Saturday, April 19, 2014

ခင်ဗျားတို့ ပြောတဲ့ စစ်အုပ်ချုပ်ရေး

" ခင်ဗျားတို့ ပြောတဲ့ စစ်အုပ်ချုပ်ရေး "
----------------------------------------


အဟက်..............
တစ်ခါလာ …................... ဒီ သောက်စစ်တပ် …..
တစ်ခါလာ ……................ ဒီ နေ၀င်း သန်းရွှေ စစ်အစိုးရ ……
တစ်ခါလာ ……............... ဒီ စစ်အုပ်ချုပ်ရေး အနှစ် ၅၀..
တစ်ခါလာ ................... ဒီ တိုင်းရင်းသား အချင်းချင်း ....
နေစမ်းပါအုန်း……
ဒီဟာတွေက ကောင်းပါတယ်လို့ ရော.
ဘယ်ဒေါင်းစားက ဖင်ပိတ်အော်နေလို့ လဲ.
စစ်အုပ်ချုပ်ရေး မကောင်းဘူးဆိုတာ ….
ပါဝါ အပြန်အလှန် ထိန်းညှိမှု မရှိတဲ့ 
အာဏာရှင်စနစ်ဆိုတာ..............
သုံးတန်းကလေးတောင် သိတယ်.
မသိတာက ခင်ဗျားတို့ ……

ကျုပ်ကလဲ မေးပါရစေအုန်း …..
စစ်အုပ်ချုပ်ရေးကို မလိုချင်ရင် ….
စစ်သားထက် စာတတ်ပါတယ်ဆိုတဲ့ 
ခင်ဗျားတို့ နိုင်ငံရေးသမားကြီးတွေက
တိုင်းပြည် မျက်နှာမကြည့်ပဲ ….........
အချင်းချင်း တစ်ချိန်လုံး ကိုက်နေပြီး ....
တိုင်းပြည်ကို အစိတ်စိတ်ခွဲပြီး .....
စစ်အုပ်ချုပ်ရေးကို ဘာလို့ လက်ယပ်ခေါ် ခဲ့လဲ……

ဖဆပလ ကို ဘာကြောင့် အစိတ်စိတ်ခွဲခဲ့ လဲ..
ပြည်သူ့ ရဲဘော်ကို ဘာကြောင့် အစိတ်စိတ် ခွဲခဲ့ လဲ.
ပထစ ပါတီကို ဘာလို့ အစိတ်စိတ် ခွဲခဲ့ လဲ.
၄၈ ကနေ ၆၂ အတွင်း .......
တိုင်းရင်းသားတွေ နဲ့ နိုင်ငံရေး သဘောတူညီချက် …
ဘာလို့ ရအောင် မယူခဲ့ လဲ.
၈၈ အရေးအခင်း ကို ဘာလို့  စနစ်ကျအောင် မထိန်းချုပ်ခဲ့လဲ ...
ဦးနူ လက်ထက်မှာ ....
လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့  လေးငါးခြောက်ဆယ်ကို
ဘာလို့ လက်နက်စွန့် အောင် မဆွေးနွေးခဲ့ လဲ ….
ခါးပိုက်ဆောင်တပ်တွေ ဘာလို့ မွေးထားခဲ့ လဲ.
မဲရဖို့ အတွက်နဲ့  ဗုဒ္ဒဘာသာကို ….
ဘာလို့ နိုင်ငံတော်ဘာသာလို့  ကြေငြာခဲ့ လဲ
ရိုဟင်ဂျာ အသံ လို့  ....
ဘာလို့ မြန်မာ့အသံမှာ လွှင့်ခွင့်ပေးခဲ့လဲ .....
ဖဆပလ ဟံသာဝတီ ညီလာခံမှာ …..
ဟံသာဝတီ ကိုယ်စားလှယ်က.
တပ်မတော်ကို ပြည်သူ့ရန်သူအမှတ်(၁)
ဆွေငြိမ်းအုပ်စု လိုလားသူ မြို့ပြ၀န်ထမ်းတွေကို ....
ပြည်သူ့ရန်သူ အမှတ်(၂) ....
အစိုးရကို လက်နက်စွဲကိုင် တော်လှန်နေတဲ့
သူပုန်တွေကိုကျတော့ ပြည်သူ့ရန်သူ အမှတ်(၃) ဆိုပြီး ...
ဘာလို့ ထမင်းစားတဲ့ ဦးနှောက်နဲ့ မစဉ်းစားဘဲ ကြေငြာခဲ့လဲ……...
စစ်ရဲတပ်ရင်းတွေ …..
ပျူစောထီးနှင့် သစ်တောကာကွယ်ရေး တပ်ဖွဲ့တွေကို
ရန်ကုန်ကို ဘာလို့ ရွေ့ပြောင်းခဲ့လဲ ….
ဝန်ဒါမီယာ ၀န်ကြီးများဝင်းမှာ ….
ခါးပိုက်ဆောင် လက်နက်ကိုင်အင်အား (၄၀၀) လောက်ကို
ဘာလို့ လာတပ်စွဲထားခဲ့ လဲ..
ပါးစပ်က ဘုရားဘုရား..
လက်က ကားယား ကားယား ……

စစ်အာဏာရှင်သာ မကြိုက်တာ …
လုပ်ပေါက်က မလာ လာအောင် ထမ်းစင်နဲ့ သွားပင့်ခဲ့ ပြီး.
အခုမှ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ပျက်ခဲ့ တယ် ….
မြန်မာပြည်ကြီး ဆုတ်ယုတ်ခဲ့တယ်နဲ့ ….
အလွမ်းသယ် ငိုချင်းချပြနေတယ်..။

တစ်ခုလောက် မေးပါရစေဦးဗျ .....
စစ်တပ်က အာဏာမသိမ်းခဲ့ ရင်ပဲ …
ဆီကိုရေချိုး …ဆေးရိုးမီးလှုံ ….
စပါးတောင်လိုပုံ .....
မစားရ ၀ခမန်း ဇာတ်ခင်းနေတော့..
မြန်မာပြည် လွတ်လပ်ရေးမရခင်တည်းက
ဗိုလ်ချုပ် တောင် အားလုံးအဆင်ပြေအောင်
မညှိနိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို
ခင်ဗျားတို့  ဂျီးတော်အိမ်မှာ သွားဖွက်ထားမှာမို့ လို့ လား
နောက်တစ်ခါ အဲသောက်ပေါက်ပြောရင်……
လေယာဉ်ပေါ်ကနေ လေထီးမပေးဘဲ ….
ကေအိုင်အေ နယ်မြေ ထဲ ကန် ချပြစ်မယ်.
အဲဒီမှာ ခင်ဗျားတို့ ဖာသာ ဒီမိုကရေစီ မြတ်နိုးသူပါ.
စစ်တပ်ကို ကြည့်မရသူပါ ...
ပြည်သူ့  ဘက်တော်သားပါ ...
ကေအိုင်အေ ကို ထောက်ခံသူ ...
ဗမာလေး တစ်ဦးပါလို့  ပြောပြီး ...
အဆင်ပြေအောင်ဆက်ညှိ ကြည့် လိုက် …..…
ဘာဆက်ဖြစ်မလဲ စောင့်ကြည့်လိုက်မယ် ...

ဒါပဲ.။( လေထီး နှမျောတဲ့ ရဲမိုး )

0 comments:

Post a Comment