Wednesday, April 23, 2014

ဆုတောင်း


(24.4.2014)
တချို့ကကောက်ချက်ဆွဲပြကြ, ပြောပြကြပါတယ်။
KIA နဲ့ စစ်တပ် တိုက်တာ ဘာကြောင့်ပဲဖြစ်ဖြစ်, ကချင်ပြည်နယ်မှာမို့ စစ်တပ်လွန်တယ် . . .တဲ့။
ဒီအကြောင်းပြချက်ဟာ တကယ်ပဲ ခိုင်မာလေသလား။ ကျနော့်အနေနဲ့တော့ သိပ်မဟုတ်ဖူးလို့မြင်မိတယ်။
သူ့စကားနဲ့ ပြန်ကောက်ရရင် . တိုက်ပွဲ့ဖြစ်ရာဒေသဟာ ကချင်ပြည်နယ်သာ . . . ဖြစ်ပါတယ်။ ကချင်နိုင်ငံမဟုတ်ပါဘူး။ ပြည်နယ်ဆိုတာ ပြည်ထောင်စုရဲ့ အစိတ်ပိုင်းတခုသာဖြစ်ပါတယ်။ သူပုန်တပ်ဖွဲ့ရင် အစိုးရတပ်ရဲ့ တိုက်ခိုက်ခြင်းခံရတာ ထုံးစံပါပဲ . . .။ ဘာမှ မမျှတဘူးလို့ ပြောစရာ မရှိ။
နောက်ပီး ကချင်ပြည်နယ်လို့သတ်မှတ်ထားတဲ့နေရာဒေသမှာ KIA ကိုထောက်ခံသူုတွေချည်းနေတာမဟုတ်ပါဘူး။
ကျနော်တို့နိုင်ငံရဲ့ အနေထားအရ လက်နက်ကိုင်အချို့ကို အတိုင်းတာတစ်ခုအထိ စိတ်ရှည်သည်းခံစွာနဲ့ လက်ခံထားပြီး ညှိနှိုင်းမှုတွေ စည်းရုံးမှုတွေ ပြုလုပ်နေရတာပါ။
မြန်မာ မီဒီယာ အချို့ရဲ့ ရပ်တည်မှုတွေ ကလည်း အံ့သြစရာပါပဲ။
ကျနော်တို့ဟာ စစ်အုပ်ချုပ်ရေးကို မကြိုက်တာနဲ့ သူပုန်အားပေးလုပ်လို့မရဘူးဆိုတာ သိသင့်တယ်။ သူပုန်တွေ, လက်နက်ကိုင်တွေကို မရှင်းလင်းနိုင်ခြင်း, အင်အားကြီးထွားလာတာကို ခွင့်ပြုခြင်းဟာ တိုင်းပြည်မှာ စစ်ဘောင်ကျယ်လာစေပါတယ်။ စစ်ဆန်တဲ့ အပြုအမှုလွှမ်းမိုးလာစေပါတယ်။ စစ်ဘောင်ကျယ်လာတာနဲ့အမျှ ဒီမိုကရေစီ, လူ့အခွင့်ရေးဘောင် နယ်ပယ်တို့ဟာ ကျဉ်းကျုံ့သွားမှာ ဖြစ်တယ်ဆိုတာ သိသင့်တယ်။
ဒီမိုကရေစီတို့ လူ့အခွင့်ရေးတို့ကို တက်ကြွလှုပ်ရှားသူတွေ က ဆန္ဒပြတောင်းဆိုတယ်ဆိုတာက အထိုက်လျောက် စစ်ဘောင်ကျုံ့သွားမှ လုပ်လို့ရပါတယ်။

ဥပမာ အားဖြင့် ယနေ့ခေတ်ရဲ့ ဆီးရီးယား ကိုသာပြချင်ပါတယ်။
အာဆတ် အစိုးရတပ်နဲ့ ဘက်ပေါင်းစုံ သူပုန်တပ်နဲ့ တိုက်ပွဲတွေကြားမှာ အသက်လုပြေးနေရတဲ့ ပြည်သူတွေဟာ ဘာတွေများတောင်းဆိုနိုင်ဦးမှာပါလဲ . .
လက်ရှိတပ်မတော်အပြင် အခြားလက်နက်ကိုင်အင်အား တသိန်းခွဲ လောက်ရှိနေတဲ့ ကျနော်တို့နိုင်ငံဟာ ဆီးရီးယားလို ဖြစ်သွားဖို့ ခြေလှမ်းတွေအများကြီးထပ်မှားဖို့မလိုဘူး . . . နီးနီးလေးပါ . . .
သိပ် မမိုက်မဲကြပါစေနဲ့လို့ပဲ ဆုတောင်းမိပါတော့တယ်။


0 comments:

Post a Comment