Tuesday, May 13, 2014
ဓါးသွားပေါ်ကပျားရည်စက်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး
အမျိုးသားရေးဝါဒီတွေနဲ့ တစ်ဖက်က လစ်ဘရယ်ဒီမိုသမားတွေ မကြာခဏ စကားများကြတာတွေ့ရမှာပါ။
အခြေခံဥပဒေ ပြင်ဆင်ရေးကို
ကျွန်တော်မကန့်ကွက်ပါဘူး။ ဒီလိုပဲ အမျိုးသားရေး ဝါဒီတွေကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို
ကန့်ကွက်နေတာတော့ မဟုတ်ပါဘူး။ အမျိုးသားရေးဝါဒီတွေ အပြင်းအထန်ကန့်ကွက်နေတာက ပုဒ်မ ၅၉
(စ) ပြင်ဆင်ရေး ကိုပါ။
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး
ပထမဦးဆုံးတရားဝင်ထုတ်ဖေါ်ပြောကြားလာ တာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီ က စပြီးပြောလာတာပါ။
ထားတော့ ဘယ်သူ စပြောပြော ပြင်စရာရှိရင်ပြင်ရမှာပ။
ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေး
နှင်းခဲပျော်ချိန် စာအုပ်ထဲမှာတော့ လာရီဒိုင်းမွန်း Larry Diamond အလိုအရ ပြန်လည်ညှိနှိုင်း
ဆွေးနွေးသင့်တယ်လို့ ယူဆရ တဲ့ ပြဌာန်း ချက်တွေကို အခုလိုဖေါ်ပြထားပါတယ်။ ဒါတွေကတော့
ပုဒ်မ ၂၀ (ခ)၊ ပုဒ်မ ၄၀ (ဂ)၊ ပုဒ်မ ၅၉၊ ပုဒ်မ ၆၀၊ ပုဒ်မ ၁၀၉ (ခ)၊ ပုဒ်မ ၂၀၁၊ ပုဒ်မ
၂၃၂ (ခ) နဲ့ အခန်း ၈ တို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဒီထဲမှာပါတဲ့
ပုဒ်မ ၅၉ နဲ့ ဒီထဲမှာမပါတဲ့ ပုဒ်မ ၄၃၆ အကြောင်းကို နည်းနည်းလောက်ပြောချင်ပါတယ်။
နောက်ပိုင်းတော့ အတိုက်အခံပါတီတွေနဲ့
နိုင်ငံရေးအင်အားစုတွေကြားမှာ အခန်း (၁၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှာ ပါပြီးအချုပ်ဖြစ်တဲ့
ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရမယ်လို့ ပြောသံတွေကြားရပြန်ပါတယ်။
ပုဒ်မ ၄၃၆ (က) ကိုလေ့လာကြည့်တဲ့အခါ
အဲဒီ အပိုဒ် (က) မှာဖေါ်ပြထားတဲ့ အခြေခံ ဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေကို ပြင်ချင်ရင်
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က လက်ခံ သဘောတူပြီးနောက်
ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အား လုံးရဲ့ ထက်ဝက်ကျော်မဲ
(၅၁%) နဲ့သာ ပြင်ရ မယ်လို့တွေ့ရပါတယ်။
ပုဒ်မ ၄၃၆ (ခ) မှာတော့ အထက်
ပုဒ်မ ၄၃၆ (က) မှာဖေါ်ပြထားတဲ့ ပြဌာန်းချက်တွေ ကလွဲလို့ တခြားပြဌာန်းချက်တွေကို ပြည်
ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံဆန္ဒမဲနဲ့သာ ပြင်ရမယ်လို့
ပြဌာန်းထားတာ တွေ့ရမှာ ဖြစ် ပါတယ်။
ပုဒ်မ ၄၃၆ ကိုပြင်ဆင်ချင်တာက
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က လက်ခံ သဘော တူရမယ်ဆိုတဲ့
အချက်ကို အဓိကထားပြင်ဆင် ချင် တာလို့ယူဆရပါတယ်။ သဘောကတော့ တပ်မတော်သား ကိုယ်စားလှယ်
၂၅ ရာခိုင်နှုန်းရဲ့ ဆန္ဒသဘောထားကို ယူစရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်လို့ထင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
တိုင်းပြည်အာဏာကိုအရပ်ဘက်ကိုလွှဲပေးတဲ့အခါ အတိုက်အခံတွေကို စစ်တပ်ကအပြည့်အဝ ယုံကြည်မှုမရှိသေးတဲ့အတွက်
တပ်မတော် သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲမှာထည့်ထားတာဖြစ်ပါတယ်။ ဒီတော့
တပ်မတော်ရဲ့ ဆန္ဒသဘောထားကို ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကနေ တဆင့်ပြောချင်လို့ ထည့်ထားပါတယ်ဆိုမှ
အဲဒီ ၂၅% ကိုဖြုတ်ပြီး ၅၀% ကျော်နဲ့ ဆုံးဖြတ်ဖို့ဆိုတာ လက်ရှိအခြေအနေအရ ဖြစ်နိုင်ခြေရှိမရှိ
စဉ်းစားဖို့လိုပါတယ်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ
တပ်မတော်က ခင်းပေးလိုက်တဲ့ လမ်းကြောင်း အတိုင်းလျှောက်လှမ်းနေရတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိထားပြီး
သား ဖြစ်ပါတယ်။ “ဟေ့…ဒီမိုကရေစီဆိုတာ
စစ်တပ်ကပေးမှရတာမဟုတ်ဘူး။ ငါတို့ဘာသာ သွေးခင်းပြီးယူလာတာကွ…” လို့ ဇွတ်မျက်စိမှိတ်အော်ချင် အော်ခွင့်ရှိပေမဲ့ အဲဒီလိုဇွတ်မှိတ်အော်မယ့်
ပုဂ္ဂိုလ်များကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အုပ်ချုပ်ရေးကာလကို ပြန်ကြည့်ပါလို့ပဲ
ပြောချင်ပါတယ်။
ကျွန်တော် စစ်တပ်ကောင်းပါတယ်လို့
မျက်စိမှိတ်အော်နေတာမဟုတ်ပါဘူး။ ဝန်ထမ်းတွေကို ဆန္ဒတောင်းခံပြီး ဖြုတ်ပစ်ခဲ့တဲ့ စစ်တပ်လုပ်ရပ်ကို
အဲဒီတုန်းကတည်းက မထောက်ခံသလို အခုလည်းမထောက်ခံပါဘူး။ အခုကိစ္စက စစ်တပ်လုပ်တာ မှန်တယ်၊
မမှန်ဘူး၊ ကောင်းတယ်၊ မကောင်းဘူး အငြင်းပွားနေတာမဟုတ်ပါ ဘူး။ ဖြစ်နိုင်ခြေရှိ တာကို
ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားဖို့ပြောတာပါ။
ဆိုခဲ့တဲ့အတိုင်း စစ်တပ်က
သူတို့ဆန္ဒကိုပြောချင်လို့ထည့်ထားတဲ့ ၂၅% ကိုဖြုတ်ပစ်မယ် ဆိုရင် (လူကိုမဖြုတ်ပစ်ဘဲ ဆန္ဒမဲကို
ဖြုတ်ပစ်တာလည်း လူကိုဖြုတ်ပစ်တာနဲ့ အတူတူ ပါပဲ။) စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်သလိုဖြစ်သွားမှာပါ။
မြန်မာ့နိုင်ငံရေးသမိုင်း သင်ခန်း စာများအရ စစ်တပ်နဲ့ထိပ်တိုက်ရင်ဆိုင်လို့ ဘာအကျိုးကျေးဇူးမှမရပါဘူး။
လက်ရှိ အခြေအနေက ပိုလို့တောင် အလေးဂရု မူရမယ့်အချိန်ဖြစ်ပါတယ်။
ဟုတ်ကဲ့….အခြေခံဥပဒေပါ ပြဌာန်းချက်များကိုပြင်ဆင်ရာမှာ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်ရဲ့ ထောက်ခံ မဲနဲ့ပြင်ရမယ်
ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၅၀
ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမဲနဲ့ပြင်ရမယ်လို့ ပြင်ဆင်ချင်တာဆိုရင်တော့ ဒါဟာ စစ်တပ်ကိုစိန်ခေါ်လိုက်တာနဲ့
အတူတူပါပဲ။
လုပ်သင့်၊ မလုပ်သင့်၊ ဖြစ်နိုင်၊
မဖြစ်နိုင် စဉ်းစားကြပေါ့ခင်ဗျာ။ တစ်ခုခုဖြစ်လို့ခံရရင် တစ်တိုင်းပြည်လုံးခံရမှာပါ။
တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ ဦးဆောင်သွားချင်ပါ တယ်ဆိုတဲ့ နိုင်ငံရေးသမားများရဲ့
အမြော်အမြင်ကြီးမှုကို ကျွန်တော်ကတော့စောင့် ကြည့် ချင်ပါတယ်။
နောက်တစ်ခုကတော့ အများသိ
ပုဒ်မ ၅၉ (စ) ပဲဖြစ်ပါတယ်။ ကိုင်း…ကြည့်ရအောင်….။ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦး သော်
လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း
နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏
လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံ သားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည်
နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ် သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံ သားသော်လည်းကောင်း
ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ
မဖြစ်စေရ” လို့ ပုဒ်မ ၅၉ (စ)မှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။
အတိုက်အခံအဖွဲ့ဘက်က ဒီပုဒ်မဟာ
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင်လို့ စစ်တပ်ကရည်ရွယ်ပြီးရေးထားတာလို့ စွပ်စွဲ ပါတယ်။
ဒါ့အပြင် သူတို့ရဲ့အကြောင်းပြ ချက် နောက်တစ်ခုက အရင်ရှိခဲ့တဲ့ အခြေခံဥပဒေတွေမှာတောင်
ဒီလိုပြဌာန်းချက်တွေ မပါဘူး ဆိုတာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ အရင်တုန်းက အချိန်မရလို့သော်လည်းကောင်း၊
မလိုသေးလို့သော် လည်းကောင်း ထည့်မဆွဲခဲ့တာနေမှာပါ။ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေတောင်
၁၉၈၂ မှဆွဲရတာလေ။ လိုအပ်တဲ့အချိန်ဆွဲမှာပေါ့။ ၁၉၄၇ အခြေခံဥပဒေဆွဲတုန်းက လူဦးရေ သန်း
၂၀ တောင်မပြည့်သေးပါဘူး။ ဒီလိုပဲ ၁၉၇၄ အခြေခံဥပဒေဆွဲတော့လည်း လူဦးရေ သန်း၃၀ မကျော်သေးပါဘူး။
အခု လူဦးရေ သန်း ၆၀ ဝန်းကျင်လေ။ ဘယ်တူပါ့မလဲ။
ပုဒ်မ ၅၉ (စ) ကို ပြင်လိုက်ရင်
ဒေါ်အောင်ဆန်းစုကြည်သာမက နောင်မှာ တရုတ်၊ ကုလားနဲ့ တခြားနိုင်ငံခြားသွေးပါသူတွေဟာ မြန်မာနိုင်ငံရဲ့
သမ္မတဖြစ်လာနိုင်ပါတယ်။ ပုဒ်မ ၅၉ (စ) ဟာ ဒီလိုမဖြစ်အောင်ကာကွယ်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်
တစ်ယောက်တည်းကို ရည်ရွယ်ပြီးရေးဆွဲထားတာလို့ ကျွန်တော်တော့မယုံကြည်ပါဘူး။
အေဒီ ၂ ရာစုကပဲ စစ၊ အေဒီ
၁၁ ရာစုကပဲ စစ မြန်မာပြည်ကို ဗမာမင်းနဲ့ ရှမ်းဗမာ ကပြားမင်း (ငါးစီးရှင်ကျော်စွာတို့
ညီအစ်ကို တစ်သိုက်) တွေက အုပ်ချုပ်ခဲ့ကြတာပါ။ ဘယ်သူပဲ အုပ်ချုပ်ခဲ့ အုပ်ချုပ်ခဲ့ မင်းတိုင်းဟာ
ဗုဒ္ဓဘာသာဝင် မင်းတွေချည်းဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့
လွတ်လပ်ရေးကြေညာစာတမ်း Independence Declaration မှာကိုက All men are created
equal နဲ့စတာပါ။ နိုင်ငံတော်ဆောင် ပုဒ်က ဒေါ်လာငွေမှာထည့်သွင်းပုံနှိပ်ထားတဲ့ In
God We Trust ပါ။
စကားစပ်လို့ ပြောရရင် လူသားကို
အင်္ဂလိပ်လို Human Being လို့ခေါ်တာ သိကြမှာပါ။ ဘာဖြစ်လို့အဲဒီလိုခေါ်တယ်ဆိုတာလေး
Sharing လုပ်ချင်ပါတယ်။ Being ဆိုတာ Be လို့အလွယ်ခေါ်ကြတဲ့ Verb to be ရဲ့ V+ing ပုံစံပါ။
အင်္ဂလိပ်ဝါကျမှာ Passive Voice ရေးတဲ့အခါ Verb to be နဲ့ V3 လို့အလွယ်ခေါ်ကြတဲ့ Past
Participle တို့ကို တွဲရေးရပါတယ်။ အဓိပ္ပာယ်ကတော့ တစ်စုံ တစ်ခု ပြုလုပ်တာကိုခံရတဲ့ အဓိပ္ပာယ်ပါ။
ဒီတော့ Human Being ဆိုတာ ဖန်ဆင်းခံလူသားလို့အဓိပ္ပာယ်ရပါတယ်။ ဒါက ခရစ် ယာန် ဘာသာရေးစာအုပ်တစ်အုပ်ကနေ
ဖတ်ခဲ့ဖူးတာပါ။ Human Doing မဟုတ် Human Being လို့ဆိုပါတယ်။
ပြန်ကောက်ရရင် ဒီမိုကရေစီစနစ်နဲ့သွားမယ်ဆိုပေမဲ့
ကျွန်တော်တို့နိုင်ငံဟာ အမေရိကန်၊ သြစတေးလျ၊ ဟောင်ကောင်၊ ကိုးရီး ယား တို့လိုနိုင်ငံမျိုးတော့
မဖြစ်နိုင်ပါဘူး။ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ဗမာတွေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ တိုင်းပြည်
ကံကြမ္မာအရ ဆင်းရဲခဲ့ရပေမဲ့ ဗမာတွေဟာ သူတို့ဘိုးဘေးတွေရဲ့အမွေဖြစ်တဲ့ ဗုဒ္ဓဘာသာက သင်ကြားပေးထားတဲ့လွတ်လပ်မှုကို
အင်မတန်မြတ်နိုးပါတယ်။
မြတ်စွာဘုရားရဲ့ ကာလာမသုတ်ထဲမှာပါတဲ့
“ မိမိကိုးကွယ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကပြော တဲ့စကားကိုလည်း မယုံကြည်လေနဲ့ဦး” ဆိုတဲ့ အဆုံးအမကို ဗမာတွေဟာ အင်မတန် တန်ဖိုးထားပါတယ်။
ဗကပ ကော် ၈၁၅ ရဲ့ ရင်းနိုင်ငံရေးမှူးဟောင်း ဆရာသန်းစိုးနိုင် တော်ဝင်နှင်းဆီ မှာပြောသွားတာလေး
ကျွန်တော့်နားထဲ အမြဲလိုလိုစွဲနေပါတယ်။ “ဘာ Critical Thinking လဲ၊ ဘာတွေများ ထူးဆန်းလို့လဲ၊
ဘာများဆန်းသစ်လို့လဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာဘုရား က ဟောသွားခဲ့ပြီးပြီ
ဝိဘဇ္ဇဝါဒတဲ့။ ” အဲဒီတုန်းက ကျွန်တော်ဆရာသန်းစိုးနိုင် ကိုငေးကြည့်နေမိတယ်၊ ဒါ ကော်
၈၁၅ ရဲ့ ရင်းနိုင်ငံရေးမှူးလုပ်ခဲ့တဲ့ ကွန်မြူနစ်ကြီး တစ်ယောက်တဲ့လား။
ပြောရမယ်ဆိုရင် ဆင်းရဲလွန်းလို့
မာနတွေကျိုးပဲ့သွားတဲ့သူတချို့တလေနဲ့ Sex Worker တွေကလွဲရင် ဗမာတွေဟာ တိုင်းရင်း သား
အချင်းချင်းကလွဲလို့ ကျန်တဲ့ လူမျိုးခြားနဲ့သွေးနှောဖို့ကိစ္စကို အင်မတန်စက်ဆုပ်ပါတယ်။
ဒီတော့ သူတို့ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်မယ့် နိုင်ငံတော်သမ္မတကိုလည်း မုတ်ဆိတ်ကြီးတွေ၊
မျက်ပေါက်မှေးကြီးတွေ၊ ငတက်ပြားနှာခေါင်းကြီးတွေကို မလိုချင် ကြပါဘူး။
တချို့ကပြောတယ် ဘယ်မြန်မာနိုင်ငံသားက
နိုင်ငံခြားသားကို သမ္မတအဖြစ် တင်မြှောက်မှာလဲတဲ့။ ဟုတ်ကဲ့ တံခါးမပွင့်သေး လို့ ပါ။
တံခါးဖွင့်လိုက်ရင် ဝုန်းခနဲ ဝင်လာကြမှာပါ။ တချို့များဆို ဆိုးတဲ့နိုင်ငံသားထက် ကောင်းတဲ့နိုင်ငံခြားသား
အုပ်ချုပ် တာ ပိုမ ကောင်းဘူးလားတဲ့။ ဘုရား ဘုရား ရုတ်တရက်ကြည့်လိုက်ရင် ဟုတ်သလိုလိုနဲ့
ထွက်ရဲလိုက်တာ၊ ပြောရဲလိုက်တာ။ ကာကွယ် ရေးဦးစီးချုပ်ဟာ သမ္မတ ရဲ့အောက်မှာရှိရမယ်လို့
တဖွဖွပြောနေတဲ့သူတို့ဟာ ကျွန်တော်တို့ တပ်မတော်ကြီး တစ်ခုလုံးကို တရုတ်၊ ကုလား၊ ငတက်ပြားတွေရဲ့လက်အောက်ကို
သွပ်သွင်းနေ တာပါကလား။ မြန်မာ့တပ်မတော်ကြီးဟာ တရုတ်၊ ကုလား၊ ငတက်ပြား တွေရဲ့အမိန့်ကို
နာခံရမယ့်ကိန်းပါလား။
နိုင်ငံခြားသားတို့၊ နိုင်ငံခြားသွေးပါတာတို့၊
နိုင်ငံခြားကျေးဇူးသစ္စာစောင့်သိတဲ့သူတို့မပြောနဲ့ တပ်မတော်ထဲမှာ အလံကိုင်သစ္စာ ဆို ခဲ့တဲ့
အောင်လင်းထွဋ်တို့ စိုင်းသိန်းဝင်း တို့တောင် နိုင်ငံတော်ကို သစ္စာဖေါက်သွားကြသေးတာကလား။
သူတို့ကတော့ပြောမှာပါ။ သူတို့နိုင်ငံတော်ကို
သစ္စာဖေါက်တာမဟုတ်ပါဘူး။ စစ်အာဏာရှင်ကိုသာ သစ္စာဖေါက်တာပါလို့ပြောကြ မှာပေါ့။
စစ်အာဏာရှင်ဆိုလို့ပြောရဦးမယ်။
အများပြောသလို စစ်အာဏာရှင်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အခုဆို အသက် ၈၅ ဝန်းကျင်လောက်ရောက်နေပါပြီ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကဆို ၇၅ နှစ်ပေါ့ဗျာ။ အဲဒီတုန်းက ၇၅ နှစ်လောက် ရှိတဲ့
အဖိုးအိုကြီးတစ်ယောက်ကို အားကောင်းမောင်းသန်စစ်ဗိုလ်ချုပ်ကြီးတွေက အာဏာရှင်ကြီးသဖွယ်ကြောက်နေကြတယ်ဆိုတာ
ဟုတ်ကောဟုတ်ရဲ့လားလို့ ကျွန်တော်တော့စဉ်းစာမိတယ်။
လူတိုင်းခါးမှာ ဗြောက်အကောင်းစားတွေချိတ်ထားကြတာဗျာ၊
ကန်တော့ပါရဲ့ ငါတို့ကို နိစ္စဓူဝ ညှင်းဆဲ နေတဲ့ အဖိုးကြီးဆိုပြီး ရှင်း ပစ်လိုက်လို့မရဘူးလား။
သူကတစ်လက်ထဲ ဗျာ။ ဘေးနားက စစ်ဗိုလ်ချုပ်တွေရဲ့ခါးမှာ အလက် ၂၀ ကျော်လောက်ရှိတာ။ ပြီး
တော့ ဗိုလ်ချုပ်မှူးကြီးက ကောင်းဘွိုင်မင်းသား ကလင့်အိဝုဒ်လည်း မဟုတ်သ လို ဟောင်ကောင်က
ဂျက်လီလည်းမဟုတ်ဘူး၊ စပိုက်ဒါမန်းလည်းမဟုတ်ဘူး၊ လုပ်လို့ မရဘူးလား။ သိပ်ရတာပေါ့။ ရရင်ဘာလို့အဲဒီလိုမလုပ်သလဲ။
ဦးနှောက်ရှိရင် စဉ်းစား ကြည့်ပေါ့ဗျာ။
ကိုယ်လိုရာကိုယ်ဆွဲတွေးပြီးရောကြိတ်ရင်လည်းမတတ်နိုင်ဘူး။
ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးတပည့်ရင်းမဟုတ်သလို ဖိုးလပြည့် နဲ့လည်းမရင်းနှီးပါဘူး။
စစ်တပ်ကထွက်လာတော့ လုပ်သက်ဆုကြေးကလွဲလို့ ပင်စင်တောင်မရဘူး။ အခုထိမြေတစ်ကွက်မရှိပါ
ဘူး။ အဲ…စားစရာမရှိပေမဲ့ ဦးနှောက်ကိုတော့ အလကားမထားတတ်ဘူး။ ဒီလိုပဲတွေးကြည့်ကြတာပေါ့။
အော်…ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်သမျှ အကုန်ကောင်းတယ်ပြောနေတာ
မဟုတ် ဘူးနော်။ သူလည်းလူပဲ မှားတာတွေရှိမှာပေါ့။ လောကကြီးမှာ တစ်ခါမှ မမှားဖူးဘူး ဆိုတဲ့သူပြစမ်းပါဦး။
ခင်ဗျားတို့တွေက စစ်အာဏာရှင်ဆိုလို့သာ အာဏာရှင်လိုက်ရတာ၊ ကျွန်တော်ကတော့ စစ်အုပ်ချုပ်ရေးဆိုတာကိုလက်ခံတယ်၊
စစ်အာဏာရှင်ဆိုတာ လက်မခံပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာရှင်ဆက်ဒမ်ဟူစိန်လို
သူ့အမိန့် မနာခံတဲ့ စစ်ဗိုလ်ချုပ်ကိုအခန်းထဲခေါ်ပြီး ပစ္စတိုနဲ့ပစ်သတ်လိုက်တယ်လို့လည်း
တစ်ခါမှ မကြားဖူးပါဘူး။
စိန်စီသောညအခွေကြည့်ဖူးပါတယ်။
တိုင်းပြည်ကဆင်းရဲပြီး သူ့သမီးတော်တွေ ဒီလိုဝတ်စားပြတာတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့
ထိုင်းကရှပ်နီတွေပြော သလိုပြောရရင် “ဘယ်ကောင်တက်တက် သူခိုးချည်းပဲ၊ အေး ဒါပေမဲ့ သက်ဆင်က
ငါတို့ဆင်းရဲ သားတွေကို ကြည့်သေးတယ်…”
တဲ့။ အော်… ဗိုလ်ချုပ်မှူးကြီး ဆင်းရဲ သားတွေကိုကြည့်သေးတယ်လို့ပြောတာမဟုတ်ဘူးနော်၊
ဘယ်သူမှမကင်းဘူး လို့ပြောတာပါ။
ကိုင်း ပြောရင်းဆိုရင်း လမ်းကချော်သွားပြန်ပြီ။
ပြန်ဆက်ရအောင် ပုဒ်မ ၅၉ (စ) ဆိုတာ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ဆက်နွယ် နေပါတယ်။ စစ်အုပ်ချုပ်ရေးကို
မုန်းလို့ရပါတယ်။ ကျွန်တော်လည်းမကြိုက်ပါဘူး။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးမုန်းတယ် ဆိုပြီး
နိုင်ငံ တော်ကာ ကွယ်ရေးအတွက်ထားထားတဲ့ ဒုံးကျည်တွေပင်လယ်ထဲသွားလွှင့်ပစ် လို့တော့ ဖြစ်ဘူးလေ။
ဒီလိုပဲ စစ်အစိုးရ လက် ထက်မှာ ဆွဲခဲ့တဲ့ ဥပဒေထဲက ပြဌာန်း ချက်ဆိုပြီး အကုန်လျှောက်ဖျက်လို့တော့
ဘယ်ဖြစ်ပါ့မလဲ။ ဒီဥပဒေဟာ ငါတို့နိုင်ငံ သားတွေ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေလား၊
အကျိုးယုတ်စေတဲ့ ဥပဒေလားဆိုတာတော့ လေ့လာဦးမှပေါ့။
သမ္မတကိစ္စအသာထားပါဦး။ လောလောဆယ်
ထင်သာမြင်သာရှိတဲ့ ဘူးသီးတောင် -မောင်းတောကိုကြည့်။ ကျွန်တော်တို့ ခင်ဗျား တို့ မနည်းပြန်တည်ဆောက်ရဦးမယ်။
အခုအချိန်က သွေးတိုးတွေ၊ နှလုံးတွေစမ်းနေတဲ့အချိန်ဗျ။ တလောက ဘင်္ဂလားဒေ့ရှ်က ဂျာနယ်လစ်
ပေါက်ကရပြောတော့ ဦးကိုနီတို့၊ ကိုမြအေးတို့ ဘာတွေထပြောကြသ လဲ၊ ပြည်ထောင်စုကိုမထိနဲ့
အသက်ပေးပြီး ကာကွယ်သွားမတဲ့။ ဟင်း…ဟင်း
လှစ်လှစ်ကလေးနော်။ ခင်ဗျားတို့ ဝူးဝါးဝူးဝါးသမားတွေလောက်တော့ သနားတယ်။
စကားစပ်လို့ အမျိုးသားရေးဝါဒီတွေကို
ပြောချင်သေး တယ်။ ဒေါ်စုကိုလည်းရမ်းပြီး အပြစ်မတင်ပါနဲ့၊ အိုဘားမားကိုလည်း အပြစ်တင်
မစောပါနဲ့။ သူတို့ ဇာတ်ရုပ်က ဒီနေရာမှာ ဒီစကားပဲပြောရမှာလေ။ ပြောသမျှစကားတိုင်းဟာ သူတို့ရင်ဘတ်ထဲက
စကား တွေပါလို့ ခင်ဗျားတို့ အပ်ချမတ်ချပြောနိုင်လို့လား။
ဒီလိုပဲ လစ်ဘရယ်သမားတွေကိုလည်းပြောချင်ပါတယ်။
ခင်ဗျားတို့က လစ်ဘရယ်ဆိုရင် ကျွန်တော်တို့က ကွန်ဆာဗေးတစ်တွေပဲ ထားလိုက်ပါတော့။ ကျွန်တော်တို့
၅၉ (စ) မပြင်ချင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေ့ချင်လို့ လုံးဝ (လုံးဝ)
မဟုတ်ဘူး။
ဆရာတော်ဦးဝီရသူပြောသလိုပဲ
၅၉ (စ) ကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း အတွက်ပဲ ပြင်လို့ရမယ်ဆိုလို့ကတော့ အိုး…ဘယ်ပြောကောင်းမလဲ ။ ကောင်းလှောင့်တေး …ကောင်းလှောင့်တေးပေါ့ဗျာ။
ဒါမှမဟုတ်လည်း နိုင်ငံတော်၏အကျိုးငှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း
၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအတွက် ပုဒ်မ ၅၉ (စ) ကင်း လွတ်ခွင့်ပြုရန်
ပြည်ထောင်စုလွှတ်တော်၏ အထူးအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်လိုက်သည် ဆိုလည်းလက်ခံပါတယ်။
အသိဉာဏ်အမြော်အမြင်ရှိရင်
မြန်မာတိုင်းရင်းသားမှန်သမျှ (ဗမာအပါအဝင် တိုင်းရင်းသားအားလုံးကို ဆိုလိုပါတယ်။) ၅၉
(စ) ဘာ့ကြောင့်ပြဌာန်းထားတယ် ဆိုတာ မြင်နိုင်ပါတယ်။ ဒါဟာ လူတစ်ဦးတစ်ယောက်တည်း အတွက်
ရေးဆွဲပြဌာန်း ထားတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့တစ်မျိုးသားလုံးရဲ့ National
Identity အမျိုးသားရေးသွင်ပြင်လက္ခဏာတွေ ပျောက်ပျက်သွားမှာ စိုးလို့ပါ။
၅၉ (စ) ကို ပြင်ချင်တဲ့သူတွေကို
ကျွန်တော်မကြာခဏမေးဖူးပါတယ်၊ ၅၉ (စ) ဖြုတ်လိုက်လို့ဒေါ်စုသမ္မတဖြစ်သွားတယ်ထားဦး၊ ဒေါ်စုသက်တမ်းကုန်လို့
တစ်ချိန်ချိန်မှာ နောင်တက်လာမယ့်သမ္မတလောင်းတွေထဲက တစ်ယောက်ယောက် ဟာ နိုင်ငံခြားသား
တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ပတ်သက်နေတယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုကာကွယ်ကြမှာလဲဆိုတော့
တစ်ယောက် မှ ရှင်းရှင်းလင်းလင်း မဖြေနိုင်ကြဘူး။
ဒေါ်စုကိုသမ္မတဖြစ်စေချင်တဲ့
သူတို့ဆန္ဒကိုကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒါက ခံစားချက်ပါ။ ခံစားချက်တွေဟာ တစ်ခါ
တလေ လက်တွေ့ဘဝမှာ ကောင်အထည်ဖေါ်ဖို့ ခက်တယ်ဆိုတာ တွေ့ရမှာပါ။
ဆယ်စုနှစ်တစ်ခုစာလောက် ကျွန်တော်တို့ပျော်ရွှင်ပြီး
ကျွန်တော်တို့ခင်ဗျားတို့ သားသမီးမြေးမြစ်တွေကို တစ်ချိန်ချိန်မှာ တရုတ်၊ ကုလား၊ ငတက်ပြားတွေ
လက်ထဲ ထိုးအပ်ခဲ့မလို့လား။ မျက်တောင်မွေးတစ်ဆုံးမကြည့်ကြပါနဲ့ဗျာ၊ မျက်စိတစ်ဆုံးကြည့်ကြစေချင်
ပါတယ်။
ကျွန်တော်တို့ဒေါ်စုကို မမုန်းပါဘူး။
ဗိုလ်ချုပ်သမီးဗျာ။ ဘယ့်နှယ်မုန်းရမှာ လဲ။ ဒေါ်စုအတွက်ဆိုပြီး ဖွင့်လိုက်တဲ့ အမျိုးသား
ကာကွယ်ရေး ခံတပ်တံခါး ကနေ နောက်ဆက်တွဲဝင်လာမယ့် အန္တရာယ်တွေကို ကာကွယ်နေတာပါဗျာ။
အဲဒီအန္တရယ်က လောင်းကြေးထပ်လို့မရဘူး၊
ရှုံးရင် ခင်ဗျားတို့ ကျွန်တော်တို့ပေးလိုက် ရမှာက တိုင်းပြည်နဲ့လူမျိုးလေ…၊ ပျားရည်ကချိုပါတယ်၊ ဒါပေမဲ့ လျက်ရမှာက အရောင်တလက်လက်ထနေတဲ့
ဓားသွားပေါ်မှာ…..။ ။
(၁၃၅ မျိုးသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကိုရည်ညွှန်းပြီး
ဒီစာကိုရေးပါတယ်။)
Subscribe to:
Posts (Atom)