(December
13, 2012)
၈။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမကျရင် နိုင်ငံရေးနည်းနဲ့ခင်ဗျားတို့ပြ င်ဖို့လုပ်ပါ ။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၂၈ကြိမ်လောက်ပြင်ခဲ့ရတာပါ။ စဆွဲတုန်းကဆိုရင် အမျိုးသမီးတွေတောင်
မဲပေးခွင့် မရပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်လည်း ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို
သဘောမကျတဲ့အချက်တွေရှိနေတာပါ။ ဒါပေမယ့် ဒီနိုင်ငံမှာမှ မဟုတ်ပါ၊ အာရှနိုင်ငံအားလုံးရဲ့
နိုင်ငံရေးမှာ ခင်ဗျားတို့ ကြိုက်ကြိုက်/မကြိုက်ကြိုက်
လက်ခံခံ/ မခံခံ စစ်တပ်ကတိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်
ပါဝင်ပတ်သက်နေတာ။ ဒီမှာလည်း ပါဝင်နေဦးမှာပါ။ ဗြိတိန်မှာ လွှတ်တော်စပေါ်တော့ ဘုရင်၊မှူးမတ်တွေအတွက်
(အာဏာစွန့်ချင် လာအောင်)ရွေးခံစရာမလိုဘဲ အလိုလိုဆက်ခံခွင့်ရတဲ့ လွှတ်တော်အမတ်နေရာ ရာကျော်ပေး
ခဲ့ရတာ။ ၀န်ကြီးချုပ်အဆက်ဆက် ဒီနေရာတွေကို လျှော့ချဖို့ကြံခဲ့ပေမယ့် အခုအချိန်ထိ အမတ်နေရာ
၈၁ နေရာ ကျန်သေးတာ။ တိုနီဘလဲ မဲဆွယ်တုန်းက ဒီ ၈၁ နေရာကို လျှော့ချဖို့ ကြိုးစားမယ်လို့
ကတိပြုပြီး မဲဆွယ်ခဲ့ပေမယ့် သူသာပြန်ဆင်းသွားတယ် (၈၁) နေရာကတော့ အလုံးအရပ်မလျော့ရှိနေတာပါ။
ခင်ဗျားတို့ ကျွန်တော်တို့အားလုံးညီရင် နိုင်ငံရေးနည်းနဲ့ ဒီလို အခြေအနေမျိုးတွေကို
ပြင်ဖို့ ကြိုးစားသွားရမှာပါ။ လူထုတိုက်ပွဲတို့ ၊တော်လှန်ရေးတို့ ၊ ဘာစစ်ပွဲတို့ ညာလှုပ်ရှားမှုတို့တော့
စစ်တပ်ကစိတ်မ၀င်စားပါ။ လက်နက်ကိုင်တိုက်ရင်လည်း အနှစ် ၆၀ လောက်တိုက်ခဲ့တာ မနိုင်ခဲ့ပဲ
ခုမှနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလို့မရပါ။ တလက်စတည်း စစ်တပ်နဲ့ဝေးသူတွေအတွက်
ရှင်းပြရရင် ဦးသိန်းစိန် ကချင်ပြည်နယ်မှာ ရပ်ခိုင်းတာ ထိုးစစ်ပါ တိုက်ပွဲမဟုတ်ပါ။
တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ပဲ စစ်တပ်က အစိုးရအမိန့် မနာခံသယောင် ထင်ရာမြင်ရာ လျှောက်ပြောနေတာ
စိတ်ပျက်စရာပါ။ လိုင်ဇာကို ထိုးစစ်ဆင် သိမ်းဖို့ဆိုတာ အမြောက်တပ်မ(၁၀)မ၊ ခြေမြန်တိုက်ခိုက်ရေးတပ်မ(၄၀)လောက်နဲ့
လေတပ်ရှိ နေတဲ့ တပ်မတော်တစ်ခုအဖို့ လွယ်/ မလွယ်ဆိုတာ
ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ အခုအဲဒီဒေသမှာ ၀င်နေတာ တပ်မ(၄)ခုတည်းပါ။ မြန်မာ့တပ်မတော်ဟာ
ဗကပနဲ့ အနှစ်(၄၀)လောက် စစ်တိုက် ခဲ့တာပါ။ Comment တစ်ခုမှာပြောသလို တပ်က ဘယ်သူ့ကိုမှလည်း
ကြောက်စရာ၊ မတိုက်ရဲစရာ မရှိပါ။ အခုရှိနေတဲ့ လက်နက်ကိုင်တွေဟာ အဲဒီတုန်းက ဗကပရဲ့ တပည့်တွေပါ။
ဆရာကို တောင်နိုင်အောင် တိုက်ခဲ့ပြီး တပည့်ကျမှ မတိုက်ရဲဘူးဆိုရင် တပ်မတော်ကို ဖျက်ပစ်ရုံပဲ
ရှိတော့မှာပါ။ တိုက်ပွဲရပ်တယ်ဆိုတာ နှစ်ဖက်စလုံးက ရပ်မှရပ်လို့ရတာပါ။ နှစ်ဖက်သဘော တူညီချက်
မရသေးဘဲ တစ်ဖက်သတ်ရပ်ပြီး နောက်ပြန်ဆုတ်သွားရင် အဲဒီဒေသက အရပ်သား တွေ၊ အစိုးရရုံးတွေ၊
ကျောင်းတွေ၊ ၀န်ထမ်းတွေကို တစ်ဖက်က အန္တရာယ်မပြုဘူးလို့၊ စီးပွားရေး လုပ်ငန်းတွေကို
ဆက်ကြေးတွေ ပြင်းပြင်းထန်ထန် မကောက်ဘူးလို့ ဘယ်သူအာမခံ မလဲဆိုတာ စဉ်းစားစရာပါ။ KIA
က အဲဒီဒေသမှာ တစ်ချိန်လုံးဆက်ကြေးကောက်နေတာ၊ ဆက်ကြေး မပေးရင်အန္တရာယ်ပြုတာ ဒေသခံတွေ
အားလုံးအသိပါ။ ဒါပေမယ့် ဒီသတင်းတွေကျတော့ Onlineပေါ်မှာ လုံးဝမတွေ့ရဘဲ စစ်တပ်ကိုပဲ အပြစ်ဖို့နေတာ၊
တစ်ဖက်သတ်ဆန်လွန်းနေတာပါ။ အသွင်ကူးပြောင်းတဲ့ လုပ်ငန်းစဉ်ဆိုတာ စိတ်ရှည်ဖို့လိုတာ။
စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲ မိသားစုပုံစံက ကုမ္ပဏီပုံစံပြောင်းကြည့်စမ်းပါ။ ကျွန်တော့်အတွေ့အကြုံအရတော့
အထိုင်ကျအောင် တစ်နှစ်ခွဲလောက် အချိန်ပေးခဲ့ရတာပါ။ ဒီကိစ္စတွေ ရေးနေ ပြောနေရတာ ခင်ဗျားတို့မုန်းတဲ့
အခွင့်အရေးသမားတွေနဲ့ အောက်ခြေကစစ်သည်အများစုနဲ့ ဘယ်လိုမှမပတ်သက်တာ၊ သူတို့ အနေနဲ့
လုပ်ငန်းသဘာဝအရ အထက်ကအမိန့်ကို ခင်ဗျားတို့ပြောသလို ဟိုဟာကအမှန်၊ ဒီဟာကအမှား၊ လုပ်မယ်၊
မလုပ်ဘူး ခွဲခြားလို့ မဖြစ်နိုင်တာ။ စစ်သားတွေရဲ့ဘ၀ကို ကိုယ်ချင်း မစာပဲ တစ်ဖက်သတ်မှတ်ချက်ပေါင်းများစွာ ကို အမြဲတွေ့နေရလို့ပါ။ ဒါပေမယ့် မင်းတို့ ဘယ်လို ရှင်းရှင်း
ဘယ်လိုပြောပြော လက်ကိုင်တုတ်ကလက်ကိုင်တုတ်၊ စစ်ခွေးကစစ်ခွေးပါပဲလို့ ဆိုရင် လည်း.
. အရေးမကြီးပါ။ လောကကြီးရဲ့ နိယာမအရ ခင်ဗျားတို့က စစ်ခွေးတွေကို မုန်းတီးရင် စစ်ခွေးတွေကလည်း
ခင်ဗျားတို့ကို ပြန်မုန်းတီးပြီး အမုန်းတရားတွေနဲ့ နိုင်ငံကို တိုးတက်အောင် တည်ဆောက်ဖို့၊
ဒီမိုကရေစီ ဖော်ဆောင်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။
၈။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမကျရင် နိုင်ငံရေးနည်းနဲ့ခင်ဗျားတို့ပြ
0 comments:
Post a Comment