Monday, April 21, 2014

မဟုတ်မခံရဲမိုး


November 2, 2013
လွန်ခဲ့တဲ့  ၃ နှစ်လောက်က ကျွန်တော် ဖြစ်ခဲ့တာပါ……
မန်းလေးမှာ ကားတစ်စီးကို ....
ယာဉ်ရပ်နားခွင့် ၃၀၀ ကောက်ပါတယ်
တရားဝင် ကောက်ခံခွင့်ပြုတာက ၁၀၀ ပါ …..
လမ်း၈၀ မိုးကုတ်ဒေါ်ရှန် ခေါက်ဆွဲဆိုင်က အထွက် …
ရပ်နားခွင့် ကောက်တဲ့ ကိုယ်တော်နဲ့ စ ငြိ ပါတယ်
ကိုယ်တော်ချော က အသက် ၂၄ ၂၅ လောက်.
ဗလတောင့်တောင့် ဆေးမှင်ကြောင် နဲ့  …..
ကွမ်းတပြစ်ပြစ် နဲ့ ခပ်မိုက်မိုက်ပုံပါ
( တကယ်လဲ မိုက်ပုံ ရပါတယ် )
အချေအတင် ပြောကြဆိုကြ ပြီးတဲ့ အချိန်မှာ.
ကြိုက်နှစ်သက်ရာ ဌာနကို သွားရောက်တိုင်ကြားနိုင်ကြောင်း ….
မည်သူ့ ကိုမှေ-ာက် ဂရု မစိုက်ကြောင်း …..
ကိုယ်တော်က မြွက်ကြားတော်မူပါတယ်.
လူတွေကလဲ ၀ိုင်းအုံကြည့်နေတဲ့ အပြင် …..
ကျွန်တော် ကိုယ်တိုင်ကလဲ ခပ်ရွတ်ရွတ် ….
ငယ်ကျင့်လေးကလဲ မပျောက်တဲ့ အတွက်..
Light Truck ကားပေါ်က ဆင်းပါတယ်
ဟိုကောင်က လဲ သတ္တိရှိရင် လာခဲ့ဆိုပြီး ……
ပုဆိုး ပြင်ဝတ်ပါတယ်..
ကျွန်တော်က လက်ကာပြပြီး..
မင်းတကယ်သတ္တိရှိလား ဆိုတော့ ….ရှိတယ်တဲ့ ….
ရော့ ……၃၀၀ ဆိုပြီး ထုတ်ပေးလိုက်ပါတယ်
ကိုယ်တော်ချော ရုတ်တရက် ကြောင်သွားတယ်.
ပြီးတော့ ဆတ်ကနဲ ဆွဲယူတယ်.
အားလုံးကြည့်နေတဲ့ အချိန် ကျွန်တော်က စကြေငြာပါတယ်.
မင်းတကယ် သတ္တိရှိရင် ..ကားပေါ်တက် ……
ငါ စည်ပင်သွားတိုင်မလို့ …ဆိုတော့ …….
ဒီကောင် " တွေ" ကနဲ တော့ ဖြစ်သွားပါတယ်.
ဒါပေမယ့် ပရိတ်သတ်က အတော်များနေတော့ ….
သိက္ခာတော့ အကျ မခံဘူးလို့ စဉ်းစားပုံရပြီး..
ကားပေါ်ခုန်တက်ပါတယ်……
နောက် ၁၅ မိနစ်အကြာ စည်ပင်က တာဝန်မှူးရုံးခန်းမှာ ….
တက်တူးနဲ့ ကိုယ်တော်ချော မမိုက်နိုင်ရှာတော့ပါဘူး ……
စည်ပင်ရဲတွေနဲ့ တာဝန်ရှိသူတွေအကြား …..
မေးခွန်းပေါင်းစုံနဲ့ ပွဲပျက်နေပါပြီ..
မေးခွန်းတွေမေး ထွက်ချက်တွေရေး
(ကျွန်တော် လဲ ရေး ရပါတယ် )
စာရင်းချုပ်တော့ သူ့ ဆရာ ကန်ထရိုက်က …..
ဒဏ်ငွေ ၃သိန်း အရိုက်ခံ ရပါတယ်..
ကျွန်တော်က အချိန် ၂ နာရီလောက် ကုန်သွားပါတယ်..
ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်..
ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး စနစ်ကို ….
ကျွန်တော့် အစီအစဉ်နဲ့ ကျွန်တော် …..
တည့်မတ်ဖို့ ကြိုးစားခဲ့တယ်လို့ ယူဆမိလို့ ပါ.
စည်ပင်က ပြန်ထွက်လာတဲ့ အထိ …..
အရပ်သားအနေနဲ့ ပဲ ဒီဖြစ်စဉ်ကို ဖြေရှင်းခဲ့တာပါ..
ခင်ဗျားတို့ ကျွန်တော်တို့ လိုနေတာ ဒါပါပဲ.
ခင်ဗျား ဥပဒေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ …..
ခင်ဗျား ကိုယ်တိုင်လဲ ဥပဒေထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်.
ဥပဒေကိုလဲ နားလည်ဖို့ လိုပါတယ်.
ဥပဒေရဲ့ သိမ်မွေ့ တဲ့ သဘောတွေကို တကယ်နားလည်လာတဲ့ အခါ.
စဉ်းစားဆင်ခြင်သုံးသပ်ပုံတွေဟာ ….
တစ်ဖက်သတ် မဆန်တော့ဘဲ ယထာဘူတ ကျလာပါတယ်..
အခြေအနေမှန်ကို အနီးစပ်ဆုံး ခန့် မှန်းလာနိုင်ပါတယ်.
လက်လွတ်စပယ် တစ်ဖက်သတ် ပြောတာတွေ လျော့သွားပါတယ်
မတရား လုပ်ရင် မခံဘူးဆိုတဲ့ စိတ်ရယ် …
ဥပဒေကို လေးစားတဲ့ စိတ်ရယ်
ဒီနှစ်ခု ပေါင်းစပ်တဲ့ အခါ …….
ဥပဒေဘောင်ထဲက ပြင်းပြင်းထန်ထန် …..
ပြန် တုန့် ပြန်တယ် ဆိုတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်.
မသမာတဲ့ သူဟာ ….
ဦးသိန်းစိန်လဲ မကြောက်ပါဘူး ….
ဒေါ်စု ဆိုတာလဲ ဂရုမစိုက်ပါဘူး..
ခြေ ဥ ပဲ ပြင်ပြင် ….
ကာ / လုံ ပဲ ဖြုတ်ဖြုတ် …..
သူ့ အတွက် ဘာမှ ကိုအရေးမကြီးတာပါ..
သူ အကြောက်ဆုံးက ……
ဘယ်လို ညှိညှိ လုံးဝ မရဘူး ….
တစ်ဆုံး လိုက်မယ် ဆိုတဲ့ ကောင်ပါ ….
နှမ်းတစ်လုံးထဲ ဆီမဖြစ်ဘူး ဆိုပေမယ့် ….
နှမ်း တကယ်များလာရင်တော့.
ဆီက လိုတာထက်တောင် ပို ဖြစ်ပါတယ်
ခင်ဗျားတို့ ကျွန်တော်တို့  နေ့ စဉ်တွေ့ ကြုံနေကျ..
မသမာမှုလေး တွေကို …..
အားလုံးက လက်မခံကြတော့ဘူးဆို …..
ဒီအဖြစ်အပျက်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ
ထပ်ပြောပါရစေ ……
ကိုယ် က လက်ခံထားလို့  ဆက်ရှိနေတာပါ …
ခင်ဗျားတို့ ကျုပ်တို့  အခုချက်ချင်း လုပ်ဖို့ လိုနေတာက.
၁။ ဥပဒေကိုလေ့လာဖို့  ….
၂။ မဟုတ်ရင် မခံပဲ ဥပဒေ နဲ့ အညီ လုပ်ထုံး လုပ်နည်း အတိုင်း စနစ်တကျ တုန့် ပြန်ဖို့ ….
၃။ အဲဒီ အတွက် ကိုယ့် အချိန် ကို ပေးဖို့ ပါပဲ
၅နှစ် မကြာပါဘူး …
အားလုံး ပြောင်းလဲ သွားမှာပါဗျာ..။

( မဟုတ်မခံ ရဲမိုး )

0 comments:

Post a Comment