(24.4.2014)
ဟိုတနေ့ က အမြန်ကားလမ်းမမှာ
ကွန်ကရစ်တုံးတွေ ပစ်ချ တယ် ဆိုတဲ့ သတင်းလေးတွေ့လိုက်တယ် ။ ကြာတော့ ကြာပြီလို့ ပြောတယ်
။
အခန့် မသင့် ရင်လူပေါင်းများစွာ
သေ စေ နိုင်တဲ့ ကိစ္စ ... ကိုယ်ကျိုးရှိလို့ လောဘတကြီး ၊ ဒေါသတကြီး ဆောင်ရွက်ကြတယ်ဆိုတာ
က မှ တော်ဦးမယ် ။ ကိုယ်လည်းအကျိုးမရှိ တာကို သူတပါး သေကြေပျက်ဆီးအောင် ဖျက်လို့ ဖျက်ဆီး
စိတ်ဓာတ် တွေက အတော်ဆိုးတယ် ။ ဘာစနစ်ကြီးကျင့်သုံး ၊ ကျင့်သုံး .. ဘယ်လောက်ပဲ ရုပ်ဝထ္ထုတွေ
တိုးတက်လာပါစေ အဲလို စိတ်ဓာတ်တွေ ရှိနေသမျှ အောက်တန်းနောက်တန်းကျနေဦးမှာ ။
ဘယ်လိုပုဂ္ဂိုလ်ဖြစ်ပါစေ
၊ လူ့ဘဝ က ထွက်ခွါသွားကြရတာ ၊ သေဆုံးသွားကြရတာဟာ ပျော်ရွှင်စရာ ၊ ဝမ်းမြောက်စရာမဟုတ်ဘူး
။ အားရကျေနပ်စရာမဟုတ်ဘူး ။ သူတင်ကိုယ်တင် အလဲအကွဲထိုးကြရတဲ့ လက့်ဝှေ့သမားတွေ တောင်
လဲကျသွားပြီး ၊ ရှုံး နိမ့်သွားပြီဆိုတာ နဲ့ ကိုယ့်ပြိုင်ဖက်ကို အတတ်နိုင်ဆုံးဖေးမကြတယ်
၊ ချွေးသိပ်ကြတယ် ။ သူသေကိုယ်သေ ပစ်ခတ် တိုက်ခိုက်နေ ကြတဲ့ စစ်သားတွေ တောင် .... တိုက်ပွဲ
ပြီးဆုံး သွားတာနဲ့ ငိုကြွေး ကြရတယ် ။ ကိုယ့်ဘက်စစ်သားပဲ ဖြစ်ဖြစ် ၊ သူ့ဘက်စစ်သားပဲ
ဖြစ်ဖြစ် သေးဆုံးသွားကြသူတွေရဲ့ ရုပ်အလောင်းကို သိက္ခာမဲ့ စွာ မပြုမူကြရဘူး ။ ကောင်းမွန်စွာ
သင်္ဂြိုလ် ပေးကြရတယ် ။ ဒါဟာ အခြေခံ လူ့ကျင့်ဝတ် ၊ လူသား ဆန်တဲ့ နှလုံးသားတွေ ရဲ့အပြုအမူပဲ
။ အခု ကျွန်တော်တို့ တွေ ကြားထဲမှာ ... ဘာကြီးမို့ ၊ညာကြီးမို့ သေသွားအေးတာပဲ ။ ဘယ်သူတော့
မသေသေးဘူးလား ၊ ဘယ်ဝါတော့ မသေသေးဘူးလား ။ ဘယ်သူတော့ သေသင့်တယ် ၊ ဘယ်သူတော့ မသေသင့်ဘူး
ဆို ပြီး ပြောဆိုနေကြတာ တွေ ကြားရတာ နားထဲမှာ အတော် ညစ်ထေးတယ် ။ အဲလို စိတ်တွေ ၊ အဲဒီနှလုံးသားတွေ
ရှိနေသမျှ ဘယ်ဘာသာ ကို ကိုးကွယ်ကြပါစေ ယဉ်ကျေးသော ၊ သိမ်မွေ့သော လူ့အသိုင်းဝိုင်း ကို
မဖန်တီးနိုင်ကြ မှာမဟုတ်ဘူး ။
နောက် ပုံတွေ
ဖြတ်ညှပ်ကပ်လုပ်တာတွေ ၊ သင်ရိုးညွှန်းတမ်းတွေ ၊ သတင်းစာတွေ မှာ မှားနေလို့ ထောက်ပြတာ
၊ ဝေဖန်တာ ၊ အကြောင်းအရာ တစ်ခုပေါ် မှာ အမှန် ၊ အမှား ဆွေးနွေး ငြင်းခုန်ကြတာ မျိုး
မဟုတ်ပဲ နဲ့ သူဘာသူ နဂို က မှန်နေတာ ကို မှားပါတယ်ဖြစ်အောင် ပြုပြင်ပြီး ရန်တိုက်ပေးတာမျိုး
၊ ဒေါသကို ဆွ ပေးတာမျိုး တွေ့ ရတယ် ။
ပစ္စည်းမဲ့ ဒေါသမဟုတ်ပဲ
ပညာမဲ့ ဒေါသ ကို ဆွပေးတာ မျိုး ပေါ့ ။ ဘယ်လောက်ပဲ ခေါင်းဆောင်ကောင်းတွေ ရှိရှိ ၊ မျိုးဆက်
ဘယ်နှ ခု ပဲ လူမှု အသိုင်းအဝိုင်းကြီးကိုတည်ဆောက်ခဲ့ ၊ တည်ဆောက်ခဲ့ အဲလို လူတွေ တော်တော်များများရှိလာရင်
ကုန်းကောက်စရာမရှိအောင် ပျက်ဆီးကြရဦးမှာပဲ ။ မွဲ တေ နေကြရဦးမှာပဲ ။
ကျွန်တော်တို့
ငယ်ငယ် က သိခဲ့ရသလို တခြားနိုင်ငံ ၊ တခြားလူမျိုး ၊ တခြားလူမှု အသိုင်းဝိုင်းတွေ လောဘ
၊ ဒေါသ ကြီးကြပါတယ် ။ သူတို့ အတွက်အကျိုး ၊ ကိုယ်ကျိုးကို ပဲ ပထမဦးစားပေးတယ် ။ ကျွန်တော်တို့
အသိုင်းဝိုင်းမှာ ကတော့ မောဟ တွေ ၊ မစ္ဆရိယ စိတ်တွေ အားကြီးကြတယ်ထင်တယ် ။ ကိုယ့်အတွက်
အကျိုးရှိလား မရှိလားလည်းမစဉ်းစားကြဘူး ။ ကိုယ့် အတွက် အကျိုးမ ရှိပါပဲ သူများအတွက်
ပျက်ဆီးရာပျက်ဆီးကြောင်းဖြစ်ရင် ပျော်နေတတ်ကြတဲ့ လူတွေ ကျွန်တော်တို့ လူမျိုးထဲမှာရှိနေတာ
ဝမ်းနည်းစရာပဲ ။
ကိုလွှမ်းမိုး
ဆိုတဲ့ အမျိုးအတွက် ကျုပ်ငိုတယ် ဆိုတဲ့ သီချင်း ပဲ နားထဲကြားနေမိတယ် ။
0 comments:
Post a Comment