အမျိုးသားပြန်လည်သင့်မြတ်ရေး National Reconciliation တဲ့၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး Nationwide Ceasefire တဲ့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး genuine peace တဲ့ ၊ ထာဝရငြိမ်းချမ်းရေး Eternal Peace တဲ့။
နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ…။ ကမ္ဘာပေါ်မှာ သူပုန်အပေါဆုံးတိုင်းပြည်။ သူတစ်လူငါတစ်မင်း သေနတ်ပြောင်းဝက ထွက်တဲ့ တရားဥပဒေကြားမှာ မြေဇာပင်တွေသာကြေမွခဲ့ရ…။
တိုင်းရင်းသားတွေကိုမုန်းရမယ်လို့ ဗမာတွေကို ဘယ်မျိုးဆက်ကမှ သင်မပေးခဲ့ဘူး။ ဒါ ငါတို့ တိုင်းရင်းသားတွေလို့ပဲ သင်ပေးခဲ့တယ်။
အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြစ်ခဲ့တယ်။ ဒုတိယစစ်ပွဲနဲ့ တတိယစစ်ပွဲတွေမှာ နယ်ချဲ့အင်္ဂလိပ်က လက်သပ်မွေးထား တဲ့ တိုင်းရင်းသားတွေဟာ ဗမာတော်လှန်ရေးသမားတွေဖမ်းမိရင် အမျိုးမျိုးညှင်းပန်းနှိပ်စက်ခဲ့တယ်။
ငယ်ငယ်က စာအုပ်ထဲမှာ မြင်ခဲ့ဖူးတဲ့ သာယာဝတီအကျဉ်းထောင်ရှေ့မှာ ပြထားတဲ့ ဗမာတော်လှန်ရေး သမား ခေါင်းပြတ်တွေကို ကြည့်ပြီး အင်္ဂလိပ်လက်ချက်လို့ပဲ ထင်ခဲ့တယ်။
နှစ်ပေါင်းများစွာ အင်္ဂလိပ်စာလေ့လာပြီး အင်္ဂလိပ်လိုစာအုပ်တွေဖတ်ရမှ ဒါဟာ အင်္ဂလိပ် လက်သပ်မွေးထားတဲ့ တိုင်းရင်းသားတွေလက်ချက်မှန်းသိရတယ်။
ခေတ်အဆက်ဆက်အစိုးရဟာ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အစိုးရရဲ့ ပညာရေးသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း ရေးဆွဲခြင်း မလုပ်ခဲ့ဘူး။ ဗမာတွေရဲ့ နှလုံးသားကို အမုန်းဆိုတဲ့ အဆိပ်တွေ မသုတ်လိမ်းခဲ့ဘူး။
ဗမာတွေရဲ့ မျိုးဆက်မှာ ဘယ်တိုင်းရင်းသားကိုမှ ရန်သူလို့မမြင်သလို အစိုးရတိုင်းကလည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အလေးထားခဲ့တာတွေ့ရတယ်။
ယျေဘူယျပြောရရင် ဗမာတွေဟာ ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုတဲ့ သဘောထားကို လက်ခံကျင့်သုံးခဲ့တာ ထင်ရှားပါတယ်။
တိုင်းရင်းသားတွေဘက်ကရော၊ အဲဒီလိုကျင့်သုံးနိုင်ရဲ့လား၊ ကျင့်သုံးကြရဲ့လား…။
မိတ်ဆွေရှမ်းတိုင်းရင်းသားတစ်ယောက်က သူ KIA ရှေ့မှာ စကားမှားသွားဖူးတဲ့အကြောင်း ပြောပြဖူးတယ်။ ဘာပြောတယ်ထင်လဲ…"တောက် မင်းကွာ၊ ရှမ်းဖြစ်နေလို့ ဗမာဆို ဒီနေရာတင်မင်းကို အစိတ်စိတ် အမွှာ မွှာဖြစ်အောင် သတ်ပစ်လိုက်ပြီ…" တဲ့။
ဒါဟာ သူတို့မှာ လူမျိုးရေးမုန်းတီးမှု လုံးဝမရှိပါဘူးလို့ လူကြားကောင်းအောင်အော်နေတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ယောက်ရဲ့ စကားပါ။
ကျေးဇူးရှိပါတယ်လို့ ချီးကျူးခဲ့တဲ့ INGO အဖွဲ့ကြီးမှာတောင် တိုင်းရင်းသားရိုးရာအကတွေ တင်ဆက်ပြသတဲ့အခါ ဗမာအက မပါဘူး။
အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာလည်း ဗမာတွေ ခေါင်းဖြတ်ခံရသလို အခုကိုယ့်မင်းကိုယ့်ချင်းနဲ့ ခေတ်မှာလည်း ဗမာတွေခေါင်းဖြတ်ခံနေရဆဲ။
ဘာကိုလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတော့ ရှင်းရှင်းပဲ၊ ဗမာမမြင်ချင်ဘူး၊ ဗမာသံမကြားချင်ဘူးတဲ့။ ဒါတွေ ပြောတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားအောင်လုပ်တယ်လို့ တချို့ကပြောချင်တယ်။ ဒါပေမဲ့ အခုပြောနေတာ အမှန်ချည်းပဲ။
ဒါဟာ သက်ဆိုင်ရာတိုင်းရင်းသားထုတစ်ရပ်လုံးကို ပြောနေတာ မဟုတ်ဘူး။ သေနတ် ကိုင် ထားရတဲ့ အရသာကို မစွန့်လွှတ်ချင်ကြတဲ့ လူမျိုးရေးဗန်းပြ သူပုန်တွေကို ပြောနေ တာ။ အခုလည်းငြိမ်းချမ်းရေးဆွေးနွေးပွဲတဲ့၊ စောင့်ကြည့်ပါလို့ပဲပြောချင်ပါတယ်။
ဘယ်သူက ကလိန်ကကျစ်လဲ၊ ဘယ်သူက မရိုးသားတာလဲ၊ သင်ခန်းစာဆိုတာတွေကို မုန်း လှ ပြီ။
ပြည်ထောင်စုစိတ်ဓာတ်ရှိတဲ့ တိုင်းရင်းသားတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်၊ ဒါပေမဲ့ သူတို့ဘာမှ မတတ်နိုင်ကြ ဘူး။ ဘာမှ စောဒက မတက်ရဲကြဘူး။ တက်ရဲတက်ကြည့်ပါ လား…အစောကြီး အိပ်ပျော်သွားမှာပေါ့။
တပ်မတော်သားတွေရဲ့ အသက်တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ ဘဝတွေကို ရင်းပြီး ဘယ်လောက် အထိ သူတို့ကစားကွက်ထဲမှာ လိုက်ကနေကြရဦးမှာလဲ။
တပ်မတော်သားတစ်ယောက်ကျဆုံးသွားတာ ကြားလိုက်ရရင် ညီရင်းအစ်ကို တစ်ယောက် ကျဆုံးသွားသလိုပဲ ခံစားရတယ်။
တပ်မတော်သားတစ်ယောက်ရဲ့ ဇနီးမယား မုဆိုးမဖြစ်သွားရင် ညီမလေး တစ်ယောက် မုဆိုးမ ဖြစ်သွားသလိုပဲ ကြေကွဲရတယ်။
စစ်တိုက်လို့ စစ်သားသေတာ ဘာမှမဆန်းပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ဆိုပြီး တစ်ဖက်သတ်ဘယ်လောက်အထိ အသက်တွေ၊ ဘဝတွေရင်းနေရဦးမှာလဲ။ ကျန်ခဲ့တဲ့ သူတွေရဲ့ အနာဂတ်တွေကိုရော ထည့် မစဉ်းစားကြတော့ဘူးလား။
လွန်ခဲ့တဲ့နှစ်တွေက လွှတ်တော်ထဲရောက်နေတဲ့ တပ်မှူးတွေက ပြောဖူးတယ် " သမ္မတကြီးကသာ ပြတ်ပြတ် သားသား အမိန့်ပေးလိုက်စမ်းပါ၊ တစ်လအတွင်း ကချင်ပြည်နယ်မှာ KIA ရှင်းသွားစေရမယ်…" တဲ့။
အပြောလား အလုပ်လား လိုင်ဇာအနီး ၃ မိုင်လောက်ရောက်ပြီးမှ ပြန်လှည့်လာ တာကိုကြည့်..။
ကျွန်တော်တို့ မတိုက်နိုင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်နိုင်လို့မဟုတ်ဘူး။ ကျွန်တော်တို့တိုက်နိုင်၊ လုပ်နိုင်ရဲ့သားနဲ့ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ အသက်တွေကို ရင်းနေရတယ်။
အဲဒီလို ကြေကွဲစရာ ရင်းနှီးမှုတွေနဲ့ ထိုက်ရောထိုက်တန်ရဲ့လား။ ခင်ဗျားတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုသဟာကြီးက တကယ်ရောရမှာလား။
ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်ကြေမွခံပြီး စောင့်ကြည့်နေရတာ သိပ်စိတ်မရှည်ချင်လှဘူး။
ဟန်ပြငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ တပ်မတော်သားတွေရဲ့ အသက်တွေ၊ ဘဝတွေ ထပ်ပြီး မကြွေလွင့် စေချင်တော့ဘူး။
အစွမ်းကုန်မိုက်ရိုင်း၊ ရိုင်းစိုင်းမှုနဲ့တုံ့ပြန်နေတဲ့သူတွေဆီမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာရောရှိလို့လား…။
မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ အရာရှိငယ်လေးတစ်ဦးကို ခေါင်းဖြတ်သတ်ပြလိုက် ကြတယ်။ အခု တစ်နိုင်ငံလုံး သန်းကောင်စာရင်းကောက်နေတဲ့အချိန်မှာ လုံခြံရေးလုပ်နေတဲ့အဖွဲ့ကို ကြားဖြတ် တိုက်ခိုက်တယ်။
လိုင်ဇာကို လက်ဝါးကပ်တိုင်နဲ့ ဗုဒ္ဓဆင်းတုတော်ပို့လိုက်တာ ဗုဒ္ဓဆင်းတုတော် ကို ပြန်ပေးလိုက်သတဲ့။
ဗမာ မင်းသား မင်းသမီးတွေ ရုပ်ရှင်၊ ဗီဒီယိုထဲမှာ ခရစ်ယာန်အဖြစ်သရုပ်ဆောင်လို့ ဘယ်အမျိုးသားရေးဝါဒီကမှ ထမအော်ဖူးဘူး။ ကချင်သရုပ်ဆောင် အယ်လ်ဂျာတောင် တစ်ယောက် ဇာတ်ဝင်ခန်းအရ ဘုရားရှိခိုးတဲ့ အခန်း သရုပ်ဆောင်လိုက်မိပါတယ်။ တလောကလုံး မျက်ကလဲဆံပြာနဲ့ ပွက်လောရိုက်သွားခဲ့ဖူးတယ်။
ဘယ်သူတွေက ဗဟုဝါဒနဲ့ မပျော်မွေ့တာလဲ။ ဘယ်သူတွေက ဆတ်ဆတ်ထိ မခံဖြစ်နေကြတာလဲ။ ၁၃၅ မျိုးထဲမှာ ဘာတွေထူးလို့ ဘာတွေအခွင့်အရေး ပိုလိုချင်နေကြတာလဲ။
HIV/AIDS ပညာပေးရင်း သားဆက်ခြားစီမံကိန်းပါပါတော့ သားဆက်ခြားအတွက် ကွန်ဒွန်အသုံးပြုနည်းကို သင်ပေး တဲ့ ကချင်အမျိုးသမီးလေးကို KIA က ဘာပြောတယ်ထင်လဲ။
"နင်…ကချင်မဟုတ်ဘူးလား။ ငါတို့လူမျိုးကို လူဦးရေနည်းအောင်လာမလုပ်နဲ့။ ငါတို့လူမျိုး လူဦးရေနည်းလို့ တိုင်းပြည်မရှိတာ…။ ဒီမှာ ဒါတွေလာမလုပ်နဲ့…." တဲ့။
ကချင်တိုင်းရင်းသားထုတစ်ခုလုံးကို ပြောနေတာမဟုတ်ပါ။ ပြည်ထောင်စုစိတ်ဓာတ်ရှိတဲ့ ဘယ်တိုင်းရင်းသားကို မဆို လေးစားပြီးသား။
KIA ဆိုတာ ကချင်လူထုတစ်ရပ်လုံးရဲ့ထောက်ခံမှုရောရလို့လား။ အချိန်မရွေး အသက်ပါသွားနိုင်တဲ့ နေရာမှာ ဘယ် လူထုက အမှန်အတိုင်းပြောရဲမလဲ။
ပါးစပ်က အဆက်မပြတ်ပြောနေတာက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးပါပဲ။ ဈေးမဆစ်နဲ့ ငြိမ်းချမ်းရေးက တစ်ပြားသားမှ မလျှော့ဘူး။ ငါ့ကြက်မကြီး ဖင်ကွဲရင် ကွဲသွားပစေပေါ့။
ဒါပေမဲ့ ဆွဲထားတဲ့လက်တွေက အေးစက်စက်၊ တင်ထားတဲ့နုတ်ခမ်းပေါ် က သေနေတဲ့အပြုံး၊ မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်း ပေါက်၊ ထွင်းဖေါက်ပြီးမြင်နေရ တာက ပုံဖျက်ထားတဲ့ အမုန်းတွေ…။
ရန်သူဖမ်းမိပြီး အရှင်လတ်လတ် ခေါင်းဖြတ်ခံရတဲ့ စစ်ဗိုလ်လေးသာ ကိုယ့်သားသမီးဆိုရင် ဘယ်လိုနေမလဲ။ မျက်နှာကအရေခွံကို အရှင်လတ်လတ်ခွာယူသွားတာခံရတဲ့ ရဲဘော်လေးသာ ကိုယ့်ညီဆိုရင် ဘယ်လိုနေမလဲ။
ကြယ်တွေကြွေသလို ဘဝတွေ လေလွင့်ခဲ့ရတာ အနမတဂ္ဂ…။
ဒီလောက်တောင်မုန်းနေကြရင်လည်း နိုင်ငံခွဲထွက်တယ်လို့ကြေညာလိုက်ပါလား။ အဆုံးအထိ တူးတွင်းကြည့်လိုက် ကြရအောင်…။
မိုက်တွင်း…။
ဘယ်တူးလိမ့်မလဲ၊ အဲဒီလောက်မအူဘူးလေ။ အဲဒီလောက်တုံးရင် ဘယ်သူပုန်လုပ်စားလိမ့်မလဲ။
နိုင်ငံခွဲထွက်ပါတယ်လို့ ကြေညာရင် အစိုးရက မီးကုန်ယမ်းကုန် အမြစ်ပြုတ်ဆော်မှာ မဟုတ်လား။
အခုလို သေနတ်ကလေးပြပြီး ပြည်သူကို ဗိုလ်ကျလို့ ဘယ်ရတော့မလဲ။
ဒီလို ဗိုလ်ကျလို့ရအောင် ဘယ်တော့မှ ဖြစ်မလာတဲ့ ဝမ်ပေါင်သမ္မတနိုင်ငံတော် ဆိုတာကြီးကို မျိုးဆက်သစ်တွေရဲ့ ခေါင်းထဲ ရိုက်သွင်း။ အနာဂတ်နိုင်ငံတော်ကြီးအတွက် စွန့်လွှတ်ရမယ်လို့ ဝါဒဖြန့် လူစု။ တတ်နိုင်ရင် အသေခံခိုင်း မယ့်အတူတူ ရှမ်းနီများများစု။ ဗိုလ်လုပ်တယ်ဆို တာ ငယ်သားရှိဖို့ လိုတယ်မဟုတ်လား။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတဲ့…။ လူကြားကောင်းအောင်၊ ဒေါ်လာတွေတောင်းလို့ကောင်းအောင် အော်အော်ပြ လား၊ အော်ပြတတ်ရဲ့..။
ABSDF မြောက်ပိုင်းပြန်တွေပြောတာတော့ KIA စိုက်ထားတဲ့ ဘိန်းခင်းတွေ အများကြီးတဲ့။ ဘုမသိ ဘမသိနဲ့ သွားဖျက်တဲ့ကောင် ABSDF မျက်နှာဖုံးစွပ်ထားတဲ့ လဆိုင်းဓားချက် မိသွားပါရောလား။
လွယ်လွယ်လေးပါ။ ထောက်လှမ်းရေးလို့ တံဆိပ်ကပ်လိုက်။
ဘိန်းကရတဲ့ငွေ၊ ကျောက်စိမ်းကုမ္ပဏီတွေကရတဲ့ ဆက်ကြေး၊ ဆက်ကြေးဆိုလို့ ရုပ်ရှင်ထဲကလို သိန်းဂဏန်း နည်းနည်းပါးပါးမထင်နဲ့။ သိန်းထောင်နဲ့ချီပြီးပေးရတာ၊ အပေးနောက်ကျရင် အကြွေးခံရသေးတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကရတဲ့ ထောက်ပံ့ကြေး၊ သစ်မှောင်ခိုဆက်ကြေး ဘာညာ သာရကာ ဒီလောက်တောင်ခွင်တည့်နေမှ ဘာလုပ်မှာလဲ ငြိမ်းချမ်းရေး…။
ဝမ်ပေါင်သမ္မတနိုင်ငံတော်ထွင်လုံးနဲ့ ဆွဲစိထားတဲ့ကောင်တွေကို အရိုးအရင်းပေး ကိုက်လိုက်၊ သေမယ့်လမ်းဆို ရှမ်းကိုလွှတ်၊ ကိုင်း ဘယ်လောက်ဟန်ကျလဲ။
အင်မတန်လှတဲ့ အတွေး၊ အလွန်စနစ်ကျတဲ့ စီမံချက်၊ ဒါပေမဲ့ ကလေးအကွက်တွေ။
ပွဲကမပြီးသေးတော့ မီးကမသေသေးဘူး။ လိုင်ဇာပတ်လည် ၃ မိုင်ရောက်ပြီးမှ ပြန်လှည့်လာပေးတဲ့ စစ်တပ်ဟာ ပိန်းဥစားနေကြပါးစပ် ဘီယာလေးဟပ်ရလို့ ငြိမ်းချမ်းရေးလေချဉ်တက်ပြတာကို ဘုရားသခင်နုတ်ကပတ်တော်လို သဘောထားပြီး မိုက်မိုက်မဲမဲ ယုံကြည်နေမယ်လို့ တွက်ထားရင်တော့ …။
KIA တို့ရေ…ဒုတိယလိုင်ဇာပဲ ဖြစ်ဖြစ် မဆုံးနိုင်တဲ့ လိုင်ဇာပဲဖြစ်ဖြစ် တွင်းတူးကြတာပေါ့ကွာ…။
ရွှေပြည်အေးလိုလို မြို့မငြိမ်းလိုလို လာလုပ်မနေနဲ့..။
သင်က စစ်ကိုမလိုလားပေမဲ့ သင့်ကို စစ်ကအလိုရှိတယ်တဲ့…။
0 comments:
Post a Comment