Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
သံလမ်းပေါ်က သဘောက်မသားများသို့
8:28 AM
ရဲကျော်သူရ
No comments
ကျွန်တော်ဒီမိုကရေစီကို အပြည့်အဝထောက်ခံသလို ဖက်ဒရယ်စနစ်ကျင့်သုံးရမယ် ဆိုတာလည်း လက်ခံပါတယ်။ ဒါပေမဲ့ ဆိုဗီ ယက်ကဗျာဆရာ ယက်ဗ်တူရှင်ကို နယူးစ်ဝိခ်သတင်းထောက်နဲ့ အင်တာဗြူးတစ်ခုမှာပြောခဲ့တာလေး သတိရမိတယ်။ “ကျွန်တော်တို့ဟာ ဒီမိုကရေစီကို ပထမတစ်ကြိုက်ပဲ မြည်းစမ်းကြည့်ရသေးတယ်။ တချို့လူတွေက တာဝန်မဲ့စွာ ယစ်မူးနေကြပြီ။ တချို့လူတွေကတော့ ဒါကို အဆိပ်လို့ထင်နေကြတယ်။” တဲ့။ မစ်ခေးဂေါ်ဘာချော့ဟာ (perestroika) ဆိုတဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုကိုအရင် မလုပ်ဘဲ (glasnost) ဆိုတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ကို အရင်ပေးလိုက်လို့ ဆိုဗီယ က်ပြည်ထောင်စုကြီးပြိုကွဲသွားရတာလို့ သမိုင်းဆရာတွေကဆိုပါတယ်။ ကဗျာဆရာ ယက်ဗ်တူရှင်ကိုပြောသလို ကျွန်တော်တို့လူမျိုးတွေ ဒီမိုကရေစီတစ်ကြိုက်နဲ့ ယစ်မူးနေရော့သလားလို့ ထင်မိတယ်။ အစိုးရသက်တမ်း လေးနှစ်အတွင်းမှာ ဘာမှဖြစ်မလာဘူးလို့ပြောသူကပြော၊ အစိုးရ ကို ဖြုတ်ချရမယ်လို့ ဆိုသူကဆို၊ စစ်ပွဲတွေ ရပ်ဆိုပြီး ငြိမ်းချမ်းရေးအတွက်ဘာမှ ပံ့ပိုးမှုမရှိဘဲ အစိုးရတစ်ဖက်တည်းကို အပြစ်တင်ဆန္ဒပြလိုပြ၊ ကိုယ့်မြေမဟုတ်ဘဲ သူများ ဆန္ဒပြတာနဲ့ရောယောင် အချောင်ရမလားလို့ ဝင်ပြီးအချီကြီးကြံတဲ့သူကကြံနဲ့ အတော့်ကိုစိတ်ပျက်စရာကောင်းပါတယ်။ Project တစ်ခုမှာ Under Spent ဖြစ်နေလို့ အကျိုးရှိအောင် Community နဲ့ညှိုနှိုင်းပြီး ဆင်းရဲသားတွေအတွက်ယင်လုံအိမ်သာ ထောက်ပံ့တဲ့အခါ သိန်းရာကျော်၊ ထောင်ကျော် ချမ်း သာတဲ့ အိမ်ထောင်စုတွေကပါ လာတောင်းကြတယ်။ သူတို့အစား ရှက်လိုက် တာ။ ကျွန်တော်တို့လူမျိုးမှာ အချောင်လိုချင်တဲ့စိတ်ရှိတယ်ဆိုတာ ကျွန်တော်ပြောဖူးပါ တယ်။ မနေ့ကလည်း အကောင့်တစ်ခုမှာဝင်ကြည့်တော့ တောထဲကကောင်တွေဆဲနေ လိုက်ကြတာ ဒီကောင်တွေနဲ့ ဘယ်လို ဒီမိုကရေစီ စနစ်၊ ဘယ်လို ဖက်ဒရယ်စနစ်နဲ့များ စခန်းသွားကြမှာပါလိမ့်။ ဗမာဆိုတာ ကလိန်ကကျစ်၊ ဗမာဆိုတာ ကတိမတည်တဲ့လူမျိုး၊ ဗမာဆိုတာ ဘာဖြစ် တယ်၊ ညာဖြစ်တယ် ပြောချင်တဲ့ လူမျိုးရေး အစွန်းရောက်တိုင်းရင်းသားတွေကို နည်း နည်းလောက်ပြောချင်တယ်။ ကချင်ကလိန်ကကျစ်တွေ၊ ချင်းလူလည်တွေ၊ လူကုန်ကူး တဲ့ ကယားတွေ၊ ကရင်တွေ၊ ကိုယ့်လူမျိုးအချင်းချင်းတောင်ရောင်းစားတဲ့ မွန်တွေ၊ ရခိုင်တွေ၊ ရှမ်းတွေ ရှာပြရမလား။ ကျွန်တော် နယ်စပ်ဒေသ ကော့သောင်းမှာ အနှစ်နှစ်ဆယ်နီးပါးနေလာခဲ့ပါတယ်။ လူမျိုးပေါင်းစုံ ပေါင်းခဲ့ဖူးတယ်။ အကုသိုလ်ကျူးလွန်တဲ့သူဟာ လူမျိုးနဲ့မဆိုင်ပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီနဲ့ သာဆိုင်ပါတယ်။ ခင်ဗျားတို့ဘဝတွေမတိုးတက် တာဟာ ဗမာတွေကြောင့်မဟုတ်ပါဘူး။ ခင်ဗျားတို့ရင်ထဲမှာရှိနေတဲ့ မနာလို၊ ဝန်တိုမှုစိတ်တွေကြောင့်ပါ။ ကျွန်တော်တို့ဗမာတွေ မှာ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ကာချင်း၊ သီချင်း စသဖြင့် စာပေ ကဗျာ၊ လင်္ကာ တွေပြည့်နှက်နေတာ ကျွန်တော်တို့ဘိုးဘေး တွေ ကိုယ့်ဘာသာ တီထွင်ဖန်တီး ထိန်းသိမ်းပြီး လက်ဆင့်ကမ်းခဲ့ကြတာပါ။ ခင်ဗျားတို့ကတော့ ကိုယ့်ဘာသာ တီထွင်ဖန်တီးဖို့ မကြိုးပမ်းဘဲ ဗမာတွေရဲ့ စာပေ၊ အနုပညာအကြောင်းပြောတာနဲ့ ဗမာလူမျိုး ကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး ဝါးလုံးချေး သုတ်ယမ်းတော့တာပဲ။ ဝမ်းနည်းစရာကောင်းတာက ခင်ဗျားတို့ယမ်းတဲ့ ဝါးလုံးကချေးက ဗမာတွေကို မစင်ဘဲ ကိုယ့်ကိုယ်ကိုယ်ပြန်စင်နေတာပါပဲ။ ခင်ဗျားတို့ရင်ထဲမှာရော ဦးနှောက်ထဲမှာပါ မနာလို၊ ဝန်တိုမှုတွေနဲ့ပြည့်နှက်နေတော့ ပညာအသိလည်းမဝင်သလို လှပဆန်းပြားတဲ့ အနုပညာအသစ်တွေကိုလည်း မဖန်တီးနိုင်တော့ဘူး။ မြန်မာစာကိုပဲရုံးသုံးပြဌာန်းထားတော့ ခင်ဗျားတို့စာပေတွေ မတိုးတက်ဘူးလို့ ခင်ဗျားတို့ကပြောဦးမယ်မဟုတ်လား။ မဆီလေး ရယ်တဲ့မှ မဆိုင်ပါသော်ကောဗျာ။ ကိုလိုနီခေတ် နှစ်ပေါင်း ၁၀၀ ကျော်လုံး ခင်ဗျားတို့ကျေးဇူးရှင်အင်္ဂလိပ်အစိုးရဟာ ဗမာတွေရဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုကို ဘယ်လောက်ချိုးနှိမ်ခဲ့လဲ။ ဒီအတွက် ဗမာတွေ ဘယ်လိုရုန်းကန်ခဲ့ကြ သလဲ။ အရည်အချင်း ရှိတဲ့လူမျိုးတစ်မျိုးဟာ အကြောင်းပြချက်တွေနဲ့ ကိုယ့်လူမျိုးဘဝ ကို ဘယ်တော့မှ အဆုံးသတ်မပစ်ဘူး။ ခင်ဗျားတို့ကို ဗမာတွေကနှိမ်ထားတယ်ဆိုပြီး အင်မတန်ရိုးသားတဲ့ပုံစံနဲ့ ခင်ဗျားတို့ ပထွေးတွေရှေ့ရောက်ရင် မျက်ရည်ခံထိုးပြ မယ်။ ဘာသာတူတာကို အရင်းပြုပြီး အနောက်ကအကူအညီတွေကို နည်းပေါင်းစုံနဲ့မျှော်မယ် (ဒီနေရာမှာ စကားစပ်မိလို့ ပြော ရရင် မြန်မာစာပေသမိုင်းကိုပြုစုပြီး ကိုလိုနီပညာရေးဝန်ထမ်းတွေကို စိမ်ခေါ်ခဲ့တဲ့ ဆရာကြီး ဦးဖေမောင်တင်ဟာ အင်္ဂလီကန် ခရစ်ယာန်ဘာသာဝင်နော်။ ဒါပေမဲ့ သံဃာတွေကို လက်အုပ်ချီပြီးမှ စကားပြောတယ်။ အစိုးရကိုဖားတယ်လို့ထင်ရင် အဲဒါ အင်္ဂလိပ်ခေတ်ဆိုတာမမေ့နဲ့။) အသက်သာအသေခံမယ် ဗမာ ကျွန် အဖြစ်မခံဘူးဆိုပြီး လူကြားကောင်းအောင်အော်မယ်။ ပြီးတော့ စခန်းတွေအတိုက်ခံရပြီဆိုရင် သံခြေကျင်းတွေခတ်ပြီး ကိုယ့်လူကို အသေခံခိုင်းပြီးထားခဲ့မယ်။ သမိုင်းတစ်လျှောက်လုံးဘယ်သူက ကလိန်ကျစ်ကျတာလဲ။ စဉ်းစားကြည့်ရအောင်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် စောဒယ်နီရယ်လ်၊ ကရင် ၁ ရင်းမှူး ဒုဗိုလ်မှူးကြီး စောမင်း မောင်၊ ကရင် ၂ ရင်းမှူး ဒုဗိုလ်မှူး ကြီး စောမြမောင်၊ မိတ္ထီလာကလေယာဉ်ကို အပိုင်စီး ကရင်တွေကိုဦးစီးပြီး မေမြို့ကို သိမ်းခဲ့တဲ့ ကချင် ဗိုလ်နော်ဆိုင်း….အားလုံးတိုင်းရင်းသားတွေချည်းပဲ။ လူသိများတဲ့ ဖြူးလူသတ်ပွဲအပါအဝင် လူသိပ်မသိတဲ့ ညောင်လေးပင်တစ်ဝိုက်က ဗမာရွာတွေ၊ ပျဉ်းမနားနယ် တစ်ဝိုက်က ဗမာရွာတွေမှာ ခင်ဗျားတို့တတွေ အပြစ်မရှိတဲ့ ဗမာရွာသားတွေကို ကွန်မြူနစ်အားပေးလို့စွပ်စွဲပြီး ရက်ရက်စက်စက် မီးရှို့ သတ်ခဲ့ကြ တယ်၊ ဓားနဲ့ခုတ်သတ်ခဲ့ကြတယ်။ ဗမာတပ်ရင်းတွေနဲ့ပေါင်းပြီးခင်ဗျားတို့ကိုတိုက်ခဲ့တဲ့ တပ်တွေထဲမှာ သစ္စာရှိ တိုင်းရင်း သားတပ်ရင်းအချို့လည်းရှိပါတယ်။ ဒါတောင် ချင်းစစ်သည် တစ်ဝက်လောက်ဟာ “ယုံကြည်သူအချင်းချင်း မတိုက်ချင်ဘူး” ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်တွေ ထားခဲ့ပြီး ချင်းတောင်ပေါ် ပြန်တက်သွားကြသတဲ့။ လွတ်လပ်ရေးရခါစမို့လို့ အင်အားမရှိတဲ့ ဗမာတွေဟာ ရသမျှအင်အားနဲ့ ကျားကုတ် ကျားခဲတောင့်ခံထားတဲ့အချိန်မှာ တက္ကသိုလ် ကျောင်းသားတွေ၊ တောင်သူလယ်လုပ် ဓားမခုတ်တွေ စစ်ထဲကိုလှိမ့်ဝင်လာကြတယ်။ ယာယီအောင်မြင်မှုမှာ သွေးနထင်ရောက် ရင် ဆုံးရှုံးရတာ ဓမ္မတာပါပဲ။ အင်းဝနန်းတော်တစ်ခုလုံးမွန်တွေလက်အောက်ရောက်သွားတာတောင် တတိယမြန်မာနိုင်ငံတော်ကို ရအောင်ထူထောင်ခဲ့တဲ့ ဗမာတွေရဲ့သမိုင်းကိုမေ့ထားရင် မှားသွားမှာပေါ့ဗျာ။ ဗမာဆိုတာ ကျန်တဲ့အချိန်မှာသာအချင်းချင်းမတည့်ရင်နေမယ် တစ်မျိုးသား လုံးကျဆုံးမယ့်အရေးမြင်လို့ကတော့ အနှေးနဲ့အမြန်ဆို သလို သွေးစည်း သွားတတ်တာ သမိုင်းသက်သေအရှိမဟုတ်လား။ ဗမာနယ်ချဲ့၊ ဗမာလူမျိုးကြီးဝါဒလို့ ခင်ဗျားတို့ကုန်းအော်နေတဲ့လူမျိုးဟာ ဆန်ပုံးထဲမှာ ဆန်ရှိနေရင် အိမ်ပြင်တောင်မထွက်ချင် လောက်အောင် နားအေးပါးအေးနေတတ်တဲ့ လူမျိုးဗျ။ သူတို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးစော်ကားခြင်းမခံရသေးသ၍ ဗမာဆိုတာ အင်မတန်ပျော်ပျော်နေတတ်တဲ့လူမျိုး။ တစ်ခုတော့ရှိတာပေါ့လေ။ လူအမျိုးအမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း နှိုင်ယှဉ်ပြစ ရာတွေ ကတော့ တစ်ပုံကြီးပေါ့။ ဗမာထဲမှာ လည်း ကိုယ့်တစ်မိသားစုထဲကောင်းစားရေး ကိုကြည့်ပြီးတော့ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာမကျေနပ်မှုတွေကြောင့်ဖြစ်စေ အမျိုး၊ ဘာသာ၊ သာသနာကို သစ္စာဖေါက်တဲ့ ဗမာသစ္စာဖေါက်တွေ လည်း ရှိတတ်တာပေါ့။ ကိုယ့်လူမျိုးတိုးတက်ဖို့အတွက် တခြားလူမျိုးကိုပုတ်ခတ်စရာမလိုပါဘူး။ ကိုယ့်ဘာသာ ကိုယ်သာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားပါလေ။ ကိုယ့်ဘိနပ်နောက်မြီးပြတ်နေ တာနဲ့ တခြားသူတွေရဲ့ဘိနပ်နောက်မြီးတွေလိုက်ဖြတ်ဖို့ကြိုးစားတာဟာ ကိုယ့်လူမျိုး ဂုဏ်တက်မလာပါဘူး။ ဘာပဲဖြစ်ဖြစ် ဗမာဖြစ်ရတာ ကျေနပ်တယ်။ ဗမာသူရဲကောင်းတွေကို ဂုဏ်ယူတယ်။ ဗမာစာကိုချစ်တယ်။ ဗမာယဉ်ကျေးမှုကို မြတ်နိုးလေးစားတန်ဖိုးထားတယ်။ တိုင်းပြည် နဲ့လူမျိုးအတွက် လိုအပ်ရင် အသက်နဲ့ခန္ဓာကိုယ်ကို နှမျောတသခြင်း အလျဉ်းမရှိ ပေမဲ့ ဗမာဆိုတာ ကိုယ့်ကိုနှိပ်စက်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်တွေကိုတောင် မမုန်းဘူး။ ထားပါတော့။ ဗမာ၊ ဗမာနဲ့ ပုတ်ခတ်နေလို့သာပြောနေရတာ ဖြစ်နိုင်ရင် သိပ်မပြောချင်ပါဘူး။ လိုရင်းပြောရရင် စစ်အုပ်ချုပ်ရေးနဲ့သွားရင်တိုင်းပြည်နစ်နာမယ်ဆိုတာ အစိုးရရော မြန်မာ့တပ်မတော်ကပါသိတယ်။ ဒီတော့ ကျွန်တော်တို့ သွားမယ်ဆိုတဲ့ ဒီမိုကရေစီပန်းတိုင်ကိုရောက်အောင်သွားမယ်။ အဲဒီပန်းတိုင်ကိုသွားတဲ့လမ်းခရီးမှာ နှောက်ယှက် ဖျက်ဆီးတဲ့သူမှန်သမျှ ဗမာဖြစ်စေ တိုင်းရင်းသားဖြစ်စေ တစ်မျိုးသားလုံးရဲ့ရန်သူပဲ။ ဒီမိုကရေစီရှေ့ခရီးဆက်မယ် ဆိုပြီး ချေးခြောက်ရေနှူးနေလို့ကတော့ ဘယ်တော့မှခရီးပေါက်မှာမဟုတ်တော့ဘူး။ တိုင်းပြည်ရော လူမျိုးပါ ဆင်းရဲလှပြီ။ ညီအစ်ကိုလိုသဘောထားတဲ့သူကို ညီအစ်ကိုလိုဆက်ဆံမယ်။ ရန်သူလိုသဘောထားရင် ရန်သူလိုဆက်ဆံမယ်။ (ကုလားကြောက်ဗမာ၊ တရုတ်ကြောက်ဗမာလို့ ဆဲရေးပုတ်ခတ်နေတဲ့ တောထဲက အကောင်တွေကိုတော့ တစ်ခွန်းပဲပြောချင် တယ်။ သမိုင်းမရှိဘဲ သွေးတိုးမစမ်းနဲ့ သံခြေကျင်းခတ်ပြီး စစ်တိုက်တဲ့ သူရဲဘောကြောင်တဲ့လူမျိုးမဟုတ်ဘူး မှတ်ထား သဘောက်မသားတွေ။) ဒါဟာ မျက်ကန်းမျိုးချစ်တစ်ယောက်အနေနဲ့ စစ်အာဏာရှင်စနစ်ကိုထောက်ခံနေတာ မဟုတ်ဘူး။ အချိန်တွေ၊ ခေတ်တွေပြောင်းလာပြီ။ ပြီးခဲ့တာတွေပြီးပလေ့စေတော့။ နောင်လာမယ့်အချိန်မှာ အမျိုးသားရေးကိုခုတုံးလုပ်ပြီး တိုင်းပြည်ရောင်းစားမယ့် လူ့ငနွား တွေကိုလည်း နောင်မျိုးဆက်က ကြည့်နေမှာ မဟုတ်တော့ဘူး။ စောင့်ကြည့်ပါ အချိန်က စကားပြောပါလိမ့်မယ်။ လူ့အခွင့်အရေးအကြောင်းတဖွဖွပြောတတ်တဲ့ အမေရိကန်အစိုးရကိုလည်း ပထမဦး ဆုံး ဒေါ်လာငွေစက္ကူပေါ်က In God We Trust ဆိုတဲ့ စာသားကို အရင်ဖြုတ်လိုက် ပါဦးလို့ပဲ ပြောချင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်သမိုင်းကြောင်းနဲ့ အဆင်ပြေမယ့် ဒီမိုကရေစီစနစ်ကိုပဲကျင့်သုံးနိုင်မယ်။ ဆရာတော်တစ်ပါးပြောသလိုပြောရရင် အစိုးရနဲ့တပ်မတော်ဟာ ဆုံးဖြတ်ချက်ချထားတဲ့ အတိုင်း မီးရထားတစ်စင်းလို လမ်းဆုံး ဘူတာမရောက်မချင်း လမ်းကြောင်းအတိုင်း မရပ်မနား ဆက်ပြီးခုတ်မောင်းသွားမှာပဲ။ လိုက်ချင်ရင် ကြိုက်တဲ့ဘူတာက တက်လို့ ရတယ်။ ရထားပေါ်ရောက်ပြီးမှ ဟိုဟာ မကောင်းဘူး၊ ဒီဟာမကောင်းဘူး၊ ဝန်ဆောင်မှုညံ့တယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဝေဖန်လို့လည်းရတယ်။ မကျေနပ်တာလည်းရှင်းလို့ရတယ်။ အဲ.....သွားနေတဲ့ရထားရှေ့ကတော့ ကန့်လန့်ကန့်လန့်နဲ့ ကာဆီးကာဆီး မလုပ်နဲ့ ဖြတ်ကြိတ်သွားလိမ့်မယ်။
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment