Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
8:51 AM
ရဲကျော်သူရ
No comments
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲက တော်လှန်ရေးပန်းခြံ ထိပ်နားမှာရှိတဲ့ ACK & Co Services Co., Ltd က ဒီနေ့ မေ ၁၁ ရက်နေ့မှာ ကျွန်တော်လျှောက်ထားတဲ့အလုပ်ကို အခြားတစ်ယောက်ကိုခန့်ထားလိုက်ပြီဆိုတာ ဖုန်း ဆက်ပြီး အကြောင်းကြားပါတယ်။ အလုပ်ရခြင်းမရခြင်းထက် ကိုယ့်ကုမ္ပဏီအလုပ်လာလျှောက်တဲ့သူကို အခုလို တလေး တစား အရေးထားပြီးအကြောင်း ပြန်ပေးတာဟာ အင်မတန် လူကြီး လူကောင်း ဆန်ပြီး ရည်မွန်တဲ့သူတွေသာ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထဖြစ်ပါတယ်။ အလုပ်ရှင်တစ်ယောက်အနေနဲ့ ခင်ဗျားတို့ အဲဒီလို ဘယ်နှခါလောက် အကြောင်းပြန်ပေး ဖူးပါသလဲ။ ကျွန်တော်တော့ ဒီတစ်ခါပဲကြုံဖူးသေးတာပါ။ အလုပ်လုပ်ခွင့်မရပေမဲ့ အဲဒီကုမ္ပဏီကို ကျွန်တော်အထင်ကြီးလေးစားပါတယ်။ “ကိုရဲကျော်ရဲ့ CV Form ကို ကျွန်တော်တို့သိမ်းထားပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ လိုအပ်တဲ့အခါမှာ ထပ်ခေါ်ပါ့ မယ်” လို့တောင်ပြောလိုက်ပါသေး တယ်။ မြန်မာ ဆန်ဆန်တွေးရင် “ခင်ဗျားအစား တခြားတစ်ယောက်ကို ခန့်လိုက်ပြီဗျာ” ဆိုလည်း ပြီးတာပါပဲ။ အခုတော့ ဒီလိုမဟုတ်ပါဘူး။ အလုပ်လျှောက်တဲ့ ဝန်ထမ်း စိတ်ဓါတ်ကျမသွားအောင် Encouragement ပါ တစ်ခါတည်း လုပ်ပေးလိုက်သေးတာပါ။ အဓိပ္ပာယ်ကတော့ “ခင်ဗျားကို အလုပ်မခန့်တာ ခင်ဗျားအရည်အချင်းတွေကို မယုံကြည်လို့၊ မကြိုက် လို့ မဟုတ်ပါဘူးဗျာ။ တခြားအကြောင်းကြောင်းတွေကြောင့် ခင်ဗျားလျှောက်တဲ့နေရာကို တခြားလူကိုခန့်လိုက်တာပါ။” လို့လည်း သွယ်ဝိုက်ပြီး ညွှန်းဆိုရာရောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ACK & Co Services Co., Ltd ကို ကျွန်တော်ကျေးဇူး အများကြီး တင်ပါတယ်။ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ဒီကုမ္ပဏီကို အတုယူနိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်။ လူကို လူလိုသဘောထားမှသာ လူ့လောကကြီး ပိုပြီးသာယာလာမှာပါ။ ကျွန်တော်တို့ဆီက ကုမ္ပဏီတချို့ဟာ ကိုယ်က သူများဝန်ထမ်းကိုလိုချင်ရင်တော့ နည်းအမျိုးမျိုးနဲ့ ရအောင်ယူတတ် ပါ တယ်။ ကိုးရီးယားကားထဲက ညစ်ပတ်နည်းတွေလောက်တော့ သနားတာပေါ့။ အဲ…ကိုယ်မလိုချင်တော့တဲ့ဝန်ထမ်း၊ ဒါမှမဟုတ် သာမန်ဝန်ထမ်းတစ်ယောက် ကိုယ့်ဆီကထွက်တော့မယ်ဆိုရင် တခြားအလုပ်လျှောက်ရာမှာ အဆင်မပြေဘဲ ကမောက်ကမ ဖြစ်အောင် လစာကို အကုန်ထုတ်မပေးတာတို့၊ လကုန်ပြီး လေးငါးရက်ကြာမှ လစာပေးတာတို့ လုပ်လေ့ရှိပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာမေဒေးနေ့ရယ်လို့ဖြစ်လာမယ့် မေလ ၁ ရက်နေ့ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား တွေအားလုံး တစ်ရက်အလုပ်ချိန် ၈ နာရီဆိုတဲ့ အခွင့်အရေး ရအောင် အမေရိကန်ပြည်ထောင်စု ဖို့ဒ်ကားကုမ္ပဏီ ပိုင်ရှင် မစ္စတာ ဖို့ဒ်က သူ့အလုပ်သမားတွေကို ဆန္ဒပြခိုင်းတာကနေ စပြီးပေါ်ပေါက်လာတာပါ။ အခုဆို တစ်ကမ္ဘာလုံးက လိုက်နာကျင့်သုံးနေတဲ့ စံတစ်ခု ဒါမှမဟုတ် ဥပဒေ တစ်ရပ် ဖြစ်သွားပါပြီ။ ဒါတောင် ကျွန်တော်တို့နိုင်ငံမှာ အလုပ်ချိန်ခေါင်းပုံဖြတ်တဲ့ ကုမ္ပဏီတွေရှိဆဲပါပဲ။ အလုပ်သမားတွေအမြဲမှန်တယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ အလုပ်သမားတွေ ဘက်ကလည်းမှားနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ထန်းလျက်ခဲ သုံးလေးလုံး ထမင်းချိုင့်ထဲထည့်ပြီး အလုပ်ဆင်းနေရတဲ့ စက်ရုံအလုပ်သမတွေကို ခင်ဗျားတို့တွေ့ဖူး၊ ကြားဖူးကြလား။ လမ်းဘေးက အပေါဆုံးဟင်းလျာတစ်မျိုးမျိုးကိုတောင် ဝယ်ချက် မစားနိုင်လို့ ထန်းလျက်ခဲ သုံးလေးလုံးနဲ့ ထမင်းချိုင့်ထည့်ပြီး အလုပ်ဆင်းနေရတယ် ဆိုတာ ပုံပြင်မဟုတ်ပါဘူး။ လှိုင်သာယာဘက်က စက်ရုံတွေကိုသွားလေ့လာကြည့် ရင် တွေ့ရပါလိမ့်မယ်။ ဆင်းရဲတွင်းကနက်လွန်းတော့ တောင့်ခံထားရတဲ့ စာရိတ္တတွေလည်း နွားဝင်တိုးတာ မခံနိုင်တော့တဲ့ ခြံစည်းရိုးအဆွေးလို ဟိုကပေါက် ဒီကပြဲနဲ့ပေါ့။ မှတ်မှတ်ရရ ၂၀၀၃-၂၀၀၄ ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်၊ ကျွန်တော်ကော့သောင်းက INGO တစ်ခုမှာလုပ်နေတုန်း အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုတွေ ထပ်ပြီး တိုးမြှင့်လိုက်တော့ ရန်ကုန်က အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်ရတယ်။ ရလဒ်ကတော့ အထည်ချုပ်စက်ရုံပေါင်းများစွာကို မှီခိုပြီး အသက်ရှင်နေရတဲ့ မိသားစုဘဝလေးတွေ ပြိုကွဲပျက်စီးသွား တယ်။ မိန်းကလေးတချို့ ကော့သောင်းက Restaurant လို့အမည်ခံထားတဲ့ Brothel တွေဆီကိုရောက်လာကြတယ်။ အဲဒီအထဲ မှာ အလုပ်တစ်ဖက်နဲ့ အဝေးသင်တက္ကသိုလ်တက်နေတဲ့ မိန်းကလေးတချို့တောင်ပါတယ်။ အဲဒီအချိန်က ကျွန်တော့်ခံစားချက်ကိုပြောရရင် အစိုးရကိုရော အမေရိကန်ကိုရော အတော်လေးစိတ်ပျက်မိတယ်။မြန်မာ အစိုးရကလည်းခေါင်းမာ၊ အမေရိကန်ကလည်း သူ့လက်နက် သူထုတ်သုံးနဲ့ ကြားထဲက ပြည်သူကဓါးစာခံပေါ့။ Sanction ကို ထောက်ခံတဲ့သူဆိုရင် အဲဒီအချိန်က ကျွန်တော် အင်မတန်မုန်းပါတယ်။ မြန်မာအကြောင်းရေးတဲ့ နိုင်ငံခြားသားတွေထဲမှာ Georgetown University က ပါမောက္ခ David I Steinberg ကို ကျွန်တော်သဘောကျတယ်။ သူ့အတွေးအမြင်ဟာ တခြားအနောက်နိုင်ငံသားတွေနဲ့မတူပါဘူး။ မြန်မာ့နိုင်ငံရေးကို သုံးသပ်ရာမှာ ကျန်တဲ့သူတွေနဲ့စာရင် သူက နည်းနည်းသမာသမတ်ကျတယ်လို့ ကျွန်တော်မြင်တယ်။ အောက်ကစာဟာ အင်တာဗြူးတစ်ခုမှာ သူပြောခဲ့တဲ့စကားတွေပါ။ “So we imposed sanctions to try and enforce this in a series of three steps. That was basically unsound, because _ I was against the sanctions from the very beginning because I know enough about these people to know that they won’t give into sanctions _ this is a highly nationalistic, patriotic country. They cannot be seen to be subservient to foreigners.” “အေးဗျာ… နိုင်ငံတကာကချမှတ်ထားတဲ့ဥပဒေတွေကို မြန်မာအစိုးရ လိုက်နာအောင်လို့ ကျွန်တော်တို့ (အမေရိကန်)က အရေးယူ ပိတ်ဆို့မှုတွေကို ပြဌာန်းခဲ့ တယ်။ ပြောရမယ် ဆိုရင် ခါးတောင်းကြိုက်တခြား ဟိုဟာတခြားလိုဖြစ်နေတာဗျ။ မြန်မာ လူမျိုးတွေဟာ အဲဒီအရေးယူပိတ်ဆို့မှုတွေအောက်မှာ အရှုံးပေးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကောင်းကောင်းသိနေတယ်လေ။ ဒါ့ကြောင့် အရေးယူပိတ်ဆို့မှုတွေကို ကနဦးကတည်းက ကျွန်တော်မထောက်ခံခဲ့ဘူး။ မြန်မာဆိုတာ အမျိုးသားရေးစိတ်၊ မျိုးချစ်စိတ် အင်မတန်ပြင်းထန်တဲ့ နိုင်ငံတစ်ခုလေ ဗျာ။ မြန်မာလူမျိုးတွေ ဟာ နိုင်ငံခြားသားကိုအလွယ်တကူ ခယဝပ်တွား အောက်ကျို့ ခံလိမ့်မယ်လို့ မထင်လေနဲ့။” မှန်ပါတယ်။ ဒေးဗစ်စတိန်းဘာ့ဂ် ပြောတာမမှားပါဘူး။ မြန်မာတွေဟာ ဘယ်တုန်းကမှ အလွယ်တကူအောက်ကျို့ အရှုံး ပေးခဲ့တယ်ဆိုတာ မရှိဘူး။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ တုန်း က မန္တလေးနန်းတော်ကို အမြောက်တစ်ချက်မဖေါက်လိုက်ရဘဲ အသိမ်းခံလိုက်ရတယ်ဆိုတာ ကင်းဝန်မင်းကြီး အတတ်ကျူးသွားလို့ပါ။ မခုခံရ၊ ခုခံလျှင်သူပုန်ဆိုတဲ့ နန်းတော်က အမိန့်ကြောင့် ဗမာတွေ တောက်ခေါက်ပြီး ဧရာဝတီမြစ်ထဲ ဓါးတွေးပစ်ချပြီးမှ ရှောင်ထွက်သွားကြတယ်လေ။ ဒါပေမဲ့ ဒီကနေ့ IT ခေတ်က ၁၈၈၅ ခုနှစ် မဟုတ်တော့ဘူး။ လိုရင်းပြောရရင် အစိုးရရော ကိုယ့်နိုင်ငံတွင်းက ကုမ္ပဏီတွေကိုပါ ဆင်းရဲသားတွေကို ညှာတာဖို့ ကျွန်တော် အနူး အညွတ် မေတ္တာရပ်ခံချင်ပါတယ်။ အဲဒီဘွန်ဆိုင်းသစ်ပင်တွေဟာ ခင်ဗျားတို့ရှင်သန်ခွင့်ပေးမှု အသက်ရှင်ရတဲ့ဘဝပါဗျာ။ မဆင်းရဲဖူးတဲ့သူတွေက ဆင်းရဲသားတွေရဲ့ အာဝေဏိက ဒုက္ခကို မခံစားဖူးကြဘူး မဟုတ်လား။ လင်ယောက်ကျား ပင်လယ်ထဲသွားနေတုန်း မီးဖွားဖို့ ငွေမရှိလို့ အရပ်လက်သည်က အကြွေးလာမွေးပေးတယ်။ သားဖွား ဆရာမ (Midwife) တောင် မခေါ်နိုင်ဘူးနော်။ ဆရာဝန်ဆိုတာ ဝေလာဝေးပေါ့။ ဒါတောင် မီးဖွားဖို့ ဖယောင်းတိုင်ဖိုးမရှိလို့ ရပ် ကွက်ထဲက အိမ်ဆိုင်လေးမှာ ဖယောင်းတိုင်အကြွေးသွားဝယ်ရတယ်။ ဒါ INGO မှာလုပ်တုန်းက ကျွန်တော့် Volunteer တွေပြော ပြတာ။ နောက်တစ်ယောက်ကျတော့ ယောက်ကျားပင်လယ်ထွက်နေတုန်း မီးမဖွားနိုင် ဘဲ သွေးတွေသွန်တယ်၊ Volunteer တွေက အကူအညီလာတောင်းတယ်၊ ကယ်ပါ ဆရာရယ်၊ မကယ်ရင် သေလိမ့်မယ်တဲ့။ ကျွန်တော်လုပ်နေတဲ့ Project ထဲမှာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအတွက်မပါဘူး။ ကျွန်တော်ဘာလုပ်ရမလဲ…။ ကျွန်တော့် မှာလည်း ကိုယ်ပိုင် ဖွတ်ကလိဒင်္ဂါးက ပါးလျားနေတဲ့အချိန်။ ဒီတော့ Volunteer တွေကို တိုင်ပင်ပြီး ကျွန်တော်တို့အပတ်စဉ် Meeting လုပ်ရင် Refreshment သုံးလို့ ရတဲ့အထဲက ငွေကြေးကိုထုတ်နုတ်ပြီး ကူညီလိုက်တယ်။ သူတို့အားလုံး ကျေးဇူးတင်ပါတယ်ဆရာလို့ တဖွဖွပြောတဲ့အချိန်မှာ ကျွန်တော့်ကို တင်စရာ မလိုပါဘူး။ ခင်ဗျားတို့ကို ကျွန်တော်က တင်ရမှာ။ ခင်ဗျားတို့အတွက် သုံးမယ့်ငွေထဲကနေ လှူလိုက်တာ ခင်ဗျားတို့ကောင်းမှုပါဗျာလို့ ပြောလိုက်ပါတယ်။ ကျွန်တော်မဏ္ဍပ်တိုင်တက်ပြနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ကူညီချင်တဲ့ စိတ်ရှိရင် ကူညီလို့ရတယ်ဆိုတာကို ပြောချင်တာပါ။ အဲ…စည်းမျဉ်း၊ စည်းကမ်းနဲ့တော့ မညီဘူးပေါ့ဗျာ။ သူ့ကံနဲ့သူပဲဆိုပြီး ပစ်ထားလိုက်လို့ကတော့ ဘာသာရေး၊ လူမျိုးရေးအရ လွှမ်းမိုးစိမ့်ဝင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် ဖိုးကြိုင်းတုတ်ဖြစ်သွားမှာပဲ။ စဉ်းစားကြပေါ့ဗျာ။ ခင်ဗျားတို့၊ ကျွန်တော်တို့ မျိုးဆက်တွေကို ဘယ်လိုပုံစံနဲ့ ထားခဲ့ကြမှာလဲ။ ကျွန်တော် ကျွန်တော်တို့လူမျိုးတွေကို တစ်ယောက်နဲ့တစ်ယောက်ချစ်စေချင်တယ်။ ကူညီစေ့ချင်တယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း မြှင့်တင်ပေးစေ့ချင်တယ်။ အစိုးရရော၊ တပ်မတော်ရော၊ အတိုက်အခံတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံး ကိုရော ပြေလည်စေ့ချင်တယ်။ စစ်ဘေးရှောင်စခန်းက ကလေးတွေ ထမင်းနှစ်နပ်ကို ဟင်းရွက်ပြုတ်နဲ့ မဝရေစာ စားနေရတဲ့အချိန်မှာ တခြားကလေး တွေလို တစ်လုတ်ကယ်ဝဝ စားလိုက်ရရင်ဖြင့်လို့ တမ်းတမိကြရှာမှာပါပဲ။ ဒီလိုပဲ စစ်ဒါဏ်မခံရပေမဲ့ အညာကကလေးတွေ၊ မြစ်ဝ ကျွန်းပေါ်က ကလေးတွေလည်း ဆင်းရဲနာစွဲကပ်တာကို လှိမ့်ခံနေကြရတာပါပဲ။ ဒီကလေးတွေ၊ ဒီဆင်းရဲသားတွေဟာ စစ်ဘေး၊ စစ်ဒါဏ်အပြင် ကျွန်တော်တို့လူမျိုးအချင်းချင်းရဲ့ ခေါင်းပုံဖြတ်တဲ့ဒါဏ်ကို လည်း ခံနေကြရတာပါပဲ။ ဆင်းရဲသားပပျောက်ရေးအတွက် စီမံချက်တွေချမှတ်ဆောင်ရွက်တဲ့နေရာမှာ ရပ်ရွာအုပ်ချုပ်ရေးပိုင်းကစလို့ တာဝန်ရှိသူ တွေ မဟုတ်တာလုပ်နေလား။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ခင်ဗျားတို့ကြည့်မနေကြပါနဲ့။ မသမာမှုကိုဖေါ်ထုတ်ဖို့ကြိုးစားပါ။ ဝိုင်းဝန်း ဆောင်ရွက်ပါ။ ဖေါ်ထုတ်ပြီး အရေးယူဆောင်ရွက်နိုင်အောင် အထက်ဌာန အဆင့်ဆင့်အထိ တင်ပြပါ။ ခင်ဗျားတို့ ဆင်းရဲလို့ ငွေကြေး မထည့်ဝင်နိုင်ဘူး ဆိုရင်တောင် ခင်ဗျားတို့လုပ်နိုင်တဲ့အလုပ်တွေအများကြီးရှိပါတယ်။ ခါးဝတ်ခါးစားတောင်မပါဘဲ ရေနစ်နေတဲ့ကလေးတစ်ယောက်အတွက် ခင်ဗျား အဝတ်အစားဝယ်ပေးဖို့ တတ်နိုင်ချင်မှ တတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား က မြစ်ဘေးမှာနေပြီး ရေကူးကျွမ်းကျင်တော့ အဲဒီကလေးကို ခင်ဗျားကယ်နိုင်ပါတယ်။ အပေါ်ရောက်တဲ့အခါ တတ်နိုင်တဲ့နောက်တစ်ယောက်က အဝတ်အစားပေးလိမ့်မပေါ့ဗျာ။ လူကိုလူလိုမြင်ပြီး ကရုဏာစိတ်အပြည့်နဲ့ ကမ်းလင့်နိုင်တဲ့ ခင်ဗျားတို့လက်တစ်စုံကြောင့် ဒီကလေးတွေ၊ ဆင်းရဲသားတွေ ရဲ့ ဘဝပေါင်းများစွာ ပြောင်းလဲသွားစေနိုင်ပါတယ်။ ထိုက်တန်တဲ့ (ထိုက်တန်တဲ့) အခကြေးငွေလုပ်ခနဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးမယ်ဆိုရင်၊ ပညာသင်ကြားခွင့်တွေ ဖန်တီးပေးမယ်ဆိုရင် ဒီနင်းပြားတွေ ရဲ့ဘဝပြောင်းလဲလာနိုင်ပါတယ်။ တကယ်တော့ မထင်မှတ်ဘဲ အဲဒီကလေးတွေ၊ ဆင်းရဲသားတွေကိုကမ်းလိုက်တဲ့ ခင်ဗျားရဲ့လက်တစ်စုံဟာ ကိုယ့်တိုင်း ပြည်ကိုယ် တည်ဆောက်လိုက်တာပဲ မဟုတ်ဘူး လားဗျာ။ လူကို လူလိုသဘောထားမှသာ လူ့လောကကြီး ပိုပြီးသာယာလာမှာပါ။ အတွေးတွေ ဆန့်ထွက်လာအောင်တွန်းအားပေးခဲ့တဲ့ ACK & Co Services Co., Ltd ကိုကျေးဇူးတင်ပါတယ်။ ရဲကျော်သူရ မေ ၁၁ ရက်
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment