Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Wednesday, May 7, 2014
DHL ၀န်ထမ်းရဲမိုး
5:14 AM
ကိုရဲမိုး
No comments
အသားအရောင် ခွဲခြားမှု … လူမျိုးရေး အစွန်းရောက်မှုတို့ နဲ့ နာမည်ကြီးလှတဲ့ … ကေသုံးလုံး ( ကူကလပ်ကလန် ) ဂိုဏ်း ကိုတော့ … ကျွန်တော်တို့ အတော်များများ … အကျွမ်းတ၀င် ရှိပြီး ဖြစ်ပါလိမ့်မယ် … ဒါပေမယ့် လူသိနည်းတဲ့ အချက်တစ်ခုကတော့ … ဒီဂိုဏ်းဟာ … အမေရိကန်ပြည်ထောင်စုမှာ …. တရားဝင် အသင်းအဖွဲ့ တစ်ခုအဖြစ် … လက်ရှိအချိန်အထိ … ရပ်တည်နေသေးတယ် ဆိုတဲ့ အချက်ပါပဲ … ဇာတ်လမ်းရဲ့ အစကတော့ … ၁၉၆၄ ခုနှစ် …. ပူလောင်လှတဲ့  နွေနေ့ လည်ခင်းတစ်ခုမှာ … အစပြု ခဲ့ ပါတယ် ….. ဟယ်မီတန် ခရိုင်မြို့ လေးက … ကေသုံးလုံး ( ကူကလပ်ကလန် ) ဂိုဏ်းခေါင်းဆောင်ဟာ … ဒေသတွင်း ရုပ်မြင်သံကြားချာနယ်တစ်ခုမှာ … သူတို့ ရဲ့ အယူအဆတစ်ချို့ ကို ဟောပြောခွင့်ရရှိဖို့  … အဆိုပြုလာခဲ့ပါတယ် … ရုပ်မြင်သံကြားချာနယ် အနေနဲ့ တော့ … ဒီဂိုဏ်းရဲ့ အယူအဆတွေကို … သိပ်မနှစ်မျို့ လှတဲ့အတွက် …. သူများတကာ နဲ့ တန်းတူ ရုပ်သံလွှင့်ခွင့် … ခွင့်ပြု ပေးနိုင်မယ် မဟုတ်ပါဘူး….. အဲဒီနောက်မှာတော့ … အမေရိကန်ပြည်ထောင်စု ရဲ့ တရားစီရင်ရေးသမိုင်းမှာ … နာမည်ကျော် အမှုအခင်းကြီး တစ်ခု … စတင် ပေါ်ပေါက်လာတော့ တာပါပဲ … ကေသုံးလုံး ဂိုဏ်းဟာ … ရုပ်မြင်သံကြားချာနယ်ရဲ့ ငြင်းဆိုမှုကို … ပြည်နယ်တရားရုံးမှာ တရားစွဲဆိုခြင်းနဲ့ … ဒေါသတကြီး တုန့် ပြန်ခဲ့ပါတယ်… အကြောင်းအရာကတော့ … အမေရိကန်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ … ပထမ ပြင်ဆင်ချက်ဖြစ်တဲ့ … မိမိ အယူအဆများကို လွတ်လပ်စွာ ပြောဆိုခွင့် … လွတ်လပ်စွာ ရေးသားတင်ပြခွင့် ဆိုတဲ့  အချက်ကို … တားဆီးဖောက်ဖျက်တယ် ဆိုတဲ့  စွပ်စွဲချက် နဲ့ ပါပဲ … ဒီအမှုဟာ ပြည်နယ်တရားရုံးမှာ … အကြိတ်အနယ် ရင်ဆိုင်ငြင်းခုံခဲ့ရပြီး … နောက်ဆုံးမှာတော့ … ကေသုံးလုံး ဂိုဏ်း ဟာ ရှုံးနိမ့်သွားခဲ့ပါတယ် …. ဒါပေမယ့် သူတို့ ဟာ ... လုံးဝ ကျေနပ်နိုင်မယ် မဟုတ်ပါဘူး…. ဒီကိစ္စအတွက် …. ရေကုန်ရေခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီဖြစ်လို့  … အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်အမြင့်ဆုံး … တရားသူကြီး ရှစ်ဦး ပါဝင်တဲ့  ... ပြည်ထောင်စု တရားရုံးချုပ်ကို … ရောက်ရှိလို့  လာခဲ့ပါတော့တယ် … ဒီ အမှုဟာ …. အမေရိကန်ပြည်ထောင်စု တစ်ခုလုံးသာမက … ကမ္ဘာကပါ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ … အမှုအခင်းတစ်ခု တစ်ခုဖြစ်ခဲ့ပါတယ် … နှစ်ဖက် လျှောက်လဲချက်တွေကို … အပြန်ပြန် အလှန်လှန် .... ကြားနာသုံးသပ်ပြီးတဲ့ နောက်မှာတော့ … တရားသူကြီး အများစုဟာ … ကေသုံးလုံး ဂိုဏ်းကို အနိုင်ပေးလိုက်ပါတော့တယ် …. အထူးခြားဆုံး အချက်တစ်ချက်ကတော့ … အဲဒီ အနိုင်ပေးလိုက်တဲ့  .... တရားသူကြီးတွေထဲက တစ်ဦးဟာ… လူမည်း တရားသူကြီး တစ်ဦး ဖြစ်နေတာပါပဲ …. တရားရုံးချုပ်က ပြန်အထွက် … သတင်းထောက်တွေ ၀ိုင်းမေးကြတဲ့  မေးခွန်းအမျိုးမျိုးကို … သူ ပြုံးပြီး ပြန်ဖြေသွားတဲ့  စကားလေး တစ်ခွန်းဟာ … အမေရိကန် ပြည်သူတွေအဖို့  …. သူတို့ ကျင့်သုံးတဲ့  ဒီမိုကရေစီ စနစ်အပေါ် … တစ်သက်လုံး ဂုဏ်ယူဝင့်ကြွားစေခဲ့ရတဲ့  … အမှတ်တရ တစ်ခုဖြစ်စေခဲ့ပါတယ် … သူ ပြောသွားခဲ့တာကတော့ … ကေသုံးလုံး ဂိုဏ်းရဲ့  အယူအဆတွေ ဘယ်လိုပဲ ရှိနေပါစေ… --------------------------------------------------------------- သူတို့ ရဲ့  အခွင့်အရေးဖြစ်တဲ့  .... -------------------------------------- လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ကိုတော့ … -------------------------------------------------------- ကျွန်တော်တို့  ပိတ်ပင်တားဆီးလို့ မဖြစ်ပေဘူး တဲ့  …. ------------------------------------------- ဒါနဲ့  စကားမစပ် …. ကိုယ့် ပါတီကို နည်းနည်းလောက် ဝေဖန်ခံရတာနဲ့ … ဆတ်ဆတ်ခါနေကြတဲ့  …. မြန်မာပြည်က ဒီမို အထီး အမတွေ … သူ့  အီးလေး နည်းနည်းလောက် စားကြမလား … ကျွန်တော် DHL နဲ့ မှာပေးမယ် …. ( DHL ၀န်ထမ်း ရဲမိုး ) —
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment