မြန်မာနိုင်ငံ
ဖွံ့ ဖြိုးတိုးတက်ရေးရဲ့ …
အဓိက အတားအဆီးဟာ
…
ပြည်တွင်းစစ်ကြီး
သာဖြစ်ကြောင်း ….
ကျွန်တော် မကြာခဏ
ရေးသားခဲ့ဖူးပါတယ် …
ဒါဆို ပြည်တွင်းစစ်ကြီး
ရပ်ဖို့  အဓိက ပြသနာက …
ဘာများဖြစ်နိုင်ပါသလဲ
….
နှစ်ချက်ရှိပါတယ်
….
ပထဆုံး အချက်က
…
အာဏာ နဲ့ အရင်းအမြစ်
ခွဲဝေမှုပါ …
ဖွဲ့ စည်းပုံ
အခြေခံဥပဒေပုဒ်မ စာမျက်နှာ ၁၈၁ ….
ပြည်ထောင်စု ဥပဒေပြုစာရင်း
ပုဒ်မ ၉၆ အရ…
၁။ နိုင်ငံတော်
ကာကွယ်ရေး နှင့် လုံခြုံရေး ကဏ္ဍ
၂။ နိုင်ငံခြားရေး
ကဏ္ဍ
၃။ ဘဏ္ဍာရေး နှင့်
စီမံကိန်းကဏ္ဍ
၎။ စီးပွားရေးကဏ္ဍ
၅။ စိုက်ပျိုးရေး
နှင့် မွေးမြူရေးကဏ္ဍ
၆။ စွမ်းအင်၊
လျှပ်စစ် ၊ သတ္တု နှင့် သစ်တောကဏ္ဍ
၇။ စက်မှုလက်မှု
ကဏ္ဍ
၈။ ပို့ ဆောင်ရေး
၊ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ကဏ္ဍ
၉။ လူမှုရေး ကဏ္ဍ
၁၀။ စီမံခန့် ခွဲရေး
ကဏ္ဍ
၁၁။ တရားစီရင်ရေး
ကဏ္ဍ
ဆိုတဲ့ ကဏ္ဍကြီး
၁၁ ခု ရှိပါတယ် ….
အဲဒီ ၁၁ ခု အနက်က
နိုင်ငံတော် ကာကွယ်ရေး
နှင့် လုံခြုံရေး
နိုင်ငံခြားရေး
…
တရားစီရင်ရေး
…
ဒီကဏ္ဍ သုံးခု ကလွဲလို
့ …
ကျန်တဲ့ ကဏ္ဍတွေက
….
ပြည်ထောင်စု ရဲ
့လုပ်ပိုင်ခွင့် တစ်ချို့ ကို
ပြည်နယ်တွေကို
ခွဲဝေအပ်နှင်း ရပါလိမ့်မယ် …
ဒါဟာ ဖွဲ့ စည်းပုံ
အခြေခံဥပဒေမှာ …
အရင်ဆုံး ပြင်ဆင်ရမယ့်
ကိစ္စပါ …
ဒီအချက်တွေကို
ပြင်ဆင်ဖို့ …
တပ်မတော်ကလဲ ကန်
့ကွက်မယ့်သဘော …
လုံးဝ မတွေ့ ရပါဘူး
…
ဒီလို ပြည်နယ်တွေကို
…
လုပ်ပိုင်ခွင့်တွေ
ခွဲပေးလိုက်ပြီးတာနဲ့  တစ်ပြိုင်နက် …
ပြည်ထောင်စု အစိုးရက
…
ပြည်နယ်တွေရဲ
့အရင်းအမြစ်တွေအပေါ်က …
အမြတ်ထုတ်နေတယ်
....
ပြည်နယ်တွေအပေါ်
ဖိနှိပ်နေတယ် ....
ဆိုတဲ့  အမြင်တွေ
….
လုံးဝ ပြောင်းလဲသွားပါလိမ့်မယ်
…
ဒါဟာ ငြိမ်းချမ်းရေး
ခရီးအတွက် …
အရေးအကြီးဆုံး
ချောဆီပဲ ဖြစ်ပါလိမ့်မယ် …
ဘယ်သူပဲ အစိုးရ
ဖြစ်ဖြစ် …
ဒီချောဆီကို ၂၀၁၅
နဲ့ ၂၀၂၀ ကြားမှာ …
အပြီးအပြတ် ထည့်ပြီး
ဖြစ်ဖို့ လိုပါလိမ့်မယ် …
ပြည်နယ်တွေကို
….
လုပ်ပိုင်ခွင့်ခွဲပေးပြီးတဲ
့နောက်မှာတော့ …
လက်နက်ကိုင်တပ်တွေ
အရေး …
ဆက်ဆွေးနွေးရပါလိမ့်မယ်…
ဒီနေရာမှာ အရေးအကြီးဆုံး
တစ်ခုကတော့ …
အမေရိကန် ပုံစံ
ပြည်နယ်အစောင့်တပ် ဆိုတာသည် …
ဒီတိုင်းပြည်မှာ
လုံးဝ မဖြစ်နိုင်ဘူး ဆိုတာပါပဲ …
ဥပမာ …ကချင်ပြည်နယ်မှာပဲ
…
ကေအိုင်အေဟာ
…
ကချင်ပြည်နယ်
အစိုးရရဲ့ ပြည်နယ်အစောင့်တပ် ဖြစ်လာပြီး ….
ပြည်နယ် အစိုးရ
ရဲ့  အမိန့် ကိုပဲ နာခံမယ်ဆိုကြပါစို့ …
ကချင်ပြည်နယ်တွင်းက
ကျန်တဲ့ လူမျိုးစုတွေ …
လူမျိုးစု ရွာတွေ
နဲ့ 
ပြည်နယ်အစောင့်တပ်
ကေအိုင်အေ အကြား ….
ပြသနာဖြစ်လာဖို
့ဟာ …
မြေကြီး လက်ခတ်မလွဲ
….
သေချာသလောက် ဖြစ်နေပြီ
ဖြစ်ပါတယ် ….
ဒီကိစ္စ ဟာ …
ပြည်ထောင်စု တပ်မတော်အတွင်း
…
ဒီ တိုင်းရင်းသားလက်နက်ကိုင်တွေ
ထည့်သွင်းဖွဲ့ စည်းဖို့  …
ဒါမှမဟုတ် နယ်ခြားစောင့်တပ်တွေ
အနေနဲ့ ပဲ …
တပ်မတော် ရဲ့ ကွပ်ကဲမှု
အောက်မှာ ထားဖို့ …
စတဲ့  နည်းလမ်း
နှစ်ခုကပဲ ….
အဖြေဖြစ်လာလိမ့်မယ်လို
့ ယုံကြည်ရပါတယ် …
ဒီပြသနာ နှစ်ခု
ဖြေရှင်းပြီးရင်တော့ …
ကျွန်တော်တို
့ ဟာ ….
ကမ္ဘာ့ အရှည်ဆုံး
ပြည်တွင်းစစ်ကြီးကို …
အပြီးတိုင် ရပ်စဲနိုင်ပါလိမ့်မယ်
….
တိုင်းရင်းသား
လက်နက်ကိုင်တပ်တွေ နဲ့  …
တပ်မတော် နဲ့ ပေါင်းစည်းသွားနိုင်ပြီဆိုရင်
…
ကျွန်တော်တို
့စစ်တပ်ဟာ …
တရုတ် နဲ့ အိန္ဒိယ
ပြီးရင် …
ဒေသတွင်း အင်အားအကြီးဆုံး
….
တပ်မတော်ကြီး
တစ်ခု ဖြစ်လာပါလိမ့်မယ် …
ဒါတွေ ဆောင်ရွက်ပြီးသွားချိန်မှာတော့
….
ခင်ဗျားတို့ လိုလားတဲ
့ …
၄၃၆ ပဲ ပြင်ပြင်
….
၆၄၃ ပဲ ပြင်ပြင်
…
ကာလုံပဲ ဖျက်ဖျက်
…
တစ်မတ်သား ပဲ
နှက်နှက် …
ကြိုက်သလို
….
သဘောရှိ ကလောဟိ
…
လုပ်ဆောင်နိုင်ပါပြီင်္
….
ဘယ်ပါတီ တက်တက်
…
အခုချက်ချင်း
ပဲ …
၄၃၆ ပြင်မှ ဖြစ်မယ်…
တစ်မတ်သား ထွက်မှ
ဖြစ်မယ်ဆိုရင်တော့ ….
ရွာသာကြီး မှာ
ပဲ …
ပါတီဋ္ဌာနချုပ်
ပြောင်းဖွင့်ဖို့ …
လေးစားစွာ အကြံပြုပါရစေ
ခင်ဗျား….
0 comments:
Post a Comment