Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စကားရှိတယ် ။
8:10 AM
ကိုရုပ်ဆိုး
No comments
၁)ပထမတစ်ယောက်ကတော့ သူငယ်တန်းကနေ ၄ တန်းထိ သင်ရတဲ့ သချာင်္ဆရာ ။ ကျွန်တော် က ဗရိုက် မဖြစ်ဘူး ။ သူငယ်တန်းကနေ ၃ တန်းထိ ကျွန်တော်သချာင်္ မှားတိုင်း သူခေါ် တဲ့ နာမည်ရှိတယ် ။ "ချာတူး" တဲ့ ။ တစ်ရက်တော့ သချာင်္ တစ်ပုဒ်တွက်တယ် ။ မှတ်မှတ်ရရ ကျွန်တော် ၁၃ ခါ တိတိ မှားတယ် ။ မှားတိုင်း လက်ဝါးဖြန့်ပြီး အရိုက်ခံရတယ် ။ နောက်တော့ ဆရာ က ရိုက်ရတာ အားနာလာတယ်ထင်တယ် ။ တပည့် ... "ဓားတိုရင် ရှေ့တိုးခုတ်ရတယ်ကွ" တဲ့ ။ ဥာဏ်အားနည်းရင် လုံ့လအား ပိုစိုက် တဲ့ ။ အဲဒီပုစ္ဆာ ကို သူများတွေကျောင်းဆင်းတဲ့ ထိ သူထိုင်စောင့်ပြီးတွက်ခိုင်းတာ ညနေ မိုးချုပ်မှ ပြီးတယ် ။ အဲဒီနောက် ကျွန်တော် ဓားတိုတိုင်း ရှေ့တိုးတိုး ပဲ ခုတ်တော့တယ် ။ ခုတ်မရ ခဲ့ တဲ့ အခါတွေလည်းရှိတော့ရှိခဲ့တယ် ။ ၂)နောက်တစ်ယောက်ကတော့ အလယ်တန်းတုန်းက ကျောင်းအုပ်ကြီး ။ ကျွန်တော် အထက်တန်းကျောင်း ပြောင်းတော့ ဆရာကြီးက မှာတယ် ။ " ဒီလိုနေချင်ရင်ဒီတိုင်းနေပါ ၊ ဒီတိုင်းမနေချင်ရင်ဒီလို မနေပါနဲ့ " တဲ့ ။ ကိုယ် လုပ်တဲ့ အလုပ်တစ်ခု ရလာဘ်ထွက်လာတိုင်း ကိုယ့်ကိုယ်ကိုပြန်စစ် မိတယ် ။ ဒီ ရလာဘ်ဟာ ကျွန်တော် နေချင်တဲ့ အခြေနေတစ်ခု ဟုတ်လား ၊ မဟုတ်ဘူးလားပေါ့ ။ ဟုတ်တယ်ဆိုရင် အဲဒီတိုင်းပဲ ဆက်သွားတယ် ။ တကယ်လို့ ကျွန်တော်လိုချင်တဲ့ ရလာဒ် မဟုတ်တော့ဘူးဆိုရင်တော့ ဘာတွေလိုနေလဲ ၊ ဘာတွေ ပြောင်းရမလဲ ပြန်သုံးသပ်ပြီး နေထိုင်မှု ပုံစံ က စ ပြောင်းလဲ ပစ် မိတယ် ။ ၃)နောက်တစ်ယောက်ကတော့ ဗိုလ်လောင်းတုန်းက တပ်ခွဲမှုး အရာရှိပေါ့ ။ Do as I Do . ဆိုတဲ့ အထက်အရာရှိ ၊ Follow me ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ပါ ။ တချက် မှ ရိုက်မဆုံး မဖူးပေမဲ့ သိပ်ကြောက်ရသလို ၊ သိပ်လည်းလေးစားရပါတယ် ။ အထက်အရာရှိဆိုပေမဲ့ အပြစ်ပေးတာ က အစ ဘယ်တော့မှ စည်းမျဉ်းစည်း ကမ်း မကျော်ပါဘူး ။ သူ အပစ်ပေးတဲ့ ခါ စစ်မြေပြင်မှာ အကျိုးရှိ မဲ့နည်းပဲ ပေးတယ် ။ ခရာတချက်တုပ် တိုင်း ... ပစ် ၊ထောက် ၊ လှိမ့် ၊ မှောက် .. လုပ်ရတယ် ။ တခါတခါ အပြစ်ပေးတိုင်း တံတောင်တွေ ပွန်းတဲ့ထိ ပေးတယ် ။ ကျောင်းဆင်းတော့ ဆရာသမား က မှာတယ် ။ " တပည့် မင်း ကမ်းကိုလွတ်မြောက်အောင်ကူးခတ် နိုင်တဲ့ အခါ ကူးသွားလိုက်ပါ ။ အဲလို မှ မဟုတ်ရင်တော့ ရေစီးကြောင်းမှာ အားမွေးပါ ၊ ယက်ကန် ယက်ကန် တော့ ဆန်မတက်နဲ့ အချိန်ကုန်လူပမ်း တယ် ၊ လိုရာလည်းမရောက်ဘူး ၊ ပတ်ဝန်းကျင်နဲ့လည်းသဟဇာတမဖြစ်ဘူး" တဲ့ ။ အခုလက်ရှိ တပ်မတော် မှာ ဆရာသမား ဟာ ကျွန်တော်နဲ့ အဆင့် အတူပါ ။ ဒါပေမဲ့ ဗိုလ်ချုပ်တွေ ရှေ့ ခေါင်းမော့ ရပ်ရင် ရပ် ရဲ မယ် ။ သူ့ ရှေ့ ရောက်ရင်ကျွန်တော် ဟာ ကလေးလေး တစ်ယောက် ပါပဲ ။ ၄)နောက်တစ်ယောက်ကတော့ ကျွန်တော့် တပ်ရင်းမှူးပါ ။ ဗိုလ်လောင်းတုန်းက စာပေက ဆရာပါ ။ နောက်တော့ ကျွန်တော့် တပ်မှာ တပ်ရင်းမှူး ဖြစ်ပါတယ် ။ ရဲဘော်ဖြစ်ဖြစ် ၊ အရာရှိဖြစ်ဖြစ် ဘယ်တော့ မှ မောက်မောက်မာမာ မဆက်ဆံသလို ၊ ရင့်ရင့်သီးသီးလည်းမဆူဖူးပါဘူး ။ တရက်တော့ တပ်ကိစ္စ တွေ ကို အရာရှိတွေ ၊ ရုံးအဖွဲ့ တွေကို တာဝန်ခွဲပေးတယ် ။ ပြီးတော့ သူက ပြောတယ် ။ ငါ လက်နက်ကိုင် တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လူကြီးရဲ့ ကိုယ်ရေး အရာရှိတွေ နဲ့ လိုက်သွားဖူးတယ် တဲ့ ။ အဲဒီမှာ Level တူတွေ အလ္လာပ သလ္လာပ ပြောကြရင်း KNU က ဆက်ဆံရေးအရာရှိတွေ ကို သူကမေးတယ်တဲ့ ။ မင်းတို့လည်း မိုင်းထောင်တာ ၊ ငါတို့လည်း မိုင်းထောင်တာပဲကွာ ။ မင်းတို့ မိုင်း တွေ က ကျတော့ ခဏခဏ ကွဲပြီး ၊ ဘာလို့ ငါတို့ မိုင်းတွေ က မကွဲတာတုန်းကွ ဆိုတော့ ... KNU က အရာရှိက ပြောတယ်တဲ့ ...မင်းတို့ ယုံမယုံတော့ မသိဘူး ... ငါတို့ မိုင်းထောင်တိုင်း မိုင်းနားမှာ ခဲ လုံး တစ်လုံး ချ ၊ ပြီးတာနဲ့ ခဲလုံးကို အလေးပြု ပြီး " 'ဒီမိုင်း ကွဲအောင်စွမ်းဆောင်ဖို့ သင့်ကိုတာဝန်ပေးတယ်" ဆိုပြီး ခဲလုံးကို တာဝန်ပေးစေခိုင်းတယ်တဲ့ ။ ဒါက မင်းတို့ ကို ဗဟုသုတ အနေနဲ့ ပြောပြတာ ပါ ။ တာဝန်ပေးရင် ခဲလုံးတောင် ကျေပွန်အောင်ထမ်းဆောင်တယ်ကွ ။ မင်းတို့ လည်း ဘယ်တော့မှ ခဲလုံးထက်အဆင့် နိမ့်သူတွေ မဖြစ်ကြစေနဲ့ တဲ့ ။ အချိန်တွေ ဘယ်လောက်ကြာကြာ ၊ နေရာတွေ ဘယ်လောက်ဝေးဝေး အဲဒီ ပုဂ္ဂိုလ်တွေ ပြောတဲ့ စကားတွေက ရင်ထဲ က ပျောက်မသွားဘူး ။ မနေ့ တနေ့ ကလိုပဲ ။
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment