ကျွန်တော်သည် နိုင်ငံရေးကိုစိတ်ဝင်စားသည်ထက်မပိုသော သူတယောက် ဖြစ်သည့်အလျောက် နိုင်ငံရေးသမားစစ်စစ်မဟုတ်ပါ..
သို့သော်ကိုပေးလိုက်သော မဲတချပ်သည် နိုင်ငံတော်အတွက် ရော မိမိတို့ လွတ်လပ်မှု ရသင့်ရထိုက်တဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးအတွက်များစွာ အထောက်အပံ့ဖြစ်စေလှသောကြောင့်
နိုင်ငံရေးကိုသိသင့်သလောက်သိကိုသိရပေမည်။ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားတိုင်းသိရမည့်အရေးဖြစ်တာတကြောင်း ကျွန်တော်ကိုယ်တိုင်အထိုက်အလျောက်စိတ်ဝင်စားသည်က တကြောင်းကြောင်း စာရေးသူတွေရဲ့ခွင့်ပြုချက်ယူပြီး ပို့စ်တွေကို ကူးယူတင်ပြပါသည်။ကျွန်တော့်ရဲ့အမြင်ကိုတော့ မရေးပါ။ဘာကြောင့်လဲ?
တယောက်နဲ့တယောက်ဘယ်သောအခါမှအမြင်မတူနိုင်လို့ပါ။ဒီအချက်ပေါ်မူတည်ပြီး ကျွန်တော့်ရဲ့ဘလော့မှာလဲ ဘယ်သောအခါမှ တဖက်ထဲရဲ့ အမြင်ကိုတင်မည်မဟုတ်ပါ။စာရေးသူတို့ကိုယ်တိုင် ဝေဖန်သုံးသပ်နိုင်ရေးအတွက် ၂ဖက်စာရေးဆရာများရဲ့အမြင်ကိုမျှဝေ ဖော်ပြသွားပါမည်။သို့သော်ကျွန်တော် ရမ်းကားရေးသားတတ်သည့်အမြင်များကိုဘယ်တော့မှမတင်ပါ.၂ဖက်စလုံးမှ အကျိုးအကြောင်းသင့်လျော်သည့် အချက်အလက်ခိုင်မာသည့်စာရေးဆရာများ အွန်လိုင်းစာရေးသူများရဲ့ ပို့စ်များ status များကို သာ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
ဒါဟာ ဒီဘလော့ရေးရခြင်းရဲ့အကြောင်းတရားသာဖြစ်ပါသည်။
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Subscribe to:
Posts (Atom)
0 comments:
Post a Comment