Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
တူနေသလားလို့
7:51 AM
ကိုရဲမိုး
No comments
လူမှုကွန်ယက်တွေ ခေတ်စားလာချိန်မှာ … လူမှုကွန်ယက်ပေါ်မှာလဲ … အပြင် လူ့ လောကလိုပဲ … ပဋိပက္ခလေးတွေ အတော်များများတွေ့ လာရပါတယ်… အပြင်လောက နဲ့ မတူတာကတော့ … လူမှုကွန်ယက်မှာ …. လူလုံးမပြရဲတဲ့ အကောင့်အတုနဲ့ ရေးတာနဲ့  … ဘယ်သူဘယ်ဝါပါ ဆိုတာ ဖော်ပြတဲ့ …. အကောင့်အစစ်နဲ့ ရေးတာ ဆိုပြီး … နှစ်မျိုးကွဲနေတာပါပဲ …. တစ်ချို့ ကလဲ ပြောပါသေးတယ် … ရေးတဲ့ စာကပဲ အရေးကြီးတာ … အကောင့်က အရေးမကြီးပါဘူး လို့  ဆိုကြပြီး … တစ်ချို့ ကတော့ … အကောင့်အစစ်ဖြစ်ဖို့ လဲ အရေးကြီးတယ်လို့ … မှတ်ချက် ပေးကြပြန်ပါတယ်… သေချာတာကတော့ … အကောင့်အတုက ရေးတဲ့ စာတွေဟာ … အကောင့်အစစ်လောက် … တာဝန်ယူမှု မရှိနိုင်ဘူး ဆိုတာပါပဲ အကောင့်အတုကို သုံးပြီးရေးသားတဲ့စာတွေဟာ … သာမန် ကဗျာ စာပေ … ပုံတို ပတ်စ ရယ်စရာမောစရာ ဟာသ ရေးမယ် ... နိုင်ငံရေး ဖြစ်စဉ်တွေကို ... ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ရုံ သက်သက်ပဲ ... ဆိုရင်တော့ဖြင့် … သိပ်ပြသနာ မရှိလှပါဘူး…. ဒါပေမယ့် … ဘက်တစ်ဘက်မှာ ရပ်တည်ပြီး .... လူပုဂ္ဂိုလ် အဖွဲ့ အစည်း မူဝါဒတစ်ခုခု ကို … တိုက်ခိုက် ရေးသားတော့မယ် ဆိုရင်ဖြင့် … အကောင့် အစစ် ဖြစ်ဖို့ လိုပါတယ်… ဒါဟာ ကျွန်တော့်အယူအဆပါပဲ … လက်ရှိ မြန်မာပြည်မှာ … အသရေဖျက်မှု … အီလက်ထရောနစ် အက်ဥပဒေ … အစိုးရ လျို့ ဝှက်ချက် အက်ဥပဒေ … စတဲ့  ပုဒ်မတွေဟာ… လူတစ်ယောက် ကို … အဖွဲ့ အစည်းတစ်ခုကို … အသရေပျက်စီးအောင် … ထိခိုက်နစ်နာအောင် ဆိုတဲ့  … ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာကို …. ကာကွယ်ထားတဲ့  ... ပြစ်ဒဏ်ချမှတ်နိုင်တဲ့  ပုဒ်မတွေဖြစ်ပါတယ်…. အကောင့်အစစ်နဲ့  ရေးသားတဲ့သူတွေရဲ့  … စာတွေ စကားတွေဟာ… ဒီပုဒ်မတွေရဲ့ ထိန်းကွပ်ခြင်းအောက်မှာပဲ … ရေးသားရပါတယ်…. တကယ်လို့ ဘောင်ကျော်သွားရင်တော့ … (ကာယကံရှင် သို့ မဟုတ် သက်ဆိုင်ရာ အဖွဲ့ အစည်းနဲ့  ) တရား ရင်ဆိုင်ရ နိုင်ခြေရှိပါတယ် … အကောင့်အတုနဲ့ ရေးတဲ့သူတွေရဲ့ …. စာတွေစကားတွေဟာ… ဘယ်လောက်ပဲ ငါ့စကား ငါတာဝန်ယူတယ် …. ပြောနေသည်ဖြစ်စေ… ဘယ်လိုပဲ အချက်အလက်နဲ့ ရေးတယ် … ဒေတာတွေဘယ်လို ဖော်ထုတ်ရေးသားတယ်လို့  … ကြွေးကြော်နေသည်ဖြစ်စေ … ဘာတာဝန်ယူမှု မှ မရှိဘူးဆိုတာ … သုံးတန်းကလေးတောင် သိနိုင်တဲ့  ကိစ္စ ဖြစ်ပါတယ်… ဘယ်လိုပဲ ကြီးကြီးကျယ်ကျယ် … လေလုံးထွားနေသည်ဖြစ်စေ တကယ် ကျဉ်းထဲကျပ်ထဲ … အခြေအနေတစ်ခုကို ရောက်လာရင် … အကောင့်ပိတ်ပြီး ထွက်ပြေးမှာ… ဓမ္မတာ ပါပဲ … နောက်အကောင့်တစ်ခု ဖွင့်ပြီး … ရေးတော့မှာ သေချာတာပါပဲ …. ဒါ ဘာမှအငြင်းပွားစရာ မရှိပါဘူး … ကျွန်တော်မေးချင်တာ တစ်ခုက … အကောင့်အစစ်နဲ့ ရေးတဲ့သူတွေ … မှားရင်လွန်ရင် … ဥပဒေ နဲ့  ညှိစွန်းရင် … တရားစွဲလိုက် အမှုဖွင့်လိုက်လို့ ရပါတယ် … သူတို့ ရင်ဆိုင်ဖြေရှင်းကို ရှင်းရမှာပါ ... တာဝန်ယူမှု ရှိပြီးသားပါ … အကောင့်အတု နဲ့  ရေးတဲ့ သူတွေကရော… ကိုယ်ပြောတဲ့  ကိုယ်ရေးတဲ့ စာတွေကို … ဘယ်လို တာဝန်ယူမှု တာဝန်ခံမှု ပေးမလဲ .. သိချင်လှပါတယ် … အခုတလော … အကောင့်အတုတွေ က … အကောင့်အစစ်တွေကို …. လွှတ် ခြိမ်းခြောက်နေတာကို တွေ့ မိတော့ …. စိတ်ထဲ တစ်ခုတွေးမိလို့ ပါ … ကိုယ် ဖင် ကျတော့ ... အမှောင်ထဲဖွက်ထားပြီး… သူများ ဖင်ကို မဲတယ်တို့  … ဖြူတယ်တို့  … ကြီးတယ်တို့  သေးတယ်တို့  … ပြောနေတဲ့  သူတွေ နဲ့  တူနေသလားလို့  …
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment