Monday, February 23, 2015


နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်ကို CT Scan ဖတ်ကြည့်ရာမှ ခန္ဓာကိုယ်အတွင်း မံမီပြုလုပ်ထားသည့် ရဟန်းတစ်ပါး၏ ရုပ်ကြွင်းတွေ့
နှစ်ပေါင်း ၁၀၀၀ ကျော်သက် တမ်းရှိ ဗုဒ္ဓဆင်းတုတော် တစ်ဆူအတွင်း မမ်မီ ပြုလုပ်ထားသော ရဟန်းတော် တစ်ပါး၏ရုပ်ကြွင်းကျန်ရစ်နေသည်ကို CT Scan ရိုက် စစ်ဆေးမှုများ အရ တွေ့ရှိခဲ့ရသည်။
ထို့အပြင် ထိုရုပ်ကြွင်း၏ခန္ဓာ ကိုယ်အစိတ်အပိုင်းများနှင့် ထိုအစိတ်အပိုင်းများ၏ ပိုင်ရှင် မည်သူဖြစ် သည် ကိုပါသိခဲ့ရသည်။
Nederland Times သတင်းတွင် ဖော်ပြချက်အရ ထိုခန္ဓာကိုယ် အစိတ်အပိုင်းများပိုင် ရှင် ဗုဒ္ဓဘုန်းတော်ကြီးသည် တရုတ် ကမ္မဋ္ဌာန်းကျောင်းမှ ဆရာတော် Liuquan ဖြစ်ပြီး ဆရာတော် သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၅၀ မှ ၁၁၅၀ အတွင်း အသက်ရှင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထိုဗုဒ္ဓဆင်းတုတော်သည် တရုတ် နိုင်ငံမှဖြစ်ပြီး ယင်းကို Drents ပြတိုက်တွင် ၂၀၁၄ ခုနှစ်၌ ပြုလုပ်ခဲ့ သည့် မံမီပြပွဲ၌ပြသခဲ့သည်။
ထိုဗုဒ္ဓဆင်းတုတော်အား အစာ အိမ်အူလမ်းကြောင်းနှင့်အသည်း ဆိုင်ရာ ဆရာဝန်တစ်ဦး၊ ဓာတ်ရောင် ခြည်ပညာရှင်တစ်ဦး၊ ဗုဒ္ဓယဉ်ကျေးမှု ပညာရှင် တစ်ဦးနှင့် ဆေးရုံဝန်ထမ်း များပါဝင်သောအဖွဲ့တစ်ခုက လေ့လာ မှုတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းတွင် CT စကင်ရိုက်ခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါများကို ကြည့်ရှုစစ်ဆေး သည့်ကိရိယာဖြင့် စစ်ဆေးခြင်းတို့ ပါဝင်ခဲ့သည်။
ခန္ဓာကိုယ်တွင်းလေ့ လာမှုတွင် ဗုဒ္ဓဆင်းတုတော်၏ အ ပေါက်ငယ်တစ်ခုဆီမှ အတွင်းပိုင်း သို့ ကင်မရာသွင်းကာ လေ့လာခဲ့သည်။
ထိုသို့လေ့လာမှုပြုလုပ်ခဲ့ပြီး နောက် အံ့အားသင့်ခဲ့ရသည်။ အ ကြောင်းမှာ မံမီပြုလုပ်ထားသော ဘုန်းတော်ကြီး၏ ကိုယ်တွင်းခန္ဓာအစိတ်အပိုင်း များ နေရာတွင် ဆွေး မြည့်နေသောအရာ များ၊ ရှေးဟောင်း တရုတ်စာများရေး ထိုးထားသည့် စာရွက်အပိုင်းအစများကို မြင်တွေ့ ရခြင်းကြောင့်ဖြစ်သည်။
ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား မံမီပြုလုပ်ရန်အတွက် ကိုယ်တွင်း အစိတ်အပိုင်းများကို ဖယ်ရှား ခဲ့ခြင်းဖြစ်နိုင်သည်ဟု ပညာရှင်များ ခန့်မှန်းသည်။ လေ့လာသူများက ၎င်းတို့ အတည်မပြုနိုင်သေး သည့် ဆွေးမြည့်နေသော ပစ္စည်းများ၏ နမူနာအချို့ကို ထုတ်ယူခဲ့သည်ဟု လည်း သိရသည်။
လေ့လာသူများက ၎င်းတို့၏ CT စကင်ရိုက်ရာမှ ရရှိသည့်ရလဒ် များနှင့် ဆရာတော် Liuquan ၏ ဘဝဇာတ်ကြောင်းနှင့်ပတ်သက်သည့် တွေ့ရှိမှုများ ကို မကြာမီထုတ်ပြန်ပေး မည်ဟုလည်း ပြောကြားခဲ့သည်။

credit to: သတင်းပေါင်းချုပ်

0 comments:

Post a Comment