ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျမဖြစ်တော့တဲ့ မြင်းခွာသံများ အပိုင်း (၁)
“ငါတို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အောင်မြင်သလားဆိုတော့
မအောင်မြင်ဘူး။
အေး … မအောင်မြင်တာတောင်မှ တိုင်းပြည်
ဘယ်လောက်ပြောင်းလဲလာသလဲ။ ဘယ်လောက်တိုးတက်လာသလဲ မင်းအမြင်ပဲ။ တကယ်လို့ ၈၈ အရေးအခင်းကြီးသာ
ဖြစ်မလာခဲ့ ဘူးဆိုရင် ဒီတိုးတက်မှုတွေပေါ်လာလိမ့်မယ်လို့ မင်းထင်လို့လား။ ဝေးသေးတယ်။”
ကျွန်တော့်ကဗျာတစ်ပုဒ်ကိုဖတ်ရင်းသိန်းထွန်းခေါ်ခေတ်ကြီးကစကားလုံးတစ်လုံးစီကိုဖြည်းဖြည်းချင်းအရှိန်ယူပြီးပြောပါ
တယ်။ သူ့မျက်လုံးတွေက အရေးအခင်းအကြောင်းပြောရင် မှုန်သီညို့မှိုင်းနေတယ်။သူကအစိုးရ (တပ်မတော်)
အကြောင်းမကောင်းပြောရင်ကျွန်တော်ကလည်းကျွန်တော်တွေ့မြင်သိရှိသလောက်ကာကွယ်ပြောဆိုတယ်။တစ်ချိန်တုန်းကနှစ်ထပ်သင်္ဘောနဲ့ရေလမ်းခရီကလွဲလို့ဘာမှသွားစရာလမ်းကြောင်းမရှိတဲ့မြစ်ဝကျွန်းပေါ်တစ်ခွင်ကိုတပ်မတော်အုပ်ချုပ်နေတဲ့ကာလအတွင်းမှာကားလမ်းကွန်ရက်တွေဖေါက်ခဲ့တဲ့အတွက်အခုနောက်ပိုင်းဧရာဝတီတိုင်းကိုကားနဲ့အချိန်မရွေးသွားလာလို့ရတဲ့အကြောင်း၊အဲဒီလို
ကားလမ်းတွေဖေါက်တာ ဟာ ကောင်းတဲ့အလုပ်မဟုတ်ဘူးလားလို့ ကျွန်တော် ကသူ့ကိုပြန်ပြီးမေးခွန်းထုတ်ခဲ့တာပါ။တစ်ခုတော့ရှိတယ်။ခေတ်ကြီးဟာအစိုးရကိုမကြိုက်လို့အစိုးရမကောင်းကြောင်းပြောနေပေမဲ့အဲဒီအချိန်ကဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို
“ကားလမ်း၊ ရထား လမ်းဖေါက်တာ၊ တံတားဆောက်တာ တက်လာတဲ့အစိုးရတိုင်း လုပ်ရတဲ့အလုပ်ပဲ။ ထူးပြီး
ချီးကျူးနေစရာ မလိုပါဘူး” ဆိုတဲ့
အငေါ်တူးစကားမျိုးတော့ မပြောဘူး။အထိုက်အလျောက်တိုးတက်လာတာကိုသူလက်ခံတယ်။သူကဝါးခယ်မမြို့နယ်ထဲကပေကုန်းဆိုတဲ့ရွာကလေးကပါ။ဗုဒ္ဓဘာသဝင်ကရင်အမျိုးသားတစ်ယောက်။လေတပ်ထွက်စစ်သည်ဟောင်းတစ်ယောက်။၈၈အရေအခင်းကြီးမှာပါလို့
သူတို့တတွေ တပ်ကထွက်လာကြရတယ်။အဲဒီအချိန်က ကော့သောင်းမှာ အရေးအခင်းနဲ့ငြိထားတဲ့ တပ်ထွက်၊
သူပုန်ထွက်၊ ကျောင်းသားပြည်တော်ပြန် တရားမဝင်နေတဲ့သူတွေ အများအပြား ရှိပေမဲ့ အလုပ်ရှုပ်လို့လားမသိဘူး၊
ထောက်လှမ်းရေးကသိပေမဲ့ဒီအတိုင်းပဲထားတယ်။ထပ်ပြီး ဘာမှမလှုပ်ရှားတော့ဘူးဆိုရင် မဖမ်းတော့ဘူး။ခေတ်ကြီးတို့
လေတပ်အုပ်စုက အရေးအခင်းတုန်းက ကုန်သွယ်ရေးရုံးပေါ်က ဗိုလ်ကြီးခင်မောင်ချို (ယခုဗိုလ်မှူးကြီး)
တပ်စုကို လက်နက်တက်သိမ်းတဲ့အုပ်စုမှာပါတယ်။စစ်သားကိုလက်နက်သိမ်းဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်တော့သူတို့ဘယ်လိုလုပ်ခဲ့သ
လဲလို့ ကျွန်တော်မေးကြည့်ပါတယ်။“ဘယ်လွယ်လိမ့်မလဲကွ။
အဲဒီကိစ္စက ဘုန်းကြီးတွေနဲ့ ငါတို့အဖွဲ့က ကိုကျော်မင်း(အမည်မမှတ်မိ၍အစားထိုးအမည်)တော်လို့ပါ။သူတို့တက်ညှိကြတာ။အောက်ကလူအုပ်ကစာအုပ်တွေထဲမှာမင်းမြင်တဲ့အတိုင်းပဲ။
သူတို့က တပ်စုတစ်စု။ သူတို့ပစ်ရင် ပြည်သူအများအပြားသေမယ်။ ကျည်ကုန်ရင် သူတို့လည်း သေမှာပဲ။
လမ်းတွေမှာ လူတွေကပြည့်နေတာ။ အဲဒီအခြေအနေကနေ အကောင်းဆုံးထွက်ပေါက် တစ်ခုရအောင် တက်ညှိကြရတာ။”လို့သူကပြောပါတယ်။တကယ်တော့ခတ်ကြီးပြောတာမှန်ပါတယ်။၁၉၈၈ခုနှစ်အရေးအခင်းကြီးသာ
မဖြစ်ခဲ့ရင် ဒီကနေ့မြင်နေရတဲ့တိုးတက်မှုတွေဆိုတာမြင်ရဦးမှာမဟုတ်သေးပါဘူး။ အပြောင်းအလဲ
အရွေ့တစ်ခုကြောင့် ပေါ်လာတဲ့ ရလဒ်တွေပါ။ ၈၈ အရေးအခင်းဆိုတာ လည်း စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့
အရပ်သားတွေ ရန်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ် ကျောင်းသား
ဖုန်းမော်သေခဲ့လို့ဖြစ်ရတာဆိုပေမဲ့ တကယ့်အကြောင်းရင်းကတော့ မဆလစနစ်ကြောင့် တိုင်းပြည်ဆင်းရဲမွဲတေပြီး
ပြည်သူတွေ မခံစားနိုင်တော့လို့ အုံကြွပေါက်ကွဲခဲ့ကြတာပါ။ ဆိုရရင် ဖုန်းမော်ကိစ္စဆိုတာ
ပထမကမ္ဘာစစ်မဖြစ်ခင် သြစတီးယား အိမ်ရှေ့မင်းသား ဖါဒီနန်နဲ့ကြင်ယာတော် ဆာရာယေဗိုမှာ အသတ်ခံရသလို
မီးထတောက်စေတဲ့ လတ်တလော အကြောင်းရင်း တစ်ခုပါပဲ။ပထမကမ္ဘာစစ်ဖြစ်ဖို့နောက်ခံအကြောင်းရင်းတွေကနဂိုကတည်းကရှိနေပြီးသားပါ။အမှန်အမှားတွေငြင်းခုန်ပြောဆိုနေကြရင်တော့မဆုံးနိုင်တဲ့အငြင်းအခုန်တွေဖြစ်မှာအမှန်ပဲ။ဘာပဲဖြစ်ဖြစ်၁၉၈၈အရေးအခင်းကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတပ်မတော်နဲ့ပြည်သူတစ်နည်းပြောရရင်စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးပြောင်းလဲလာခဲ့တယ်။
ဒီမိုကရေစီအရေးအတွက်တောထဲရောက်သွားတဲ့ကျောင်းသားလူငယ်တွေ၊ထောင်ထဲရောက်သွားတဲ့ကျောင်းသားလူငယ်တွေ၊နိုင်ငံခြားရောက်ကုန်ကြတဲ့သူတွေအများကြီးပါပဲ။တပ်မတော်ဘက်ကလည်းအရေးအခင်းကိုအခွင့်ကောင်းယူပြီးတိုင်းပြည်ကိုအပိုင်သိမ်းဖို့ကြံချင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အန္တရာယ်ကိုကျားကုတ်ကျားခဲကာကွယ်ခဲ့ရတယ်။ထောက်လှမ်းရေးကဖမ်းဆီးနှိပ်စက်လို့
အသက်သေ၊ ဘဝပျက်သွားကြသူတွေ လည်းရှိတယ်။ လူစဉ်မမီဘဲ ထောင်ထဲကပြန်ထွက် လာကြရတဲ့သူတွေလည်းရှိတယ်။
မြို့နယ်တရားသူကြီးတစ်ယောက်က ထောက်လှမ်းရေးက တပ်ကြပ်လောက်ကို ပြန်ကြောက် နေရတဲ့ခေတ်။
ထောက်လှမ်းရေးတန်ခိုးထွားတဲ့အချိန်မှာ ထင်တိုင်းလုပ်ခွင့်မရတဲ့ စစ်တိုင်းမှူးတချို့ဟာလည်းထောက်လှမ်းရေးအဖွဲ့ကြီးကိုဖျက်သိမ်းလိုက်တဲ့အချိန်မှာဖိုးကြိုင်းတုတ်ဖြစ်ပြီးထင်တိုင်းကျဲတော့တာပါပဲ။သာမန်ပြည်သူကတော့
ရပ်ကွက်ထဲမှာ အရံမီးသတ်ကိုတောင် ခပ်မာမာပြန် မပြောရဲတဲ့ဘဝ။ သူ့ ခပ်မာမာပြန်ပြောလိုက်ရင်ညကျတော့ကိုယ့်အိမ်လာပြီးပေါ်တာဖမ်းတော့တာကိုး။အဲဒီခေတ်ကစကားလေးတစ်ခုရှိတယ်။“ဥပဒေဘောင်တွင်းနေထိုင်ခြင်းဘေးကင်းရန်ကွာပေါ်တာပါ”တဲ့။ထုတ်ပြန်ထားတဲ့ဥပဒေနဲ့အညီဧည့်စာရင်းတိုင်ရင်အဲဒီဧည့်စာရင်းစာရွက်ကြည့်ပြီးပေါ်တာဖမ်းတော့တာကိုး။ဒီတော့
ပြည်သူ အများစုက စစ်တပ်/ စစ်သားဆိုမုန်းတယ်။ ဒီကြားထဲ“ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့ပါးရိုက်ပစ်လိုက်မယ်”ဆိုတဲ့စစ်သားမျိုးကအရပ်ထဲကအများပြည်သူပွဲလန်းသဘင်တွေမျိုးမှာ
သောင်းကျန်းတဲ့အခါမျိုးဆို ပိုဆိုးပေါ့။စစ်အုပ်ချုပ်ရေးဆိုတာ တိုင်းပြည်ပျက်နေတဲ့အချိန်ကလွဲလို့
ဘယ်အချိန်မှ မကောင်းပါဘူး။အရေးအခင်းမှာတပ်မတော်ကအာဏာသိမ်းတာ ပြည်သူ အများစုက ထောက်ခံပါတယ်။
တိုင်းပြည်ပျက်နေတာကိုး။ ဒါပေမဲ့ အာဏာသိမ်းထားတဲ့ သက်တမ်း ရှည်ကြာလွန်းတာရယ် စစ်ဗိုလ်ချုပ်ကြီးတချို့
အကျင့်ပျက်ခြစား အာဏာအလွဲသုံးစားလုပ်ပြီး ထင်တိုင်းကျဲလာတာ ရယ်ကြောင့် ပြည်သူကစိတ်ပျက်လာတယ်။
ဒါတွေဟာကျွန်တော်တပ်ကထွက်ပြီးအပြင်မှာကိုယ်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကိုအခြေခံပြီးပြောတာပါ။စစ်တပ်ကလည်း
စစ်အင်အားကို တောင့်တင်းသထက်တောင့်တင်းအောင် တည်ဆောက်ပါတယ်။ တချို့ကတော့ အနောက်နိုင်ငံ
တွေရဲ့ဖိအားပေးမှုကြောင့် အခုလို ရွေးကောက်ပွဲတွေလုပ်ပေးလာတာလို့မြင်ကြတယ်။ ကျွန်တော်ကတော့
အဲဒီလို မမြင်ပါဘူး။ စစ်တပ်ရဲ့သဘောသဘာဝကိုက ဘာပဲလုပ်လုပ် စနစ်တကျ စီမံပြီး လုပ်လေ့ရှိတယ်။
ဒါ့ကြောင့် ဒီအချိန်ကာလမှာဒါလုပ်မယ်ဆိုပြီးလုပ်တာသာဖြစ်တယ်လို့မြင်ပါတယ်။လွှတ်တော်တွေဘာတွေဖြစ်လာတဲ့အချိန်ကျရင်
တပ်မတော်အသုံးစရိတ်ကဖြတ်တော့မှာကိုး။ဒီတော့တပ်ကupgradeလုပ်ဖို့ကဒီကြားကာလမှာတတ်နိုင်သလောက်လုပ်ထားဖို့လိုတယ်လို့
တွေးနိုင်တယ်။ လက်ရှိ အချိန်မှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က လက်နက်မျိုးတွေနဲ့ပဲဆိုရင်
တပ်မတော်အနေနဲ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တို့ ထိုင်းတို့ကို ရင်ဆိုင်ဖို့ မလွယ်ဘူး။ဒီတော့
စစ်တပ်အုပ်ချုပ်စဉ်ကာလမှာ တပ်ကမှားခဲ့တာတွေရှိပါတယ်။ ဝန်ခံတာ၊ ဝန်မခံတာ၊ တောင်းပန်တာ၊
မတောင်းပန်တာက တော့ တပ်ရဲ့အပိုင်းပေါ့။ ဘာပဲဖြစ်ဖြစ်ဒီကနေ့ဒီမိုကရေစီနိုင်ငံအဖြစ်သွားပါ့မယ်လို့ကမ္ဘာသိကြေညာထားပြီးဖြစ်တဲ့အတွက်ပြုပြင်ပြောင်းလဲမှုတွေက
လုပ်ကိုလုပ်ရတော့မှာဖြစ်ပါတယ်။ ဘယ်လိုပြောင်းမလဲ ဆိုတာသာ ပြဿ နာပါ။ မြန်မာ့နိုင်ငံရေးဟာ
လက်ရှိ အချိန်မှာ လိပ်ခဲတည်းလည်းအခြေ အနေဖြစ်နေတယ်လို့ ဆိုရမှာပါ။ အတိုက်အခံတွေက ပုဒ်မ
၄၃၆ ကို ပြောင်းချင်တယ်။ တပ်မတော်သားကိုယ်စားလှယ်တွေက မထောက်ခံဘူး။ ပုဒ်မ ၄၃၆ အရေးတကြီးပြောင်းဖို့
လိုအပ်/ မလိုအပ် မဝေဖန်လိုပေမဲ့ ဒီ မိုကရေစီနိုင်ငံအဖြစ်သွားမယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေဟာ
ပြင် ကိုပြင်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအခြေခံ ဥပဒေဟာ တိုင်းရင်းသားတွေအတွက်
Separation of Power andResourcesနည်းလွန်းအားကြီးတယ်။ဆိုတော့မမျှတဘူးလို့ပြောရမှာဖြစ်တယ်။ကိုယ်တိုင်တိုင်းရင်းသားတွေနေရာက
ဝင်ပြီးခံစားကြည့်ပါ။ ၈ ပြည်နယ်မူဝါဒတွေ၊ အလှည့်ကျ တပ်ချုပ် တွေ၊ အချိုးကျဖက်ဒရယ်တပ်မတော်တွေကို
ကျွန်တော်မထောက်ခံပါဘူး။အန္တရာယ်ကြီးလွန်းလို့ပါ။ဒါပေမဲ့၂၀၀၈အခြေခံဥပဒေကိုမပြင်ဘဲဒီအတိုင်းသွားမယ်ဆိုရင်လည်း
ကျွန်တော်မထောက်ခံပါဘူး။ ဒီတော့ ဆရာမောင်သာရဝတ္ထုတစ်ပုဒ်နာမည်လို “သူ့ဘက်က နည်းနည်းလျှော့၊
ကိုယ့်ဘက်က နည်းနည်းလျှော့” လုပ်ရပါလိမ့်
မယ်။ Negotiating and Compromising လုပ်ရပါ လိမ့်မယ်။ ဒီအတိုင်းသွားရင်တိုင်းပြည်ကဇာတ်မျောကြီးဖြစ်ပြီးသူများနောက်မှာပဲကျန်နေရစ်ခဲ့မှာပါ။ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့သွားမယ်ဆိုရင်
ပြည်နယ်တစ်ခုမှာ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်တာကအစ အဲဒီပြည်နယ်က လူထုကိုယ်တိုင်
ဆုံးဖြတ်ခွင့်ရှိပါတယ်။ ထွက်လာတဲ့ အကျိုးအမြတ်ကတော့ ဗဟိုအစိုး ရနဲ့ ပြည်နယ်အစိုးရတို့
ခွဲဝေယူကြရတာ ပေါ့။ ကချင်ပြည်နယ်က သယံဇာတကို ဘယ်လိုသုံးမယ်ဆိုတာ ကျွန်တော်တို့ ဗဟိုအစိုးရကသော်လည်းကောင်း၊
ကချင်ပြည်နယ်သားမဟုတ်တဲ့တခြားအဖွဲ့အစည်း တစ်ခုခု ကသော်လည်းကောင်း သွားရောက်ဆုံးဖြတ်ဖို့
မသင့်ပါဘူး။
ဒါဟာအခုလက်ရှိလက်နက်ကိုင်ထားတဲ့သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေလက်ထဲကိုပြည်နယ်ကိုထည့်လိုက်တာ
မဟုတ်ဘူး။ ပြည်နယ် လုံခြုံရေးအတွက် လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းတွေကိုထားရမယ်ဆိုတာလည်း
ကျွန်တော့်အနေနဲ့မထောက်ခံပါဘူး။တကယ်တော့ စစ်အစိုးရလိုပဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေဆိုတာ
သူ့လူမျိုးကဘယ်လောက်ထောက်ခံပါတယ်ပြောပြောတရားဝင်Mandateပေးထားတာမဟုတ်ဘူး။ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုရင်လက်နက်စွန့်ကိုစွန့်ရပါမယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊အတိုက်အခံတွေဘက်ကတော့ပြောတယ်။ဘာအာမခံချက်မမရှိဘဲသူတို့လက်နက်မစွန့်ရဲပါဘူးတဲ့။ခေါင်းအေးအေးထားစဉ်းစားကြည့်တော့
ါလည်းမှန်တာပါပဲ။ ဒါ့ကြောင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာသူတို့ဘက်ကနိုင်ငံတကာအသိုင်းအဝိုင်းကိုသက်သေအဖြစ်ခေါ်ချင်နေတာဖြစ်မယ်လို့
တွေးမိတယ်။ သူတို့ဘက်က မယုံတာလည်း အရမ်းကာရော အပြစ်တင်လို့တော့ မရပါဘူး။ သူတို့မှာလည်း
သူတို့အတွေ့အကြုံနဲ့သူတို့လေ။ ကော့သောင်းကို ကိုငှက် (ထူးအိမ်သင်) လာစဉ်က ပြောဖူးတယ်။
ဆရာစောဘွဲ့မှူးအဖေဟာတပ်မတော်ကအငြိမ်းစားဗိုလ်မှူးတစ်ယောက်ပါ။တစ်ခါကအစိုးရကငြိမ်းချမ်းရေးကိစ္စဆွေးနွေးချင်လို့ဆိုပြီးတောထဲကကရင်လက်နက်ကိုင်တွေတချို့ကိုစောဘွဲ့မှူးအဖေကိုဖိတ်ခိုင်းသတဲ့။ဟိုကလည်းဖိတ်ပေးလိုက်တာပေါ့။အဲပြန်ခါနီးမှာအဲဒီတောထဲကအဖွဲ့ဝင်တချို့ကိုဖမ်းထား
လိုက်သတဲ့။ စောဘွဲ့မှူးအဖေ ခမျာ တောထဲကလူတွေ လာသတ်မှာစိုးလို့ အဲဒီကာလက ပုန်းရှောင်ပြီးနေနေရပါတယ်တဲ့။
ကျွန်တော်တို့ အမျိုးတွေကလည်း အဲဒီလို။ ဒီတော့ ဗမာကိုမယုံဘူးဆိုတာလည်းသူတို့ကိုချည်းအပြစ်တင်လို့မရပါဘူး။ဒီနေရာမှာ
ဗိုလ်ချုပ်အောင်ဆန်းကိုသတိရမိပါတယ်။ တော်လှန်ရေးကာလမှာ ကရင်တိုင်းရင်းသားတွေကို လက်နက်တပ်ဆင်
ပေးမယ်ဆိုတော့ ဗိုလ်ချုပ် အနားမှာရှိတဲ့ နိုင်ငံရေးသမားတွေက ကန့်ကွက်ပါသတဲ့။ ကရင်ဟာ
စိတ်မချရဘူး။ သူတို့ကို လက်နက် တပ်ဆင်ပေးလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်သွားမယ်။
သူတို့ကိုလက်နက်တပ်ပေးလိုက်ရင်မှားသွားလိမ့်ယ်လို့ ပြော ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ပြန်ပြောလိုက်တဲ့စကားက
အလွန်ကို လေးစားစရာကောင်းတဲ့စကားပါ။ “ပုန်ကန်တော့လည်း ပြန်ချတာပေါ့ဗျာ။လက်နက်တော့မတပ်ပေးလို့မရဘူး။ကျုပ်ကတိပေးခဲ့ပြီ။ခေါင်းဆောင်ဆိုတာဆိုခဲစေမြဲစေကတိပေးပြီးရင်တည်ရတယ်”လို့ဗိုလ်ချုပ်ကသူ့အနားကဗမာ့နိုင်ငံရေးသမားတွေကိုပြောခဲ့ပါသတဲ့။လက်ရှိအချိန်မှာမြင်နေတွေ့နေရတာက
တပ်မတော်ဘက်ကရော လက်နက်ကိုင်တိုင်းရင်းသားနဲ့အတိုက်အခံတွေဘက်ကရော တင်းလွန်းတယ်။ လက်နက်ကိုင်တွေဘက်ကဗမာဗဟိုပြုမုန်းတီးရေးများလွန်းအားကြီးသလိုအစိုးရနဲ့တပ်မတော်ဘက်ကလည်းအလျှော့ပေးလိုတဲ့
အရိပ် လက္ခဏာ နည်းလွန်းအားကြီးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေးသမားတစ်ယောက်မဟုတ်တဲ့အပြင်
ဘယ်သူ့ကိုမှကိုယ်စားမပြုတဲ့ တစ်သီးပုဂ္ဂလဖြစ်တဲ့အတွက် ဒဲ့ပြောပါ့မယ်။ နားဝင်ဆိုးချင်လည်းဆိုးမယ်။
ဒါပေမဲ့ ကျွန်တော့်စကား မှာ တိုင်းပြည်အပေါ်ထားတဲ့စေတနာ အပြည့်ရှိကြောင်း ရဲရဲ ကြီးပြောရဲပါတယ်။
ပထမဦးဆုံးလက်နက်ကိုင်တိုင်းရင်းသားတွေနဲ့
အတိုက်အခံတွေဘက်ကိုပြောချင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတုန်းက ချင်းမိုင်မှာ ဆွဲထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို
စစ်တပ်က လုံးဝလက်ခံမှာမဟုတ်သလို ဗမာလူမျိုး အများစုက လည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ဒီတော့
အဲဒီအထဲမှာပါတဲ့ ၈ ပြည်နယ်မူဝါတို့၊ အလှည့်ကျ စစ်သေနာပတိချုပ်တို့၊အချိုးကျတပ်မတော်တို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ပဲပြောပါရစေ။ဒီစကားကိုခဏခဏထပ်ပြောနေရတာ
အပ်ကြောင်း ထပ်နေပါပြီ။ ဒါပေမဲ့ လိုအပ်တဲ့အတွက် ပြောနေရမှာပါပဲ။ ဗမာတပ်ရင်းဆယ်ရင်းကို
တိုင်းရင်းသားတပ်ရင်း၇၀က ဝိုင်းထားမယ့် တပ်မတော် ဖွဲ့စည်းပုံမျိုးကို သွက်သွက်ခါရူးနေတဲ့
ဗမာစစ်ဗိုလ်ချုပ်ကလွဲလို့ ဘယ်ဗမာဗိုလ်ချုပ်ကမှ လက်ခံမှာမဟုတ်ပါဘူး။ တိုင်းရင်းသား တွေမှာ
ဗမာတွေနဲ့ပတ်သက်တဲ့ Trauma ရှိသလို ဗမာတွေ မှာလည်း ဖြူးလူသတ်ပွဲတို့၊ ပျဉ်းမနားကနေ
ညောင်လေးပင်အထိ တချို့ရွာတွေမှာ ကွန်မြူနစ်လို့စွပ်စွဲပြီး အသတ်ခံခဲ့ရတဲ့ လူသတ်ပွဲတို့၊
မြစ်ဝကျွန်းပေါ်ဒေသက လူသတ်ပွဲတို့ကို မမေ့နိုင်သေးတဲ့ Trauma ရှိပါတယ်။ ကျွန်တော့်အမေကရွှေကျင်သူပါ။ကျွန်တော့်အဒေါ်တစ်ယောက်ကကရင်-ဗမာအရေးကြောင့်ရွှေကျင်က
နေပဲခူးဘက်ကိုပြေးရင်း လမ်းမှာမွေးတာပါ။ ဒါ့ကြောင့် တပ်မတော်ဖွဲ့စည်းပုံကို အခုပြောတဲ့ပုံစံမျိုးတောင်းဆိုမယ့်အစား
တခြား နည်းလမ်းတစ်ခုခုကို ရွေးချယ်စဉ်းစားသင့်ပါတယ်။အစိုးရနဲ့တပ်မတော်အနေနဲ့လည်း နှစ်ရှည်လများ
ပြည်သူတွေနဲ့အတူ ဆိုးရွားတဲ့ ဘဝအောက်မှာနေခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကို စာနာသင့်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့သွားမယ်ဆိုရင် အခြေခံအကျဆုံး ဗဟိုချုပ် ကိုင်မှုလျှော့ချခြင်း
(Decentralization) ကိုမဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနဲ့ပတ်သက်ပြီး
တစ်နေရာတည်းတွင် စုရုံးထားမှုကို ပယ်ဖျက်ခြင်း (Deconcentration) ၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေအပ်နှင်းခြင်း
(Delegation)၊ ဗဟိုမှအာဏာကို လက်အောက်ခံအဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်း
(Devolution) တို့ကို ဆောင်ရွက်ရမယ်လို့ နိုင်ငံတကာကပညာရှင် ၁၁ ဦးရေး ထားတဲ့ နိုင်ငံရေး၊
အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးတို့အရ ဗဟိုချုပ်ကိုင်မှုဖယ် ရှားခြင်းနှင့် ဒေသဖွံ့ဖြိုးရေးစာအုပ်မှာဖေါ်ပြထားပါတယ်။
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း
(Decentralization) နဲ့ ပွင့်လင်းမြင်သာမှု
(Transparency) ဆိုတာ ဆက်စပ်နေပါတယ်။
ဒီလိုပဲ ပွင့်လင်းမြင်သာမှု
(Transparency) နဲ့ တာဝန်ခံမှု
(Accountability) ဟာလည်း ဆက်စပ်နေပါတယ်။အဖွဲ့အစည်းအလိုက်လုပ် ရည်ကိုင်ရည်ကိုအကဲဖြတ်တဲ့အခါပွင့်လင်းမြင်သာမှုကြောင့်အဆင်ပြေချောမွေ့ပြီးအစိုးရရဲ့စီစဉ်ဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီး
အများပြည်သူရဲ့ယုံကြည်မှုနဲ့ တရားဝင်လက်ခံနိုင်မှု ပေါ်ထွန်းလာအောင် ပံ့ပိုးပေးနိုင်တယ်လို့ဆိုပါတယ်။
ဒီအတွက် သတင်းအချက်အလက်ရရှိနိုင်မှုကလည်း အရေးကြီးပါတယ်။ သဘောကတော့ အစိုးရကဆုံးဖြတ်လိုက်တဲ့
ကိစ္စတစ်ခုခုနဲ့ပတ်သက် ပြီး အဲဒီဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုကို ခံစား/ စံစားရ မယ့် ပြည်သူတွေဆီကို
ပွင့်ပွင့်လင်းလင်း အသိပေးဖို့ဖြစ်ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာအခုပြောတဲ့ပြုပြင်ပြောင်းလဲရေးကိုအထောက်အကူဖြစ်စေမယ့်ပြဌာန်းချက်တွေမပါပါဘူး။ဒါ့ကြောင့ဒီအခြေခံဥပဒေကိုပြင်ဖို့လိုပါတယ်။ဒေသ/ပြည်နယ်တစ်ခုခုမှာဆောင်ရွက်မယ့်စီမံကိန်းတွေနဲ့ပတ်သက်လို့
အဲဒီ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာပြည်နယ်က လူထုကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဗဟိုအစိုးရက
အချိုးကျရရှိမယ့်ခွဲတမ်းကို ယူ ရုံပါပဲ။ ရခိုင်အမျိုးသားတစ်ယောက်ကပြောပါတယ်။ “ကျွန်တော်တို့
ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တူးတယ်။ တူးပေါ့ဗျာ။ တူးပြီးရင် ရခိုင်ပြည် နယ်အတွက်လည်း
လုပ်ပေးပေါ့။ ရတဲ့အကျိုးအမြတ်ကို ဗဟိုက ၆၀% ယူပြီး ပြည်နယ်ကို ၄၀% လောက်ပေး တယ်ဆိုရင်ကိုပဲ
ကျွန်တော်တို့က ကျေနပ်ပါတယ်။” လို့
သူကပြောပါတယ်။တစ်ဆက်တည်းမှာပဲသူပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်သဘောကျမိ တာရှိပါသေးတယ်။
“ဖြစ်နိုင်ရင် ကမ္ဘာပေါ်က လူမျိုးတိုင်း အားလုံးဟာ ကိုယ့်လူမျိုး တစ်မျိုးတည်း သီးသန့်နိုင်ငံနဲ့
နေချင်တာပေါ့ဗျာ။ ဒါပေမဲ့ စဉ်းစားကြည့်ရင် သိတယ်။ ဖြစ်နိုင်သလားဆိုတော့ မဖြစ်နိုင်ဘူး။
ကျွန်တော်တို့လူမျိုးတစ်မျိုး တည်း နိုင်ငံအဖြစ် သီးသန့်ရပ်တည်နိုင်ဖို့ မလွယ်ဘူး။
ဒါ့ကြောင့် မဖြစ် နိုင်ဘူး။ ဒါပေမဲ့ တရားမျှတမှုကိုတော့ လူတိုင်းလိုချင်ကြတာပေါ့။” လို့ သူကပြောပါတယ်။ သူဟာ အခုလက်နက်ကိုင်တိုင်းရင်း
သားတွေရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း မဖြစ်နိုင်တဲ့အခြေခံဥပဒေမို့လို့ဆိုပြီးလက်မခံပါဘူး။သူတို့အဓိကလိုချင်တာဖက်ဒရယ်ပါ။တရားမျှတမှုပါ။ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ပါ။
ဒါကိုဗမာအများစုလွှမ်းမိုးထားတဲ့အစိုးရအဖွဲ့နဲ့တပ်မတော်ကထည့်သွင်းစဉ်းစားဖို့လိုပါတယ်။လက်နက်ကိုင်တိုင်းရင်းသားအားလုံးစုပေါင်းပြီးလက်ရှိတပ်မတော်ကိုတိုက်ဖို့ဆိုတာမလွယ်ပါဘူး။သူတို့သိပါတယ်။မလွယ်ပေမဲ့လည်းမတရားမှုတွေများလာတဲ့အခါ
ဗဟိုချုပ်ကိုင်မှုကိုပဲ နည်းအမျိုးမျိုးနဲ့ အသက်သွင်းဖို့ ကြိုးစားတဲ့ အခါ ပြည်တွင်းစစ်မီးဟာ
ငြိမ်းနိုင်မှာ မဟုတ်ပါ။ စစ်ဖြစ်နေတဲ့ တိုင်းပြည်ကိုလည်း ဘယ်လို နိုင်ငံတကာ ရင်းနှီး
မြှုပ်နှံမှု (Foreign Direct Investment – FDI)
တွေကမှ ယုံယုံကြည်ကြည်ဝင်လာမှာမဟုတ်ပါ။
ရဲကျော်သူရ - ဒုတိယပိုင်း ဆက်ဖတ်ပါ။
0 comments:
Post a Comment