(3.4.2014)
ဖုန်းနဲ့ပဲ သုံးတော့ ပို့စ်တွေ ရေးလေ့ရေးထ မရှိဘူးဗျ။ တိုတိုနဲ့
လိုရင်း ရောက်မယ့် ကဗျာလေးတွေပဲ အရေးများတယ်။ ခုတော့ မနေနိုင် လွန်းလို့ ရေးပြီဗျာ။
ပြောတတ်ရင်တော့ အကြောင်းပြချက် ဆိုတာက ပေးချင်သလို ပေးလို့ရပါတယ်။
ဟိုဟာ ပြင်ချင်တာ ဘာကြောင့်၊ ဒီဟာ ပြင်ချင်တာက အုပ်ချုပ်ပုံကြောင့်၊ မျိုးစောင့် ဥပဒေ
လက်မခံနိုင်တာက ဘာကြောင့်ပေါ့ဗျာ။ ဒါပေမယ့် ဆင်ခြေပေးတဲ့ အချက်အလက်တွေက ပုံမလာဘူးဗျ။
ထည့်စဉ်းစား သင့်တာတွေက ဘယ်လောက် မှန်နေတာလဲ။ ဘယ်ပတ်ဝန်းကျင်မှာ မှန်တာလဲ။ ဘယ်လို ပုံစံနဲ့
မှန်နေတာလဲ ဆိုတာတွေ ထည့်စဉ်းစားရမယ်။
ပြောလိုက်ရင် ဒီမိုကရေစီကို ပြေးပြီး လက်ညှိုးထိုးတော့မယ်။ အမေရိကန်
တို့လို ဒီမိုကရေစီကြီး ဟာဖြင့် … ဘာညာနဲ့ ပြောတော့မယ်။ အမေရိကန်နဲ့ နိုင်ငံတော်တော်များများဟာ
ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးနေပါသလား။ မထင်ပါဘူး။ သမ္မတ ကျမ်းကျိန်ရင် ကက်သလစ် ဘာသာဝင်
ဖြစ်ရမယ် ဆိုတဲ့ အမေရိကန်လော ကိုက ဒီမိုမဆန်တာ တွေ့ရမှာပါ။ ကိုယ့်ရေမြေ ကိုယ့်ယဉ်ကျေးမှုနဲ့
နိုင်ငံတိုင်းလိုလို အုပ်ချုပ်နေတာပါ။ ဒါကို ခင်ဗျားတို့က သူတို့က ဒီမိုဘိုးအေ ဘာညာပြောတော့
ရီချင်မိတယ်ဗျ။ ခေါက်ဆွဲခြောက် အထုပ်တွေပေါ်က ဂဏန်း ပုဇွန် ကြက်သားတွေကို လက်ညှိုးထိုးပြပြီး
အဲ့ဒါမျိုးပါလို့ ပြောနေတဲ့ ဒို့နိုင်ငံက ကလေးတွေကို အသိပေးချင်တာက လူတော်တော် များများက
ဘာအစာမှ ထည့်ပြီး ခေါက်ဆွဲပြုတ် မသောက်ကြပါဘူး လို့… … …။
ပြောကြေးဆိုဗျာ… သုံးနှစ်သား ကလေးနဲ့ အသက်နှစ်ဆယ် မိန်းကလေးကို
လင်ပြိုင်ယူခိုင်း နေသလိုပါပဲ။ သူတို့ ဘယ်လို ဘယ်ပုံ ဖြတ်သန်းလာတယ်။ ဘယ်လို ပေးဆပ်လာတယ်
ဆိုတာတွေကို အတုမယူပဲ လင်ယူတာလေးမှ ကွက်ပြိုင်ချင် နေကြတာ အံ့သြတယ်။
ကဲ… ပြောချင်တာက ခုမှ လာမှာ။ ယောကျာ်းတွေဟာ လူပျိုဘဝမှာ နုံတိနုံအတွေ
များတယ်ဗျ။ အိမ်ထောင်လဲ ကျရော ပြူးပြူးပြာပြာ အလုပ်ရှာတာနဲ့ အိမ်ရှာတာနဲ့ ရှာကြရတယ်။
ပြီးရင် အိမ်စားရိတ်ကို ဘယ်လို ခွဲဝေရမလဲ။ ဈေးဖိုး မီတာခ ရေဖိုး အဝတ်အစားက အစ ခေါင်းထဲ
ထည့်ပြီးစဉ်းစား လာရတယ်။ မိန်းမလုပ်သူ အပိုမသုံးအောင် ချော့တလှည့် ခြောက်တခါနဲ့ စည်းရုံး
ညှိယူကြရတယ်။ မိန်းမနဲ့ ရန်မဖြစ်ပဲ သာယာတဲ့ အိမ်ထောင်ကို အများစုက ဖန်တီး တတ်လာကြတယ်။
ကလေး ရလာတော့ အနှီးလျှော်တာက အစ ကလေး ကျန်းမာရေး အလယ် ကြီးသည်အထိ ဘယ်လိုများ ပြုစု
စောင့်ရှောက်ရမလဲ အဆုံးကို တတ်မြောက် လာကြတယ်။ အဲ့လိုပေါ့ဗျာ အိမ်ထောင်နဲ့ ပတ်သက်တာလေးတွေ
သေချာသိတဲ့ အိမ်ထောင်သည်တွေဟာ လူပျိုတွေထက် အိမ်ထောင် ထိန်းသိမ်းမှု၊ ကြင်နာ ယုယမှု၊
ခြင်ထောင်တွင်း စွမ်းဆောင်ရည် စသည်ဖြင့် တော်တော်များများ သာတယ်ဗျ။ ကဲ… အကြောင်းပြချက်က
ခိုင်လုံနေပြီ။ ဒါဆို မိန်းကလေးတွေဟာ လူပျိုကို မယူပါပဲ သူများလင်တွေကို ကြာခိုပြီး
ပေါင်းသင်းကြပါစို့ လို့ ကျွန်တော် တိုက်တွန်းရင် မှန်ပါ့မလား။
ဒါပါပဲ။ အဖြေက ရှင်းပါတယ်။ လူပီသမှုက အစထားပြီး ဘာသာ ယဉ်ကျေးမှု အဆုံးထိတွေးကြရတယ်
ဆိုတာလေး သဘောပေါက် သင့်ပါပြီ။
ဟိုဟာပြင်မယ် ဒီအကြောင်းပြချက်…
ဒီဟာပြင်မယ် ဟိုအကြောင်းပြချက်နဲ့…
ဒီဥပဒေ လက်မခံပါဘူး လူ့အခွင့် အရေးမို့လို့…
ဟိုလူတွေဟာ လူနဲစုလေး ဖေးမပေးပါ… စသည်ဖြင့် အော်နေတဲ့ လူများကို နောက်တစ်ခေါက်
ပြန်တွေးပါဦး လို့… … …
0 comments:
Post a Comment