ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ
အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ
မရှာပဲ ပေတေအိပ်သတဲ့
အိပ်တစ်ဝက် နိုးတစ်ဝက်…။
တစ်နေ့သောအခါ သူအပြင်သွားတုန်း
သူ့ဘေးအိမ် မီးလောင်တယ်ကြားရလို့
စိုးရိမ်ကာ အိမ်ပြန်ပြေးတာပေါ့
ဖုန်တွေနဲ့ လုံး…။
အိမ်ကိုတဲ့ အချိန်မှီ
ရောက်ခဲ့သည် ဆိုပေမယ့်
နောက်ဖေးဆောင် မီးတွေကူးကာ
အိပ်ရာပါ မီးထဲပါသတဲ့
မောရပြီကွဲ့…။
ဒါပေမယ့် ထိုဂေါက်ကြောင်
မီးလောင်တာကို ဂရုမထား
ပစ္စည်းတွေ သယ်မသွားပဲ
'သေဟဲ့ ကြမ်းပိုး မသာမျိုး'လို့
တွတ်တွတ်အော်ကာ က'နေပါသတဲ့
စိတ်ညစ်ပါရဲ့…။
*******************************
ခုခါလဲ ဒို့ပြည်ရွာ
ဆင်းရဲစွာ ရှာဖွေစား
နေရာစုံ ဖာတွေများလို့
မြေယာတွေ မတရားသိမ်းပါတယ်ဆိုနေ
ဖြေရှင်းဖို့ အဖြေမရှာပဲ
ဆန်ရှင်ပိတ်ပါ ဝိုင်းဖိပါနဲ့
မြွေပူရာ ကင်းနှောက်တာတော့
လွန်လွန်းတာပေါ့…။
0 comments:
Post a Comment