post a Comment