(22.4.2014)
စာဖတ်ရင်းနဲ့ သဘောကျလို့ သူငယ်ချင်းများကိုအတွေးအမြင်တစ်ခုလေး
မျှဝေချင်ပါတယ်။ ဒါကတော့ အမေရိကန်ဗိုလ်ချုပ်ကြီး William DePuy ရဲ့ တပ်မတော်တိုင်း
ရင်ဆိုင်ကြုံတွေ့ရမဲ့ပြသနာ ၂ ခု ဆိုတာပါပဲ။
Tame problem
ခက်ခဲတယ်၊ လုပ်ငန်းကကြီးမားကျယ်ပြန့်တယ်၊
အချိန်ယူဖြေရှင်းရတယ်။ဒါပေမဲ့ တိတိကျကျဖြေရှင်းနိုင်တယ်။ ဘေးထွက်ဆိုးကျိုးသိပ်မရှိဘူး။အကောင်းဆုံးဥပမာကတော့
လပေါ်ဂြိုလ်တုတစ်လုံးလွှတ်တင်မဲ့ကိစ္စက အန်မတန်ကြီးမားကျယ်ပြန့်တဲ့လုပ်ငန်းပါ။ ဒါပေမဲ့နာဆာအဖွဲ့မှာ
ဒီပြသနာကို တိတိကျကျဖြေရှင်းဖို့ နည်းပညာရှိပါတယ်။ အဆင်မပြေသေးရင်လည်းမလွှတ်တင်နဲ့ဦးဘာမှပြသနာမရှိဘူး။
ဆိုလိုချင်တာက တပ်မတော်အတွက် ခေတ်မီလက်နက်စနစ်တစ်ခုဖြည့်ဆည်း
ဖို့ဆိုရင် ကိုယ်တိုင်ထွင်မလား၊ ၀ယ်မှာလား တိတိကျကျဆုံးဖြတ်လို့ရတယ်။ မတတ်နိုင်သေးဘူးဆိုခဏရပ်ထား၊
တတ်နိုင်တဲ့အချိန်ဖြေရှင်းလို့ရတယ်။
Wicked
problem
သိမ်မွေ့ပေမဲ့မဖြေရှင်းနိုင်ရင်အန္တရာယ်ကြီးမားတဲ့ပြသနာပါ။
အချိန်ယူပြီးစဉ် ဆက်မပြတ်လည်းဖြေရှင်းရတယ်။ ချက်ချင်းလည်းလိုချင်တဲ့ရလာဒ်ထွက်ဖို့မဖြစ်နိုင်ဘူး။
အများစုကလျစ်လျူရှုထား လေ့ရှိတယ်။ အကောင်းဆုံးဥပမာက တော့နိုင်ငံ တော်သမ္မတတစ်ယောက်ရဲ့
ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ပေးခဲ့တဲ့ လူမှုရေးပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးကတိက၀တ်တွေဟာ
ရာနှုန်းပြည့် အောင်မြင်ဖို့မလွယ်ဘူး။ ပြတ်တောင်းပြတ်တောင်းဖြေရှင်းလို့မရဘူး၊ မအောင်မြင်ရင်ဖြစ်လာနိုင်တဲ့
ပြသနာတွေကလည်းကြီးမားတယ်။
ဆိုလိုချင်တာက စစ်သည်တစ်ဦးချင်းစီရဲ့ အရည်အသွေးပိုင်းဆိုင်ရာတိုး
တက်မြင့်မားရေးဆိုတဲ့ရည်မှန်းချက်တာဝန်ဟာ ပိုသိမ်မွေ့ပါတယ်။ အရည် အသွေးမပြည့်ဝတဲ့စစ်သည်တစ်ယောက်ကြောင့်
အဖွဲ့အစည်ုးုယုံကြည်မှု
ကင်းမဲ့လာနိုင်တဲ့ဆိုကျိုးက ပိုကြီးမားပါတယ်။
အချုပ်ဆိုရရင်တော့ လက်နက်ပိုင်းဆိုင်ရာနဲ့
စိတ်ဓါတ်ပိုင်းဆိုင်ရာပြသနာမှာ
စိတ်ဓါတ်ပိုင်းဆိုင်ရာဖြေရှင်းရတာက ပိုခက်ခဲ့ပါတယ်။
ဘယ်လောက်ပဲ
ခေတ်မီတဲ့လက်နက်စနစ်တစ်ခုကို ပိုင်ဆိုင်ထားပါစေ
အရည်အသွေးမြင့်တဲ့
စစ်သည်တစ်ယောက်က ကိုင်တွယ်တာမဟုတ်ရင် တုတ်တစ်ချောင်းထက်ပို
အသုံးမ၀င်ပါ။ —
(Redstar ForPatriot)
0 comments:
Post a Comment